Home သတင်း ပိုင်ကျုံမြို့နယ်တွင် KUPC က စည်းလုံး၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုး‌ရေးဆိုင်ရာ ‌တွေ့ဆုံပွဲ ပြုလုပ်ခဲ့

ပိုင်ကျုံမြို့နယ်တွင် KUPC က စည်းလုံး၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုး‌ရေးဆိုင်ရာ ‌တွေ့ဆုံပွဲ ပြုလုပ်ခဲ့

1627

‌အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

စည်းလုံး‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့် ‌ဒေသဖွံ့ဖြိုး‌ရေးဆိုင်ရာ ‌တွေ့ဆုံပွဲကို ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ ‌တောင်ပို့ဘုန်းကြီး‌ကျောင်း တွင် ‌အောက်တိုဘာလ ၁၄ရက်‌နေ့က အမျိုးသားစည်းလုံးညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)မှ ဦး‌ဆောင်ကျင်းပခဲ့ ရာ ပိုင်ကျုံမြို့နယ် ‌ကေအဲန်ယူဌာနဆိုင်ရာများ၊ အစိုးရဌာနဆိုင်ရာများ၊ ကရင်ပါတီများ၊ လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ‌ဒေသ ခံများစုစု‌ပေါင်း လူဦး‌ရေ ၃၀၀‌ကျော် တက်‌ရောက်ကြသည်။

KUPC ‌ကော်မတီဝင်တစ်ဦးဖြစ်သည့် ‌စော‌ကျော်စွာက “စည်းလုံး‌ရေးရယ် ငြိမ်းချမ်း‌ရေးရယ် ‌ဒေသဖွံ့ဖြိုး‌ရေးရယ် ဒီ‌ခေါင်းစဉ်နဲ့က ပထမဦးဆုံးအကြိမ်‌ပေါ့‌နော်။ KUPC ကလုပ်တာ။ ကျ‌နော်တို့က ဘယ်သူ‌တွေကို ‌ပေးဆုံလဲဆို‌တော့ ဒီ‌ဒေသမှာရှိတဲ့ အစိုးရအာ ဏာပိုင် အဖွဲ့အစည်း‌တွေရယ်။ ‌ကေအဲန်ယူ‌အောက်‌ခြေအာဏာပိုင်အဖွဲ့အစည်း‌တွေ ပြည်သူ‌တွေနဲ့ ထိ‌တွေ့ပြီး‌တော့မှ စည်းလုံး ‌ရေး၊ ငြိမ်းချမ်း‌ရေးနဲ့ ‌ဒေသဖွံ့ဖြိုး‌ရေးကို ‌ပြောပြနိုင်ဖို့အတွက် ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးကို အဓိက ဦးတည်လုပ်‌ဆောင်‌နေရာတွင် ‌ဒေသဖွံ့ဖြိုး‌ရေးနှင့် ပတ်သက်၍ ပဋိပက္ခများ ‌ပေါ်‌ပေါက်‌နေသည့်အတွက် စည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး ပိုမိုပီပြင်လာ‌စေရန် ‌ဒေသဖွံ့ဖြိုး‌ရေးဆိုင်ရာများ ထည့်သွင်း ‌ဆွေး‌နွေးခြင်းအားဖြင့် ပိုပြီး‌အောင်မြင်မည်ဟူ‌သော ရည်ရွယ်ချက်ဖြင့် ‌တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ပိုင်ကျုံမြို့ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူး ဦးထိုက်ထိုက်‌ဇော်က “ဒီ‌နေ့ ဒီလို‌တွေ့ဆုံလိုက်ရတာ ‌ကောင်းပါတယ်။ အားလည်းအားရပါ တယ်။ ကျ‌နော်တို့အ‌နေနဲ့ ဒီလို တစ်လမှတစ်ကြိမ်၊ တစ်နှစ်မှတစ်ကြိမ် ‌တွေ့ဆုံဖို့ဆိုတာ ဒီလိုမျိုး အဖွဲ့အစည်းစုံဆိုတာ မဖြစ်နိုင် ဘူး။ KUPC အဖွဲ့‌ရော ‌ကေအဲန်ယူကအဖွဲ့‌တွေနဲ့‌ရော အခုမှ မြင်လည်းမြင်ဖူးတဲ့ ပုဂ္ဂိုလ်‌တွေလည်း ပါတယ်။ တကယ်ရွာက တင်ပြ တဲ့ လိုအပ်ချက်က‌လေး‌တွေလည်း သိလိုက်‌တော့ ကျ‌နော်‌ရှေ့ဆက် ဘာလုပ်ရမယ်ဆိုတာ‌လေး‌တွေ‌ရော စီစဉ်‌ဆောင်ရွက်ဖို့ လည်း အချိန်ရသွားတယ်”ဟု ‌ပြောဆိုသည်။

၎င်း‌တွေ့ဆုံပွဲတွင် ‌ဒေသခံများက အဓိကအားဖြင့် ‌ဒေသဆိုင်ရာ လမ်းပန်းဆက်သွယ်‌ရေး၊ ‌ကျေးရွာချင်းဆက်လမ်းများ၊ ပညာ‌ရေး နှင့် ကျန်းမာ‌ရေးကိစ္စများကို ‌တောင်းဆိုခဲ့ကြသည်။

‌နောင်ဘိုကြီး ‌ကျေးရွာအ‌ထောက်အကူပြု‌ကော်မတီ အတွင်း‌ရေးမှူး ‌စောမြင့်ဟန်က “ဒီ‌တွေ့ဆုံပွဲမှာ လွတ်လွတ်လပ်လပ် ‌မေးမြန်း ခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာတယ်။ တက်‌ရောက်လာတဲ့ ကရင်အဖွဲ့အစည်း‌တွေအားလုံးထဲမှာ ကျ‌နော်တို့ ပိုင်ကျုံမြို့မှာပဲ ဖြစ်ဖြစ်၊ လှိုင်းဘွဲမြို့နယ်မှာပဲဖြစ်ဖြစ် ဌာနဆိုင်ရာဝန်ထမ်း‌တွေလည်း ပါခဲ့တယ်။ တက်‌ရောက်လာတဲ့လူ‌တွေအားလုံးက ငြိမ်းချမ်း ‌ရေး မလိုချင်လူ‌တွေ တစ်‌ယောက်မှ မပါဘူး။ ငြိမ်းချမ်း‌ရေးကို လိုချင်တဲ့လူ‌တွေချည်းပဲ။ ဖွံ့ဖြိုး‌ရေးကို လိုချင်တဲ့ပုဂ္ဂိုလ်‌တွေချည်းပါ ပဲ”ဟု ‌ပြောသည်။

ပိုင်ကျုံမြို့နယ်တွင် ‌နောင်ဘိုကြီး၊ ဝင်းဖရ၊ ရွာကိုင်း‌ကောင်း၊ ကြက်တူ‌ရွေး၊ ပိုင်ကျုံ၊ ကစို‌ကျေးရွာအုပ်စု‌ပေါင်း ၂၇အုပ်စုရှိပြီး ကရင် ပြည်နယ်တွင် စည်းလုံး‌ရေး၊ ငြိမ်းချမ်း‌ရေးနှင့် ‌ဒေသဖွံ့ဖြိုး‌ရေးဆိုင်ရာ ‌တွေ့ဆုံပွဲကို KUPC မှ ပထမဦးဆုံးလုပ်‌ဆောင်ခြင်းဖြစ်ပြီး လှိုင်းဘွဲမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖားအံမြို့နယ်တို့တွင် ဆက်လက် ‌ဆောင်ရွက်သွားရန်ရှိသည်ဟု သိရသည်။

ကရင်အမျိုးသားစည်းလုံး‌ရေးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)ကို ၂၀၁၃ခုနှစ်၊ မတ်လ ၃ဝရက်‌နေ့က ဖားအံမြို့ တွင် ကျင်းပခဲ့သည့် ကရင်‌ရေးရာ အစည်းအ‌ဝေးအပြီး ဘာသာ‌ရေး၊ လူမှု‌ရေး၊ နိုင်ငံ‌ရေး၊ လက်နက်ကိုင်ကရင်အဖွဲ့‌ပေါင်းစုံမှ ‌ခေါင်း‌ဆောင်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။