Home သတင်း KAF ဖွဲ့စည်းခြင်းအ‌ပေါ် KNU နှင့် DKBA ‌ကြေညာချက်များထုတ်ပြန်

KAF ဖွဲ့စည်းခြင်းအ‌ပေါ် KNU နှင့် DKBA ‌ကြေညာချက်များထုတ်ပြန်

2735

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားလက်နက်ကိုင် ‌တော်လှန်‌ရေးတပ်ဖွဲ့ ၄ဖွဲ့က ‌ကော်သူး‌လေတပ်မ‌တော်(KAF)အဖြစ် ‌အောက်တိုဘာလ ၁၃ရက် ‌နေ့က ပြန်လည်‌ပေါင်းစည်းလိုက်သည့်အ‌ပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော် (DKBA) တို့က ‌ကြေညာချက်အသီးသီး ထုတ်ပြန်လိုက်သည်။

‌အောက်တိုဘာ ၁၄ရက်စွဲပါ ‌ကေအဲန်ယူ၊ ကာကွယ်‌ရေးဌာန၏ ထုတ်ပြန်‌ကြေညာချက်တွင် KNLA နှင့် KNDO သည် ‌ကေအဲန်ယူ ၏ နိုင်ငံ‌ရေးဦး‌ဆောင်မှု‌အောက်တွင် တည်ရှိပြီး နိုင်ငံ‌ရေးပြဿာနာများကို နိုင်ငံ‌ရေးနည်းဖြင့် ဆက်လက်‌ဆွေး‌နွေး အ‌ဖြေရှာသွား မည်ဖြစ်သလို ၁၅ကြိမ်‌မြောက် ကွန်ဂရက်က ချမှတ်ထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ စည်းလုံးညီညွတ်‌ရေး‌ကော်မတီ (Unity Committee for Karen Armed Groups) အ‌နေဖြင့် အ‌ကောင်အထည်‌ဖော်သွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

အဆိုပါ‌ကြေညာချက်နှင့် ပတ်သက်၍ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “ဒီလိုဖြစ်တဲ့အ‌ပေါ်မှာ KNU တစ်ခုလုံးကို ထိခိုက်သွားစရာအ‌ကြောင်းမရှိပါဘူး။ ဒီပြဿနာ‌တွေက အ‌သေးအမွှား‌လေး‌တွေပါ။ အချင်းချင်း‌တွေပဲ အမြင်မတူတာကို ပြန် လည်ညှိနှိုင်းသွားရမှာသာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ DKBA က ‌ကော်သူး‌လေတပ်မ‌တော်(KAF) ဖွဲ့စည်းခြင်းကို အကြွင်းမဲ့ လက်ခံ‌သော်လည်း ထုတ်ပြန်ချက်ပါ စာသား နှင့် သ‌ဘောထားများအ‌ပေါ် အားလုံး သ‌ဘောတူမှုမရှိ‌သော်လည်း ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ငြိမ်းချမ်းစွာ ပြန်လည်‌ပေါင်း စည်း‌ရေးအတွက် ‌အောက်တိုဘာလ ၂၉ရက်‌နေ့တွင် စုကလိမြို့နယ်ခွဲရှိ၊ ဆုံဆည်းမြိုင်ရွာ(‌ကော့သူးမွဲခီး)၌ ကရင်လက်နက်ကိုင် တပ်ဖွဲ့များမှ တာဝန်ရှိသူများအား ဖိတ်‌ခေါ်ကာ ဆက်‌ဆွေး‌နွေးသွားရန်ရှိ‌ကြောင်း ရှင်းလင်းထုတ်ပြန်ထားသည်။

“ပြည်သူ‌တွေ လိုလားချက်‌ကြောင့် အားလုံးသ‌ဘောတူ လက်မှတ်ထိုးထားတာပါ။ သ‌ဘောမတူတာ‌တော့ မဟုတ်ပါဘူး။ ဆိုလို တာက အ‌သေးစိတ် ညှိနှိုင်း‌ဆွေး‌နွေးမှု‌တွေ မရှိ‌သေးတဲ့အတွက်‌ကြောင့် ထုတ်ပြန်ချက် ထုတ်လိုက်တဲ့အ‌ပေါ်မှာ စာအ‌ရေးအသား အားနည်းချက်‌တွေ ရှိတဲ့သ‌ဘောကို ဆိုလိုခြင်းသာဖြစ်ပါတယ်”ဟု DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ပြောသည်။

ယခုလို ကရင်လက်နက်ကိုင်အဖွဲ့များ စုစည်းကာ KAF ဖွဲ့စည်းလိုက်ခြင်းအ‌ပေါ် ‌ထောက်ခံ‌ကြောင်း၊ ကာကွယ်ရန်အတွက်သာ ဖြစ်ပြီး ကျူး‌ကျော်ရန်မဟုတ်‌ကြောင်း၊ အဖွဲ့အား ပိုမိုကျစ်လစ်‌စေချင်ပြီး စစ်‌ရေးပူးတွဲ ‌လေ့ကျင့်မှုများကို လုပ်‌စေချင်‌ကြောင်း ဖားအံမြို့‌နေ ၈၈ အ‌ရေး‌တော်ပုံ‌ကျောင်းသား‌ဟောင်း ကရင်ပြည်သူတစ်ဦးက ၎င်း၏အမြင်ကို ‌ပြောသည်။

‌ကော်သူး‌လေတပ်မ‌တော် (Kawthoolei Armed Forces -KAF) ဖွဲ့စည်းအပြီး ထုတ်ပြန်သည့် သ‌ဘောတူညီချက်တွင် အမျိုး သားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စုစနစ် ‌ပေါ်‌ပေါက်‌ရေးအတွက် တိုင်းရင်းသားတပ် ‌ပေါင်းစုများ၊ ပြည်သူများ၊ ပြည်တွင်းပြည်ပ ဒီမိုက‌ရေစီအင်အားစုများဖြင့် လက်တွဲသွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

၁၉၄၉ခုနှစ်အတွင်း ကရင်အမျိုးသားကာကွယ်‌ရေးတပ်(KNDO)သည် အင်းစိန်တိုက်ပွဲမှ ပြန်ဆုတ်ခွာသည့်အချိန် ကရင်လက် နက်ကိုင်တပ်များ ပြန်လည်စုစည်းပြီး Karen Armed Forces – KAF အဖြစ် ၁၉၄၉ခုနှစ် နှစ်ကုန်ပိုင်းတွင် ‌တောင်ငူ၌ စတင်ဖွဲ့ စည်းပြီး ထိုစဉ်က စနစ်တကျ မဖွဲ့စည်းနိုင်ခဲ့‌ပေ။