KIC News
စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်မှု ကျူးလွန်သည့် စစ်ကောင်စီအား နိုင်ငံတကာကအရေးယူပေးရန် KnHRG တောင်းဆို
ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက ကရင်နီ(ကယား)ပြည်နယ်ရှိ စာသင်ကျောင်းများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းသုံး တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများသည် လက်သင့်ခံ၍မရသလို နိုင်ငံတကာကလည်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းအား အရေးယူပေးရန် တောင်းဆိုကြောင်း ကရင်နီလူ့ အခွင့်အရေးအဖွဲ့ (KnHRG)က ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်ပိုင်းက...
မွန်ပြည်နယ် သိမ်ဇရပ်နယ်မြေ ရဲစခန်း တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုရှိကြောင်း Yangon Eagles ပြော
ဖေဖော်ဝါရီလ ၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး စခန်းအတွင်းရှိ ရဲတပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း Yangon Eagles (EB)၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇...
တော်လှန်ရေးရဲဘော်များ ထိခိုက်မှုနည်းအောင် ဒေါနစစ်ကြောင်း ကျည်ကာကမ်ပိန်းပြုလုပ်နေ
ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ ဗုံးသီးများနှင့် လေယာဉ်များကြောင့် တော်လှန် ရေးရဲဘော်အချို့ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကျည်ကာကမ်ပိန်းပြုလျက်ရှိ ကြောင်း ဒေါနစစ်ကြောင်းရဲဘော်များက ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဗုံးသီးများကြောင့် တော်လှန်ရေးရဲဘော်အများစုသည် ဦးခေါင်းနှင့် ရင်ဘတ်တွင် ကျည်စထိမှန်သဖြင့်...
စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ရွာ အုပ်ချုပ်ရေးမှူး နှစ်ပတ်ကျော်ကြာအထိ အဆက်အသွယ်မရ
ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပတ်က စစ်ကောင်စီတပ်၏ လာရောက်ဖမ်းဆီးခြင်းခံလိုက်ရသော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ပတ်ကျော်ကြာမြင့်သည်အထိ မိသားစုနှင့်အဆက်အသွယ်မရဖြစ်နေကြောင်း နီးစပ်သူများထံမှ သိရသည်။
အင်အား(၅၀)ခန့်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးညိုကြီးဟု လူသိများသော ယင်း အုပ်ချုပ်ရေးမှူးအား ဆွေးနွေးစရာရှိသည်ဟုဆိုကာ...
ကော်သူးလေ ကရင်ပြည်ကို တည်ထောင်ရမည်ဖြစ်ကြောင်း ကေအဲန်ယူ ဥက္ကဋ္ဌပြော
ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှခြင်းရှိသည့် ကော်သူး လေ ကရင်ပြည်ကို တည်ထောင်ရမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်း (၇၇) နှစ်မြောက်အတွက် ပေးပို့သော အစည်းအရုံးဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ သဝဏ်လွှာတွင် ပြောဆိုထားသည်။
ကရင်လူမျိုးများအနေဖြင့် လူမျိုးတစ်မျိုးအဖြစ်...
ပို့ဆောင်ရေးယာဉ်မရှိသဖြင့် လွတ်ရက်စေ့အကျဥ်းသားများ လွှတ်မပေးသော စစ်ကောင်စီ၏လုပ်ရပ်က ယုတ္တိမရှိကြောင်း PPN တုန့်ပြန်
ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် ဇန်နဝါရီလ(၄)ရက်နေ့က လွတ်ရက်စေ့ခဲ့သည့် လွိုင်ကော်အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသား (၆)ဦးနှင့် အခြားအမှုဖြင့် အကျဥ်းသား(၁၄)ဦး စုစုပေါင်း (၂၀) ဦးအား ခရီးသွားပို့ဆောင်ရေးယာဉ်များ ပြေးဆွဲခြင်း မရှိသောကြောင့် ပြန်မလွှတ်ပေးရသေးခြင်းဖြစ်သည်ဟူ၍ ထုတ်ပြန်လာသော စစ်ကောင်စီ၏လုပ်ရပ်သည် ယုတ္တိမရှိကြောင်း...
ကွမ်းသီးဈေးပြန်တက်လာသော်လည်း စစ်ဘေးရှောင်နေရ၍ ကွမ်းသီးမရောင်းနိုင်
ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ကွမ်းသီးဈေးပြန်တက်လာသော်လည်း ကွမ်းသီးခြံ လုပ်ကိုင်သူ များအနေဖြင့် စစ်ဘေးတိမ်းရှောင်နေရသောကြောင့် ကွမ်းသီးမ ရောင်းချနိုင်ကြကြောင်း ဒေသခံများက ပြောသည်။
တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့်(၂)နှစ်အတွင်း ကွမ်းသီးဈေး ဆက်တိုက်ကျဆင်းနေခဲ့ပြီး ယခုနှစ် အတွင်း ကွမ်းသီးဈေးပြန်လည်ဦးမော့လာကာ ကွမ်းသီးအလုံးခြောက် တစ်ပိဿာလျှင်...














