Home သတင်း တိုင်းရင်းသား လူမျိုးစုများ ပညာ‌ရေးအတွက် (၅)ကြိမ်‌မြောက် ‌ကျောင်းဆရာဖြစ်သင်တန်း ဖွင့်လှစ်

တိုင်းရင်းသား လူမျိုးစုများ ပညာ‌ရေးအတွက် (၅)ကြိမ်‌မြောက် ‌ကျောင်းဆရာဖြစ်သင်တန်း ဖွင့်လှစ်

1723
ဇွန် ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာနိုင်ငံရှိ တိုင်းရင်းသား‌ဒေသများအတွင်း ပညာ‌ရေး လိုအပ်ချက်အတွက် အရည်အချင်းရှိ‌သော ‌ကျောင်းဆရာများ ‌မွေးထုတ်‌ပေးရန် ရည်ရွယ်ချက်ဖြင့် (၅)ကြိမ်‌မြောက် ‌ကျောင်းဆရာဖြစ်သင်တန်း (Teacher Preparation Center)ကို ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့၊ မယ်ပ‌ကျေးရွာရှိ TPC သင်တန်း‌ကျောင်း၌ ဇွန် ၈ရက်‌နေ့က ဖွင့်လှစ်ခဲ့သည်။

ယခုနှစ်အတွက် အဆိုပါ သင်တန်းတွင် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရှမ်း(သျှမ်း)၊ တ‌အောင်း(ပ‌လောင်)၊ ပအိုဝ်း၊ ဇိုမီး၊ လားဟူ၊ နာဂနှင့် နယ်စပ်ရှိ ‌ရွှေ့‌ပြောင်း‌ကျောင်းသားများအပါအဝင် သင်တန်းသူ သင်တန်းသား ၇၅ဦး တက်‌ရောက်ခဲ့ကြပြီး သင်တန်းဆရာ(၇)ဦးဖြင့် ‌ကျောင်းဆရာတတ်ကျွမ်းမှု ပညာ၊ ‌ကျောင်းဆရာကျင့်ဝတ်၊ အ‌ခြေခံ အဂင်္လိပ်စာ၊ ကွန်ပျူတာနှင့် ယဉ်‌ကျေးမှုချင်း ဖလှယ်မှုများကို (၁၀)လကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

TPC ‌ကျောင်းအုပ်ဖြစ်သူ ‌စောအဘိုင်းက “အခုနှစ် သင်ကြားမှုအပိုင်းမှာ‌တော့ ‌ခေါင်းစဉ်က အရင်နှစ်နဲ့နည်းတူ ဖြစ်‌ပေမယ့် လုပ်‌ဆောင်ချက် မှတ်တမ်းတင်မှုအပိုင်းမှာ ပိုပြီးလုပ်‌ဆောင်သွားမယ်။ သင်တန်းပြီးရင် သူတို့‌ဒေသကို ပြန်ပြီးလုပ်ကိုင်သွားမှာဖြစ်တဲ့အတွက် လက်‌တွေ့ပိုင်းမှာ ပိုပြီး လုပ်‌ဆောင်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်းသားတစ်ဦးဖြစ်သူ နာဂ‌ဒေသ၊ နန်းယွန်းမြို့နယ်မှ ‌လောင်ထွန်းကလည်း “ကျ‌နော်တို့ ‌ဒေသက ပညာ‌ရေးပိုင်းမှာ အများကြီး ‌နှောင့်‌နှေးတယ်။ ကားလမ်း‌ပေါက်တဲ့‌နေရာ‌တွေပဲ နည်းနည်းအဆင်‌ပြေတယ်။ ဒါ‌ကြောင့် ပညာ‌ရေးအားနည်းတဲ့ ‌ဒေသ‌တွေကို တဖက်တလမ်းက‌နေ ပြန်ပြီး အကူအညီ‌ပေးဖို့ ဒီသင်တန်းကို လာတက်တာဖြစ်တယ်။ လုပ်နိုင်ဖို့လည်း အများကြီး ကြိုးစားရအုံးမယ်”ဟု ‌ပြောသည်။
TPC 02
ယခင်နှစ်များက သင်တန်းပြီးသွားသည့် သင်တန်းသူ သင်တန်းသားအများစုသည် ၎င်းတို့ အရပ်‌ဒေသများသို့ ‌ကျောင်းဆရာ၊ ‌ကျောင်းဆရာဖြစ် သင်တန်းဆရာနှင့် ရုံးလုပ်ငန်းတို့တွင် ပြန်လည် လုပ်ကိုင်လျှက်ရှိ‌သော်လည်း အစိုးရ၏ တရားဝင် သတ်မှတ်ထား‌သော လက်မှတ်မရှိသဖြင့် အခက်အခဲများစွာ ကြုံ‌နေရသည်ဟု သိရသည်။

TPC ‌ကျောင်းတွင် ယမန်‌နေ့က ပြုလုပ်သည့် ၎င်းသင်တန်းဖွင့်ပွဲတွင် Eastern Burma Community Schooling Project (EBCS)၊ မြန်မာ့‌ရွှေ့‌ပြောင်း‌ဒေသ ဆရာ၊ ဆရာမများ အစည်းအရုံး (BMTA)၊ နာဂအ‌ရှေ့ခြမ်း ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့ (ENDO)နှင့် သင်တန်းသူ သတင်းသားများ အပါအဝင် စုစု‌ပေါင်း ၁၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

ဆရာဖြစ်သင်တန်း (TPC)ကို နယ်စပ်နှင့် တိုင်းရင်းသား‌ဒေသတို့တွင် ပညာ‌ရေးလိုအပ်ချက်အတွက် အရည်အချင်းရှိ‌သော ‌ကျောင်းဆရာများ ‌မွေးထုတ်‌ပေးရန် World Education, Global neighbor ၊ ‌ရွှေ့‌ပြောင်း မြန်မာအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ (BMWEC)၊ BMTA တို့မှ ကမကထပြုပြီး ၂၀၁၁ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။