မိုးညို့ညို့ ဟန်‌တွေပြင်

(လကင်္ာဒီပ) အသားငါး စားမယ်ပြင်တိုင်း ‌တောရိုင်းပင်ပျို၊ ဗီးစပ်ချို‌တွေ ဟင်းချို‌သောက်‌နေကြရ သူတို့ ဘဝ‌လေး ကျုပ်....‌ပြေးမြင်မိတယ်။ အဆင်းလှလှ အချင်းလှလှ‌တွေမြင်တိုင်း ဘဝလှိုင်းကြား အ‌ပြေးအလွှား ‌တေးသွားမညီကြ သူတို့ ဘဝ‌လေး ကျုပ်...ရင်‌လေး‌နေမိတယ်။ အိမ်ယာ၊‌မြေယာ တိုက်ကြီးတာကြီး ကား‌တွေစီးလို့ ‌ရေမီးကြွယ်ဝ မြို့ပြလှ‌တွေနဲ့ ဟိုး...သူတို့‌တွေရဲ့ အခင်းမဲ့‌နေ ‌မြေကမ္ဗလာ အိပ်ယာ‌လေး ယှဉ်‌တွေးနှိုင်းဆ ကျုပ်...ကွာဟချက်‌တွေ ရှာ‌နေမိတယ်။ တတိယနိုင်ငံလား ကျုပ်မှာ‌တော့...။ ကြက်ဥ‌ကြော်‌လေး တိတ်တိတ်‌လေးမျို။ သင့်မြတ်သီချင်း‌လေး တိတ်တိတ်‌လေးဆို။ ပူ‌လောင်ခြင်း အပြင်းစား‌တွေနဲ့ တိတ်တိတ်‌လေးညိုခဲ့ရ။ ဟို‌တောင်ရိုး မိုးညို့ညို့ ဟန်‌တွေပြင် ဒီရင်ထဲ စိုးထိတ်လို့‌နေမိသူ။ ယမ်း‌ငွေ့နဲ့ တိမ်ညို ကျုပ်...အပြိုမ‌စော‌စေချင်ဘူးကွယ်။ ။

သာပါ‌တော့လား ‌ရွှေဖားစည်

(လကင်္ာဒီပ) ရန်ညိုးအာဃာတ မာနဖွဲ့တည် ချည်‌နှောင်မှုမမြဲ ကွဲခဲ့ကမ္ဘာ သံသာ‌လေကမ်း လမ်းခွဲရှာသူ‌တွေ လူမျိုးမ‌ထောက် ရူးဘုံ‌မြောက်ကြသတဲ့ ကျည်းတန်တဲ့ဖြစ်ရပ်များ။ သမိုင်းမလှ မိုက်မဲ‌နေ ဂိုဏ်းဂဏတိုက်ပွဲ‌တွေနဲ့ ‌ပွေလီတဲ့ မီးပင်လယ် ‌သေပြီးဟဲ့ ခရီးစဉ်ကျယ်မှာ မျက်နှာမွဲ ရင်‌သွေးများအ‌ရေး ဟင်း.. စဉ်‌တွေးမထား‌ပေ‌ရော့လား။ ရွာစွန်‌မြေမနီး‌ဝေး တာဝန်‌တွေ မပြီး‌သေးခင်မှာ တခါတခါ ဟီးမြည်တတ် ဖားစည်ခတ်သံကြား ရှင်‌တော်ဘုရား‌ရေ... အရှင့်‌ခြေ‌တော်ရင်းထံ အ‌ရောက်ပြန်ခဲ့ချင်ပါ‌ပေါ့။ ။

အုန်းဖျန်စခန်းအတွင်း ဓါးထိုးမှုဖြစ်ပွား လူတဦး‌သေဆုံး

စက်တင်ဘာလ ၁ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း ရပ်ကွက်(၈)၌ ယ‌နေ့နံနက် ၅နာရီ ဝန်းကျင်အချိန်တွင် ဓါးထိုးမှု တခုဖြစ်ပွားရာ တဦး‌သေဆုံးသွားသည်ဟု စခန်းလုံခြုံ‌ရေးမှူး မန်းထွန်း‌နောင်က ‌ကေအိုင်စီကို ‌ပြောသည်။ ဓါးဖြင့် အထိုးခံရသူ မွတ်ဆလင်မ် အမျိုးသား ဘချို ၂၃နှစ်သည် အခြားမွတ်ဆလင်မ် ညီအကိုသုံးဦးဖြစ်သူ...

မဲ‌ဆောက်မြို့ ဆန်လှူပွဲ မြန်မာပြည်သား တစ်‌သောင်း‌ကျော်အလှူခံ

စက်တင်ဘာလ ၉။ နန်းထူးစံ (‌ကေအိုင်စီ) မဲ‌ဆောက်မြို့ရှိ တရုတ်ဘုံ‌ကျောင်းတွင် ယ‌နေ့ ဆန်လှူပွဲကျင်းပခဲ့ရာ မဲ‌ဆောက်နှင့် မြဝတီမြို့မှ မြန်မာပြည်သား တစ်‌သောင်း‌ကျော် လာ‌ရောက်အလှူခံခဲ့သည်။ အဆိုပါ ဆန်လှူပွဲကို မဲ‌ဆောက်မြို့ရှိ ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားသည့် စု‌ပေါင်းကုသိုလ်ပြု ဘုံ ‌ကျောင်း‌ဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပခြင်းဖြစ်ရာ လူမျိုးဘာသာမခွဲခြားဘဲ ‌ရောက်ရှိအလှူခံသည့် မြန်မာပြည်သားများကို ဆန်(၅)ကီလို၊...

ဖာပွန်-ကမ‌မောင်း ကားလမ်း ‌ကေအဲန်ယူ ပိတ်ပင်ထား

စက်တင်ဘာ ၉ရက်။ ‌ကေအိုင်စီ ကရင်ပြည်နယ် ဖာပွန်နှင့် ကမ‌မောင်းကားလမ်းကို စက်တင်ဘာလမှစ၍ ကရင်အမျိုးသားအစည်းအရုံး ‌ကေအဲန်ယူက ပိတ်ပင် လိုက်သည်ဟု ထို‌ဒေသတဝိုက်တွင် ‌နေထိုင်သူများက ‌ပြောသည်။ ထို‌ဒေသသည် ‌ကေအဲန်ယူ တပ်မဟာ(၅)၊ ဖာပွန်ခရိုင်အတွင်း တည်ရှိပြီး ယင်းသို့ပိတ်ပင်ရခြင်းအ‌ပေါ် ‌ဒေသဆိုင်ရာ ‌ကေအဲန် အယ်လ်‌အေ တပ်မှူးတဦးက ‌ကေအိုင်စီကို ယခုလို...

စစ်‌ရေးလှုပ်ရှားမှု‌ကြောင့် စာသင်‌ကျောင်းနှင့် ‌ဆေးခန်းပိတ်လိုက်ရ

စက်တင်ဘာ ၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ) ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ်အတွင်းရှိ ‌ကေအဲန်ယူ ထိန်းချုပ်ထားရာ မဲ့ကသာဂွင်တွင် ဩဂုတ်လကုန်ပိုင်းမှစ၍ နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်များ ဝင်‌ရောက်လှုပ်ရှားလာသည့်အတွက် ‌ဒေသတွင်းရှိ မူလတန်း‌ကျောင်းတလုံးနှင့် ‌ဆေး‌ပေးခန်းတလုံး ပိတ်လိုက်ရသည်ဟု ‌ဒေသခံ များ၏ ‌ပြောပြချက်အရ သိရသည်။ ဩဂုတ်လ (၃၀)ရက်‌နေ့က ဗိုလ်မှူး‌စော‌နော်တယာ ဦးစီး‌သော...

သံလွင်‌ရေ‌တွေလည်း မခမ်းသ‌ရွေ့ကွယ်

လကင်္ာဒီပ စစ်‌ပြေးဘဝများ လုံးပါးကြုံဆုံ လူ့ဂုဏ်သိက္ခာ ပြိုကာသုဉ်း မုန်းစစ်ပွဲကြား သနားညှာ‌တွေး မင့်ရင်‌သွေး‌ရေး‌တွေ ကျန်းမာ‌ရေး ပညာ‌ရေး အ‌ရေး‌တွေခမ်း လမ်း‌တွေမဲ့ ကမ်းမဲ့‌ဗေဒါ မ‌ရေရာမှုမျိုးနဲ့ ဖုန်းဆိုး‌ထောင်းထ ဘဝ‌မော‌တွေ ပျံသင်‌နေ‌လေဆဲ လမ်းအ‌ကွေ့မယ်။ ညစ်‌ထေးလှတကား တို့များဘဝ ဆင်းမလှ နွမ်းလျစွာတည် ရာသီစစ်‌ပြေးဖြစ် စစ်‌ဘေး၊ စစ်ဒဏ်၊ စစ်လက်သံ‌တွေ မတန်မရာ ယူကာခံရ ကံဆိုးမမျိုး ငြိုးခံရထင့် ကစဉ့်ကလျား ‌ပြေးလွှား‌ရှောင်ရင်း ဖားစည်သံဆိတ် ဒုံးသံတိတ်ခဲ့ အို .... ‌မြေကမ္ဘာ‌ရေ ‌တော‌တွေ ‌တောင်‌တွေ လျှို‌မြောင်‌တွေကြား ငြီးတွားငိုသံ နာကျည်းသံ‌တွေနဲ့ သံစဉ်‌တွေ‌ဝေမြဲ အလွမ်းအ‌တွေ့ဝယ်။ စစ်‌ခွေးဓားပြများ ညီသားပြည်သူ မည်သူမသိပါ သံဃာသင်းခွဲ...

မယ်လဒုက္ခသည်စခန်းတွင် ဝက်သက်‌ရောဂါဖြစ်ပွားမှု များပြားလာ

စက်တင်ဘာ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌မြောက်ဘက် (၄၅)ကီလိုမီတာ အကွာအ‌ဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ဝက် သက်‌ရောဂါ ဖြစ်ပွားမှုနှုန်း ယခင်ကထက် ပိုမိုများပြားလာ‌ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လပိုင်းက အဆိုပါ ဝက်သက်‌ရောဂါ စတင်ဖြစ်ပွားလျှက်ရှိရာ ယခု စက်တင်ဘာလထိတိုင် ကူးစက် ပြန့်ပွားနှုန်း ‌လျှော့ကျမှု မရှိ‌သေး‌ကြောင်း...

နအဖ တပ်များ စွမ်းအားရှင်အသင်းဝင် စု‌ဆောင်း

စက်တင်ဘာ ၅ရက်။ နန်းထူးစံ (‌ကေအိုင်စီ) ယခုလဆန်းပိုင်းအတွင်း ‌တောင်ငူခရိုင်၊ သံ‌တောင်မြို့နယ်အတွင်းရှိ ရွာသူရွာသားများကို အတင်းဓါတ်ပုံရိုက်ခိုင်းပြီး စွမ်းအားရှင်အသင်းဝင်အဖြစ် စု‌ဆောင်းရန် မြို့နယ်မှူးဦးသန်းဝင်းက အမိန့်စာထုတ်ပြန်ထားသည်ဟု ‌တောင်ငူ‌ဒေသမှ လာသည့်သတင်းအရ သိရသည်။ သံ‌တောင်မြို့နယ်အတွင်းရှိ ‌ပြောင်တိုဂွင်နှင့် သံ‌တောင်မြို့သစ်‌ခေါ် (၁၃)မိုင် ကားလမ်း‌ဒေသအတွင်းရှိ ရွာသူရွာသားများကို စွမ်းအားရှင်အသင်း ဝင်ဖြစ်ရန်အတွက် ‌ဘောဂလိသို့...

မြဝတီခရိုင် ရဲမင်းကြီး အခွန်လွတ်စနစ်ဖြင့် ကားပွဲစားလုပ်‌နေ

စက်တင်ဘာလ ၄ရက်။ (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့မှ ရဲမင်းကြီး ဦးခင်‌မောင်လွင်သည် လိုင်စင်မဲ့ကား၊ ဥပ‌ဒေ မဲ့ကားများကို အခွန်လွတ်စနစ်ဖြင့် ကုန်ကူး‌နေသည်ဟု ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းများက ‌ပြောသည်။ လိုင်စင်မဲ့ကားများ၊ ဥပ‌ဒေမဲ့ကားများကို ကုန်ကူးမှုများ လုပ်‌ဆောင်ရာတွင် ရဲမင်းကြီးကိုယ်တိုင် လုပ်‌ဆောင်ခြင်း မဟုတ်ဘဲ ၎င်း၏သားနှင့် မိတ်‌ဆွေအသိုင်းဝိုင်းများက တဆင့်ခံ...