KIC News
လက်ခတ်တောင်စခန်းကို မြေပြင်စစ်ကြောင်းဖြင့်မတိုက်ဘဲ လက်နက်ကြီး၊ ဒရုန်းဗုံးတို့ဖြင့် စစ်ကောင်စီတပ် တိုက်ခိုက်နေ
စက်တင်ဘာ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းစစ်ကြောင်းများ သိမ်း ထားသည့် လက်ခတ်တောင်တာဝါတိုင်စခန်းကို မြေပြင်စစ်ကြောင်းများဖြင့် တိုက်ခိုက်ခြင်း မျိုးမလုပ် တော့ဘဲ လက်နက်ကြီး၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုမျိုးလုပ်ဆောင်နေကြောင်း KNLA ပူးပေါင်းစစ်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်က...
ရေတာရှည်၊ စစ်တောင်းမြစ်အရှေ့ခြမ်း လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံလင်မယား ၂ ဦးသေဆုံး
စက်တင်ဘာ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာ များတွင် ပြီးခဲ့သည့် ဩဂုတ်လ(၃၀)ရက်နှင့်(၃၁)ရက်နေ့က စစ်ကောင်စီ၏ လေ ကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် လင်မယား(၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ ရေတာရှည်မြို့နယ်၊ ကဲလင်း...
ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် ဧည့်စာရင်းမတိုင်ကြားသူများကို ပြန်လည် ဖမ်းဆီးမှုများရှိလာနေ
စက်တင်ဘာ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် ရပ်ကွက်များနှင့် စစ်ရှောင်များနေထိုင်ရာရပ်ကွက်များတွင် ဧည့်စာရင်းမတိုင်ကြားထားသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နေအိမ်အတွင်းသို့ ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနေကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လအတွင်းက စစ်ရှောင်အများစု နေထိုင်ရာရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော်လည်း ထားဝယ်မြို့ပေါ်ရှိ...
ကျန်းမာရေးဝန်ကြီးဌာနလက်အောက် CDM ဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မေးမြန်းချက်
ကျန်းမာရေးဝန်ကြီးဌာနလက်အောက် CDM ဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မေးမြန်းချက်
“လက်ရှိရထားတဲ့ နေရာကနေ ဖယ်ပေးလိုက်ရမှာ လစာမဲ့ဖြစ်မှာ အလုပ် လက်မဲ့ ဖြစ်မှာ ကြောက်တာကြောင့် CDM မလုပ်ကြတဲ့သူတွေကို ပြောချင်တာကတော့ နေရာပျောက်မှာကြောက်လို့ CDM မလုပ်ခဲ့ကြမှတော့ စစ်တပ်အုပ်ချုပ်တဲ့ ပုံစံအတိုင်းပဲ သွားနေရမှာပါပဲလို့ပါ” CDM ဝန်ထမ်း အမျိုးသမီးတစ်ဦး
စက်တင်ဘာ...
ဆက်သွယ်မေးမြန်းခန်း – NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
ဆက်သွယ်မေးမြန်းခန်း
“Mr.Martin Griffiths အနေနဲ့ မြန်မာနိုင်ငံကို သွားလိုက်တော့ နိုင်ငံကပြည်သူတွေရဲ့ တကယ့် လိုအပ်ချက်တွေကို ကမ္ဘာကိုပြနိုင်မယ့် အခွင့်အရေး ရှိသွားတယ်” NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
ဩဂုတ် ၃၁ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန...
မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အတင်းအဓမ္မပျောက်ဆုံးသည့်အရပ်သား ၇၂ ဦးနှင့်အထက်ရှိကြောင်း KHRG ပြော
ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ထိန်းချုပ်နယ်မြေများအပါအဝင် မြန်မာပြည်အရှေ့တောင်ပိုင်း တွင် စစ်ကောင်စီနှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များကြောင့် အတင်းအဓမ္မပျောက်ဆုံးနေရသူ အရပ်သား (၇၂)ဦးနှင့် အထက်တွင်ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ယနေ့ ကျရောက် သည့် အပြည်ပြည်ဆိုင်ရာအတင်းအဓမ္မပျောက်ဆုံးမှု ဒဏ်ခံရသူများနေ့အတွက် ထုတ်ပြန်ထား...
စစ်ကောင်စီ၏ ဒရုန်းယာဉ် မောင်းနှင်ပျံသန်းမှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေ
ဩဂုတ်လ ၃၀ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင်းရှိ ဝင်းစိန်ရွာမဲဆမိတ်ကျေးရွာ အပေါ်သို့ စစ်ကောင်စီမှ ညအချိန် ဒရုန်းဖြင့် လှည့်လည်မောင်းနှင်ပျံသန်းမှုများ ညတိုင်းနီးပါး ပြုလုပ်နေသောကြောင့် ကျေးရွာအတွင်းသို့ ပေါက် ကွဲစေသော လက်နက်များ၊ ဗုံးများကျရောက်မည်ကို စိုးရိမ်နေရကြောင်း ကျေးရွာနေဒေသခံများက ပြောသည်။
လှိုင်းဘွဲမြို့နယ်ရှိ ဝင်းစိန်ကျေးရွာ မဲဆမိတ်ကျေးရွာများနှင့် အနီးအနားကျေးရွာ...
ငွေစျေးမတည်ငြိမ်မှုကြောင့် ဘတ်ငွေ၊ ကျပ်ငွေအကြား ငွေကြေးကွာဟမှု မြင့်တက်လာနေ
ဩဂုတ် ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်ဒေသတွင် လတ်တလော ငွေစျေးမတည်ငြိမ်မှုကြောင့် မြန်မာ ကျပ်ငွေ၊ ထိုင်းဘတ်ငွေ လဲလှယ်သုံးစွဲကြသည့် ငွေကြေးစျေးနှုန်းငွေတန်ဖိုးနှစ်ခုအကြား ငွေလဲနှုန်း ကွာဟမှု မြင့်တက်လာနေသည်ဟု ငွေလဲလုပ်ငန်းလုပ်သူများက ကေအိုင်စီသို့ပြောသည်။
လက်ရှိ နယ်စပ် မြဝတီ-မဲဆောက်ဒေသတွင်း မြန်မာကျပ်ငွေ၊ ထိုင်းဘတ်ငွေလဲလှယ်သုံးစွဲကြသည့်ငွေကြေးစျေးနှုန်းမှာ ကျပ်ငွေ...
ရွှေကျင်တွင် နေအိမ်ပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သားအမိ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်၊ ပျဥ်ရေကြီးကျေးရွာအတွင်းသို့ ယမန်နေ့ ဩဂုတ်လ (၂၉)ရက်နေ့တွင် စစ်ကောင် စီတပ် လက်နက်ကြီးများပစ်မှုကြောင့် နေအိမ်တစ်အိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ရာသားအမိ ၂ ဦး သေဆုံးပြီး မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ...
ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခံရသောကြောင့် ဒေသခံများ သွားလာရေးအခက်တွေ့
ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကျေးရွာတချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် သွားလာရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသနှင့် အနီးရှိကျေးရွာ တချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဇန်နဝါရီလ ၂၅ရက်မှ စတင်ပြီး...














