ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကရင် ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) စီမံခန့်ခွဲမှုအောက်ရှိ စာသင်ကျောင်းများစုပေါင်း၍ ယခု ဒီဇင်ဘာလ ၂၂ရက်မှ ၂၅ရက်နေ့အထိ စုံညီပွဲတော်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
ကျောင်းသူကျောင်းသားများအချင်းချင်း ရင်းနှီးမှုပိုမိုရရှိပြီး စိတ်ဓာတ်ခွန်အားများရရှိရန် အဆိုပါ စာသင် ကျောင်းများစုပေါင်း အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် တွဲဖက်အတွင်းရေးမှူး စောဟဲခုက ယခုလို ပြောသည်။
“လက်ရှိတိုက်ပွဲကာလအတောအတွင်းကျောင်းသားမိဘတွေခက်ခဲတော့ ကျောင်းသား တွေစိတ် ပိုင်းဆိုင်ရာထိခိုက်မှုရှိတယ်။ ကျောင်းသားတွေ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးတာပေါ့။ နောက် တစ်ချက်က ကျောင်းသူ/သားအချင်းချင်းတွေ့ဆုံပြီး ရင်းနှီးမှုရှိမယ်။ ဦးဆောင်နိုင် အောင်ရည် ရွယ်ပြီးလုပ်တယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ကျိတ်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် အဆိုပါ ကျောင်းသားအားကစားစုံညီပွဲတော်ကို လန်းဖား ကျေးရွာအုပ်စု၊ ကျိတ်ကျေးရွာအုပ်စုနှင့် ပိုင်ကလာဒုံကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်း(၁၀) ကျောင်းမှ ကျောင်းသူကျောင်းသားစုစုပေါင်း (၁,၀၀၀) ကျော် လာရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။
လေးရက်တာ အားကစားစုံညီပွဲတော်တွင် အမျိုးသမီး/အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဘော်ဘီဘောပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စကော ရွက်ပြိုင်ပွဲ၊ ကျပန်းစကားပြိုင်ပွဲနှင့် ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲတို့ကို ယှဉ်ပြိုင်စေခဲ့သည်ဟု ဦးဆောင်စီစဉ်သူများက ပြောသည်။



















