Home Authors Posts by KIC News

KIC News

22507 POSTS 0 COMMENTS

တိုက်ပွဲဆက်လက်ဖြစ်ပွား၍ ကျိုက်ဒုံဒေသခံ စစ်ရှောင်ပြည်သူများ နေအိမ်မပြန်နိုင်သေး

ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ကျိုက်ဒုံမြို့တွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ ဒေသခံစစ်ရှောင်ပြည်သူများမှာ ယခုအချိန်ထိ နေအိမ်မပြန်နိုင်ကြသေးကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါလကုန်ပိုင်းကတည်း စတင်ဖြစ်ပွားသည့် ကျိုက်ဒုံမြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ရပ်ကွက်၊ ကျေးရွာများထဲသို့...

စစ်မှုထမ်းရန်စည်းရုံးသည့်စာရွက်များကို လူစည်ကားရာ နေရာများတွင် စစ်ကောင်စီ ဖြန့်ဝေနေ

ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူစည် ကားသည့် နေရာများတွင် စစ်မှုထမ်းရန် စည်းရုံးသည့် စာရွက်များကို လိုက်လံဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ ယခု ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စတင်ပြီး ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်...

စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ပြောင်းရွှေ့လည်ပတ်သည့် ကမမောင်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများတိုးချဲ့ လုပ်ဆောင်

ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်ခရိုင်)၊ တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်ပြားပြီးနောက် ယခုအုပ်ချုပ်ရေးယန္တရားပြောင်းရွှေ့လည်ပတ်လာသည့် ကမမောင်းမြို့တွင် စစ်ကောင်စီဘက်က ဖွံ့ဖြိုးရေးလုပ်ငန်းများတိုးချဲ့လုပ်ဆောင်လာလျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။ ဖာပွန်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်သည့် ဝန်ထမ်းများမြို့တွင်းမှ ထွက်ခွာပေးရန် ကေအဲန်ယူ...

ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုရှိမရှိ ဆေးစစ်အသိပညာပေး၊ ပြစ်ဒဏ်ပေးမှုများ DKBA လုပ်ဆောင်နေ

ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ အတွင်း တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးအတွက် DKBA ဌာနချုပ် ဆုံဆည်းမြိုင်တပ်ဖွဲ့ဝင်များမှ ဆေးစစ်အသိပညာပေးမှုအပြင် ပြစ်ဒဏ်ပေးမှုများကို လုပ်ဆောင်နေ ကြောင်း အဖွဲ့တာဝန်ရှိသူ ပြောစကားအရ သိရသည်။ ယခုဖေဖော်ဝါရီလအတွင်း DKBA...

ဖာပွန်ခရိုင်ရှိ ကျေးရွာတချို့တွင် စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးတောင်းခံမှုပြုလုပ်နေ

ဖေဖော်ဝါရီလ ၂၂ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ မူတြော်(ဖာပွန်)ခရိုင်၊ ကတိုင်တိကျေးရွာနှင့်နီးစပ်သည့်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအရပ်သား များထံမှ အကြောင်းပြချက်မျိုးစုံပြ၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ရွာသားများထံမှ သိရသည်။ ကတိုင်တိ၊ ကညင်ဒုံ ၊ နို့ဖောထီးနှင့် ထီးသဲလေး ကျေးရွာများတွင် နေထိုင်သည့်ပြည်သူများကို နယ်မြေခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အိမ်ထောင်စုစာရင်းများပြခိုင်းကာ...

နယ်ကျော်သွားလာလိုသူများ အခကြေးငွေဖြင့် အုပ်ချုပ်ရေးမှူးထောက်ခံစာပြုလုပ်နေရ

ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ရှိဒေသခံများအနေဖြင့် နယ်ကျော် သွားလာလိုပါက အာဏာသိမ်း စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးထံတွင် အခကြေးငွေပေးဆောင်၍ ထောက်ခံစာပြုလုပ်နေကြရကြောင်း ကံပေါက်ဒေသခံထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းလောက်မှ စတင်ကာ တနယ်မှ အခြားတနယ်ဒေသများသို့ သွားလာလိုပါက ဒေသခံများအနေဖြင့်...

တောင်ငူ-လိပ်သိုလမ်းခွဲရှိ ငွေတောင်ကလေးရွာအတွင်း စစ်တပ် ဝင်ရောက်၍ အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံ

ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ-လိပ်သိုလမ်းခွဲရှိ ငွေတောင်ကလေးရွာသို့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ညနေပိုင်းက အင်အား ရာချီရှိသော စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး အိမ်ထောင်စု စာရင်းလိုက်လံကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်တပ်က ဖေဖော်ဝါရီလ(၁၀)ရက်နေ့က စတင်အတည်ပြုလိုက်သော စစ်မှုထမ်းဥပဒေနောက်ပိုင်းတွင်...
Donate