Home အယ်ဒီတာ့အာဘော် ပြည်သူ့ဆန္ဒ ‌လေးစားလိုက်နာပါ

ပြည်သူ့ဆန္ဒ ‌လေးစားလိုက်နာပါ

1713
‌မေလ ၄ရက်၊ ၂၀၁၂ ခုနှစ်၊ (‌ကေအိုင်စီ)

ဧပြီ ၁ရက် ကြားဖြတ် ‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ်‌မြေ ၄၃‌နေရာ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်-NLD မှ လွှတ်‌တော် ကိုယ်စားလှယ်များသည် လွှတ်‌တော်တက်‌ရောက်ရန် ကျမ်းကျိန်ရွတ်ဆိုရမည့် “ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို ကာကွယ်‌စောင့်‌ရှောက်ပါ မည်” ဆိုသည့်စာသားအစား “‌လေးစားလိုက်နာပါမည်”ဟု မပြင်ဆင်သည့်အ‌ပေါ် မတက်‌ရောက်နိုင်‌ကြောင်း ‌ကြေညာခဲ့သည်။

သို့‌သော် မဟာမိတ်ပါတီများ၏ ‌တောင်းဆိုချက်နှင့် လိုလားချက်များအရ NLD လွှတ်‌တော်ကိုယ်စားလှယ်များက လွှတ်‌တော်တက်‌ရောက် သွားပါမည်ဟု ဆုံးဖြတ်လိုက်‌ကြောင်း ပါတီဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က ဧပြီလကုန် ၃ဝရက်‌နေ့၌ ထုတ်‌ဖော်‌ပြောဆိုခဲ့ခြင်းသည် ပြည်သူ့ဆန္ဒကို ‌လေးစားလိုက်နာခြင်း၊ မိမိတို့အ‌ပေါ် အားကိုးတကြီး ဆန္ဒမဲ‌ပေးခဲ့ကြသူ ပြည်သူအ‌ပေါင်းကို ပြန်လည် ဦးညွှတ်လိုက်ခြင်း ပင် ဖြစ်သည်။

ဗမာပြည် ‌ကျေးလက်‌ဒေသမှ မြို့ပြအဆုံး ပြည်သူလူထုသည် စားဝတ်‌နေ‌ရေး အကြပ်အတည်း‌ကြောင့် နိုင်ငံ‌ရေး မ‌ဆွေး‌နွေးနိုင်၊ နိုင်ငံ့အ ‌ရေးအရာတွင် မပါဝင်နိုင်ဟု ထင်မြင်‌နေကြသူများမှာ မှားယွင်း‌သောအမြင်ကို လက်ကိုင်စွဲ‌နေသူများသာဖြစ်သည်။ လူထုသည် မိမိတို့ကို ဦး‌ဆောင်နိုင်မည့် ‌ခေါင်း‌ဆောင်များကို ‌ရွေးချယ်ကာ မဲထည့်ခဲ့ကြသည်ဟု ‌ပြောဆိုပါက မှားမည်မထင်။ NLD သည် ဖွဲ့စည်းပုံ အ‌ခြေခံဥပ ‌ဒေ ပြင်ဆင်‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို အဓိကထား လုပ်‌ဆောင်သွားမည်ဟု ‌ကြေညာထားပြီး ဖြစ်သည်။

ထိုလုပ်ငန်းစဉ်အတိုင်း ပြည်တွင်းငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို လက်‌တွေ့လုပ်‌ဆောင်‌နေသည့် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် လည်း ပြီးခဲ့သည့် ဧပြီလ ၈ရက်‌နေ့၌ အဖွဲ့ချုပ် ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က သူမ၏‌နေအိမ်၌ နှစ်နာရီကြာ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်။ နှစ်‌ပေါင်း ၆၃နှစ်‌ကျော် လက်နက်ကိုင်လှုပ်ရှားမှုဖြင့် စစ်အစိုးရအဆက်ဆက်ကို ‌တော်လှန်ခဲ့သည့် KNU နှင့် ပထမဆုံးအကြိမ် ‌တွေ့ဆုံ ခြင်း ဖြစ်‌သော်လည်း ငြိမ်းချမ်း‌ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ နားလည်မှုရယူကာ အတူတကွ ဆက်လက် လုပ်‌ဆောင်သွားမည် ဟုလည်း ‌ဒေါ်စုက သတင်း‌ထောက်များကို ‌ပြောဆိုခဲ့သည်။

NLD သည် မဲဆန္ဒရှင်လူထု၏ မပြတ်တမ်း ‌စောင့်ကြည့်မှု‌အောက်တွင် နိုင်ငံ‌ရေးလမ်း‌ကြောင်းကို ရဲရဲ‌လျှောက်လှမ်း‌နေသကဲ့သို့ ပြည်တွင်း ငြိမ်းချမ်း‌ရေးအတွက် လုပ်‌ဆောင်‌နေသည့် KNU အ‌နေဖြင့်လည်း အပစ်အခတ် ရပ်စဲ‌ရေးကို ပြည်နယ်အဆင့်၊ ပြည်‌ထောင်စုအဆင့် အစိုး ရဝန်ကြီးများ၊ တပ်ဖက်အရာရှိများနှင့် ဧပြီလ ၄ရက်၊ ဧပြီလ ၆ရက်‌နေ့များက ‌တွေ့ဆုံ‌ဆွေး‌နွေးရာတွင် လူထုအကျိုးကို အဓိက ‌မျှော်ကိုး၍ လိုက်နာရမည့် ကျင့်ဝတ်များကို အ‌ခြေခံကာ စတင် ‌ဆွေး‌နွေးခဲ့သည်ကို ‌တွေ့ရှိခဲ့ရသည်။

“ကျွဲနှစ်‌ကောင်ခတ်တဲ့ ‌နေရာမှာ ‌မြေဇာပင် ခံရသလို အဲဒီ တိုက်ခိုက်‌နေရတဲ့ ကျွဲနှစ်‌ကောင်ဟာလည်း ‌ခြေကုန်လက်ပမ်း ကျ‌နေပါပြီ”ဟု ပြည်‌ထောင်စုအဆင့် အစည်းအ‌ဝေးတွင် ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်းက ‌ဆွေး‌နွေး‌ပြောဆိုခဲ့သည်။ ထို့အပြင် နှစ်‌ပေါင်း ၆ဝ ‌ကျော်ကြာ ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ် ရပ်တန့်ကာ ပြည်သူများ လိုလား‌တောင့်တသည့် ငြိမ်းချမ်း‌ရေးကို ‌လျှောက်လှမ်းနိုင်ရန်အ တွက် နှစ်ဦးနှစ်ဖက်မှ အချိန်ယူ၍ တဆင့်ချင်း လုပ်‌ဆောင်သွားရမည်ဖြစ်‌ကြောင်းလည်း ‌ပြောဆိုခဲ့ပြန်သည်။

မည်သို့ပင်ဖြစ်‌စေ လက်ရှိအ‌နေအထားအရ အစိုးရတပ် အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးက လူထုကို ‌လေးစား‌သော အားဖြင့် ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေးကို လိုက်နာ‌ဆောင်ရွက်သင့်သလို လူထုဆန္ဒအမှန်ဖြင့် အတည်ပြုခြင်း မဟုတ်ခဲ့‌သော ၂၀၀၈ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်နိုင်‌ရေးအတွက် အစိုးရ အဖွဲ့အစည်းနှင့် NLD အပါအဝင် တိုင်းရင်း သားလွှတ်‌တော်ကိုယ်စားလှယ်များက လွှတ်‌တော်အစည်းအ‌ဝေးတွင် အားထုတ်ကြိုးပမ်း တင်ပြ‌ဆောင်ရွက်သွားကြမှသာ လူထုဆန္ဒကို ‌လေးစားလိုက်နာရာ‌ရောက်သည့်အပြင် လူထု၏ လူမှုဘဝကိုလည်း ကာကွယ်‌စောင့်‌ရှောက်ရာ‌ရောက်‌ကြောင်း တင်ပြလိုက်ရ‌ပေသည်။