Home Authors Posts by KIC News

KIC News

22508 POSTS 0 COMMENTS

နဘူး-ထီလုံ ကားလမ်းတိုးချဲ့ဆောင်ရွက်မှုကြောင့် လမ်းမဘေးရှိ ဒေသခံပြည်သူများ နစ်နာမှုများရှိနေ

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် (တပ်မဟာ -၇)နယ်မြေ၊ နဘူး-ထီလုံသွား ကား လမ်းမတစ်လျှောက် တိုးချဲ့ဆောင်ရွက်မှုကြောင့် လမ်းမနံဘေးရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံများ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီ၏ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးရေးဦးစီးဌာန(နတလ) အစီအစဥ်ဖြင့်...

ကရင်ပြည်နယ်မြောက်ပိုင်းတွင် ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ် ငွေတောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများ ရာသီအကူးအပြောင်းကြောင့် တုပ်ကွေးရောဂါအဖြစ်များပြီး ဆေးဝါး အ ပြင် ဆေးကုသမှုပေးမည့် ကျန်းမာရေးဝန်ထမ်းများလိုအပ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ကရင်နီ (ကယားပြည်နယ်)နှင့် နေပြည်တော် ပျဥ်းမနားနယ်မြေတို့နှင့် နယ်မြေချင်းနီး ကပ်နေသော ငွေတောင်ကျေးရွာအုပ်စုရှိ...

ညောင်လေးပင်ခရိုင်အတွင်း စစ်တပ်ထောင်ထားသော မိုင်းများတွင် ပေါက်ကွဲ အားပြင်း ကားမိုင်းများပါဝင်နေ

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး နှင့်မုန်းမြို့နယ်ရှိ အချို့ကျေးရွာများတွင် တပ်စွဲရာမှ ပြန်လည်ဆုတ်ခွာ သွားသော စစ်ကောင်စီ တပ်များထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းအများအပြားအနက် ပေါက်ကွဲအားပြင်းထန်သော MM-2 အမျိုးအစား မြေမြှုပ်ကားမိုင်းများ ပါဝင်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ...

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ကျေးရွာရှိတန်ဖိုးကြီးပစ္စည်းများကို ယူဆောင်မှုများပြုလုပ်

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေး ပင်)ခရိုင်၊ မုန်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာရှိတန်ဖိုးကြီးပစ္စည်းများကို ယူဆောင်မှုများပြုလုပ်လျက်ရှိကြောင်း ကရင်အရေးပေါ် ကူညီကယ် ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ(၂) ရက်မှ စတင်ပြီး မုန်းမြို့နယ်အတွင်းသို့...

DKBA ဗဟိုတပ်မဟာမှူးယာဉ်တန်း အာရှလမ်းမပေါ်တွင် ပစ်ခတ်ခံရ

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျရောက်သည့် (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲ ဖွင့်ပွဲ အခမ်းအနား သွားရန် အစီအစဉ်ပျက်၍ လမ်းတစ်ဝက်တွင် လှည့်ပြန်လာသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ဗဟိုတပ်မဟာမှူး ဗိုလ်မှူးချုပ် စောရွှေဝယာဉ်တန်း ကော့ကရိတ်မြို့...

မြဝတီမြို့တွင်း၊ မြို့ပြင် BGF တပ်များ လုံခြုံရေးမြှင့်လုပ်ဆောင်လာနေ

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် မြို့တွင်း၊ မြို့ပြင်နေရာများတွင် ယခုရက်ပိုင်းအတွင်း ကရင်နယ်ခြား စောင့်တပ်-BGF က စစ်အင်အားတိုးမြင့်ချထားတာ၊ ကင်းလှည့်၊ ကင်းထောက်မှုများ ပိုမိုလုပ်ဆောင်လာ နေသည်ဟု မြို့ခံများက ပြောသည်။ ထိုသို့ လုပ်ဆောင်ရာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က BGF တပ်ပုံစံပြောင်းသွားလာစောင့်ကြည့်...
Donate