KIC News
စစ်သားစုဆောင်းမည့်သတင်းကြောင့် ကရင်ပြည်နယ်တွင်း လူငယ်များ ထိုင်းနိုင်ငံဘက် ရှောင်တိမ်းလာမှုရှိနေ
ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း စစ်တပ်က စစ်သားစုဆောင်းမည့် သတင်းကြောင့် ဖားအံအပါအဝင် အခြားမြို့ နယ်တွင်းရှိ ရပ်ကွက်ကျေးရွာများမှ လူငယ်များထိုင်းနိုင်ငံဘက်သို့ နေရပ်စွန့်ခွာ ရှောင်တိမ်းရန် ထွက်ခွာ လာကြသူများရှိလာနေကြောင်း သိရှိရသည်။
လတ်တလောစစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်မှုထမ်း ဥပဒေကြောင့် စစ်သားစုဆောင်းမှု၊ ပေါ်တာဖမ်းဆီးစစ်ဆေးမှုနှင့်...
ငွေလိမ်ဂိုဏ်းနှင့် ကာစီနိုလောင်းကစားလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကေအဲန်ယူ ထုတ်ပြန်
ဖေဖော်ဝါရီလ ၁၄ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း−မြန်မာ နယ်စပ်ဒေသတစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် တရားမဝင်ကာစီနိုလောင်း ကစားလုပ် ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဗဟိုက ဖေဖော်ဝါရီလ ၁၃ ရက်၊ ယမန်နေ့တွင် ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။
အဆိုပါ ငွေလိမ်ဂိုဏ်းများနှင့် ကာစီနိုလောင်းကစားလုပ်ငန်းများသည် စနစ်ဆိုးများမှ အမြစ်တွယ်...
ပဒိုမန်းရှာလားဖန်းကျဆုံးခြင်း ၁၆ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်
ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၁၆)နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျန်ရစ်သူတော်လှန်ရေး လုပ်ဖော်ကိုင်ဖက်ခေါင်းဆောင်များ ဦးဆောင်၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာ၌ ပြုလုပ်ခဲ့ကြသည်။
ယနေ့နံနက် ၉ နာရီက...
ရေး-မော်လမြိုင်ကားလမ်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထား
ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေး-မော်လမြိုင် ကားလမ်းတစ်လျှောက်ကို လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ရေး-မော်လမြိုင်ကားလမ်းဘေး နေထိုင်သူ ဒေသခံတစ်ဦးက " တော်လှန်ရေးတပ်ဖွဲ့တွေ ၇၀ ရာခိုင်နှုန်းထိန်းချုပ်နိုင်ပြီး ပြောရမယ်။ တပ်စခန်းတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့အချို့ရှိသေးတယ်။ လမ်းမှာတော့...
စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ပြော
ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်သစ်ပါတီ(NMSP)ဗဟို၏ စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကို လက်မခံသဖြင့် ရပ်တည်ချက်ချင်းတူညီသူပါတီဝင်၊ ရဲဘော်များနှင့် စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် လက်နက်ကိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း NMSP နိုင်ငံရေး စစ်ရေးဦးဆောင်အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ကြေညာထုတ်ကာ ပြောဆိုလိုက်သည်။
NMSP ၏ ပြီးခဲ့သည့် (၁၁)ကြိမ်မြောက်...
ပအိုဝ်းကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးပူးတွဲညှိနှိုင်းဆောင်ရွက်ရန် ကော်မတီတစ်ရပ် PNFC ဖွဲ့စည်း
ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ၏ နိုင်ငံရေးဦးဆောင်မှုအောက်ရှိ ပအိုဝ်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒွမ် (PPDF-KD) နှင့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်(PNDF-KK) တို့အကြား စစ်ရေးအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် စစ်ရေးဆိုင်ရာပူးတွဲ ညှိနှိုင်းရေးကော်မတီ ကို ဖွဲ့စည်းကြောင်း PNFC က ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၇)ရက်မှ...














