KIC News
KNU/KNLA ၏ အမည်နှင့်စည်းတံဆိပ်ကို တုပ၊ ငွေညစ်မှုသည် အဖွဲ့အစည်းပုံရိပ်ပျက်ပြားစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း KNU ပြော
ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ အမည်နှင့်စည်းအမှတ်တံဆိပ်ကို တုပအသုံးပြုထားပြီး ခြိမ်းခြောက်ငွေတောင်းခံသည့်လုပ်ရပ်သည် အဖွဲ့အစည်း၏ ပုံရိပ်ပျက်ပြားစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု KNU က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၃၁)ရက်နေ့ ရက်စွဲဖြင့် မြဝတီမြို့ရှိ ရတနာအောင် အိမ်ဆောက်ပစ္စည်းအရောင်း ဆိုင်သို့ KNU/KNLA ၏...
စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ရေတာရှည်မြို့နယ်၊ မရိုးခုံရွာရှိ အိမ်ခြေ ၄၀ ကျော်မှ မိသားစုများ နေရေးစားရေးခက်ခဲ
ဇန်နဝါရီ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မရိုးခုံရွာအတွင်း ပြီးခဲ့သည့် ဒီဇင် ဘာလ(၂၅)ရက်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲဖြစ် ပွားပြီးနောက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသော အိမ်ခြေ(၄၂)လုံးမှ ဒေသခံမိသားစုများ မှာ လက်ရှိတွင် နေရေးစားရေး အခက်အခဲဖြစ်နေကြောင်း...
KNLA ပူးပေါင်းတပ် စိုးမိုးထားသော နတ်သံကွင်းမြို့ကို စစ်တပ် နေ့စဉ်လေကြောင်းသုံး တိုက်ခိုက်နေ
ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ညောင်လေးပင်ခရိုင်( တပ်မဟာ-၃)၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းများ စိုးမိုးထားနိုင်ပြီးနောက်ပိုင်း စစ်ကောင်စီ တပ်က နေ့စဉ်ရက်ဆက်လေကြောင်းအသုံးပြု တိုက်ခိုက်မှုလုပ်ဆောင်နေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
နတ်သံကွင်းမြို့ အတွင်းအပြင်ရှိ စစ်ကောင်စီတပ်စခန်းများအား KNLA...
ရွှေကုက္ကိုလ်တွင် တရုတ်အွန်လိုင်းကုမ္ပဏီလုပ်ငန်း ၅ ခုခန့် ရပ်နားလိုက်ရ
ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ရွှေကုက္ကိုလ်မြို့တွင် လျှပ်စစ်ဓာတ်အား ပြတ် တောက် နေခြင်းနှင့် ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းကြောင့် တရုတ်ပိုင်အွန်လိုင်း ကုမ္ပဏီလုပ်ငန်း ၅ ခုခန့် ရပ် နားထားလိုက်ရပြီး...
တစ်လအတွင်း စခန်း(၂) ခု သိမ်းယူနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၂)ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်
ဇန်နဝါရီလ ၃ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေတွင် ဒီဇင်ဘာလ တစ်လအတွင်း တပ်စခန်းနှစ်ခု သိမ်းယူနိုင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ဇန်နဝါရီလ(၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA...














