KIC News
ရေတာရှည်မြို့နယ်ရှိ ရွာသုံးရွာ ဗုံးကြဲခံရပြီး ကလေးငယ်(၃)ဦးအပါအဝင် ဒေသခံ(၅)ဦး သေဆုံး
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ပိတောက်ကုန်း၊ စည်ပိုင်းနှင့် မိချောင်းအိုင် ကျေးရွာတို့ အား ယမန်နေ့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် မပြည့်သေးသော ကလေးငယ်(၃)ဦးအပါအဝင် ဒေသခံ(၅)ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်း...
KNU တပ်မဟာ(၄)တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကား ၇ စီး မီးလောင်ပျက်စီးပြီး ၃၀ ကျော်သေဆုံး
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်း ဘိတ်-ထားဝယ်ခရိုင်( တပ်မဟာ ၄ နယ်မြေ) လယ်ဒိုစိုး (ထားဝယ်) မြို့နယ်ရှိ ထားဝယ်-ထီးခီးလမ်းပေါ်တွင် တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၁ ရက် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၄)နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်သည့်အတွက်...
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် အရှေ့တောနယ်ရှိ ကျေးရွာများ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရ
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသရှိ ဝကုန်းကျေးရွာတဝိုက်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၁ရက်၊ ယမန်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် ၎င်းကျေးရွာနှင့် အနီးရှိကျေးရွာများ ရွာလုံးကျွတ် စစ်ဘေးတိမ်း ရှောင်နေရကြောင်း ကျေးရွာရှိ ဒေသခံများ ကပြောသည်။
အရှေ့တောနယ်ဒေသရှိ...
ကော့ကရိတ်မြို့ခံ စစ်ရှောင်များ၏ ဆိုင်ကယ်များကို တော်လှန်ရေးတပ်ဖွဲ့က ပိုင်ရှင်ထံ ပြန်လည်အပ်နှံ
ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲကြောင့် စစ်ရှောင်နေရပြီး နေအိမ်အတွင်းကျန်ရှိနေသည့် စစ်ရှောင်ပြည်သူများ၏ ဆိုင်ကယ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သယ်ထုတ်ပြီး ပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးလိုက်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြောသည်။
အဆိုပါ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကော့ကရိတ်မြို့တွင်း တိုက်ပွဲဆင်နွှဲပြီး မြို့အတွင်း တပ်ချထားသည့် နေရာများတွင်...














