KIC News
ကော့ကရိတ်မြို့တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ်အပါအဝင် အမျိုးသမီး ၅ ဦးဒဏ်ရာရ
နိုဝင်ဘာလ ၅ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ရှမ်းပိုင်းတွင် ယမန်နေ့ ၁၁ နာရီဝန်းကျင်က လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ၄ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၅)ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
ကော့ကရိတ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ(၉၇) တပ်က...
မြဝတီ-ကော့ကရိတ်-ဖားအံလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
အောက်တိုဘာ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်-ဖားအံလမ်းပိုင်းတစ်လျှောက်ရှိ လမ်းတံတားများ၊ မြို့ဝင်မြို့ ထွက်နှင့် အာရှလမ်းမကြီးတစ်လျှောက် စစ်တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ဌာနဆိုင်ရာရုံးများသို့ ဖားအံမြို့အခြေစိုက် တပ်မ ၂၂ မှ စစ်ကောင်စီ စစ်ကူစစ်ကြောင်းများ နေ့စဉ်စစ်ကူနှင့် ခဲယမ်း ဖြည့်တင်းသည့် ယာဉ်တန်းများ...
တစ်လအတွင်း KTLA စခန်း ၆ ခု ရှင်းလင်းခဲ့ရဟု KNU တပ်မဟာ(၄) ဆို
နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄)နယ်မြေအတွင်းရှိ ကော်သူးလေအာမီ-KTLA တပ်စခန်း ၆ ခုကို အောက်တိုဘာလတစ်လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မှ ရှင်းလင်းခဲ့ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။
ထားဝယ်မြို့နယ်အတွင်းရှိ KNLA တပ်ရင်း (၁၀)...
စစ်ကောင်စီစစ်ကြောင်းထိုး၍ ကျေးရွာ ၁၄ ရွာမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ
နိုဝင်ဘာလ ၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီးထူ (ညောင်လေးပင်) ခရိုင်၊ မုန်းမြို့နယ်အတွင်း သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ (၁၄) ရွာမှ ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကရင်အရေးပေါ် ကူညီကယ် ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက...













