Home သတင်း စစ်မှုထမ်းစာရင်းမကောက်ခံလိုသည့် ဖားအံမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှု များလား

စစ်မှုထမ်းစာရင်းမကောက်ခံလိုသည့် ဖားအံမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှု များလား

836
Photo-Photo- ဖားအံ ပြန်/ဆက်

မတ်လ ၂၃ ရက်၊ ၂၀၂၄ခုနှ။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လမ်းမှူး၊ ရာအိမ်မှူး၊ အုပ်စုမှူးနှင့် စာရေးများအနေဖြင့် ဒေသနယ်မြေအတွင်း စစ်မှုထမ်းအရွယ်စာရင်းကောက်ခံခိုင်းမှုအား ဆန့်ကျင်ရှောင်တိမ်းပြီး ရာထူးတာဝန်နုတ်ထွက်မှုများလာကြောင်း မြို့နယ်အုပ်ချုပ်ရေးဌာနထံ အကြောင်းကြားမှုအခြေအနေကို သိရှိ သည့် စစ်ကာင်စီထွေအုပ်ဌာနနှင့် နီးစပ်သူ သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။

“ဖားအံ ခရိုင်အုပ်ချုပ်ရေးမြို့နယ် အုပ်ချုပ်ရေးပိုင်းတွေက ရပ်ကွက်ကျေးရွာအုပ်ကြီးတွေ စာရေးတွေ၊ ရာအိမ်မှူး တွေကို စစ်မှုထမ်းအရွယ် စာရင်းကောက်ခိုင်းတာ တော်တော်များများ အုပ်ကြီးတွေ ရှောင်ကုန်ကြပြီး။ ဖုန်းတွေ ပိတ်ထားကြတယ်။ တချို့ တွေ လူကြုံကနေတစ်ဆင့် မြို့နယ်ရုံး၊ ခရိုင်ရုံးကို ထွက်စာလာတင်ကြတယ်။ တချို့ စစ်တပ်ထာက်ခံတဲ့ အုပ်ကြီးတွေကတော့ စာရင်းကောက်ဖို့ ပြင်နေကြပေမယ့် ရာအိမ်မှူး ဆယ်အိမ်မှူးတွေ ဆက် သွယ်မရတော့ စစ်မှုထမ်းစာရင်းကောက်လို့ မရဘူး။”ဟု အခြေအနေကိုသိရှိသည့် ဖားအံမြို့နယ် အုပ်ချုပ်ရေး ဌာန နှင့် နီးစပ်သူက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုလို နုတ်ထွက်တိမ်းရှောင်မှုများရှိလာသည့်အပေါ် စစ်တပ်ထောက်သည့် အုပ်ချုပ်ရေးမှူးများ အနေ ဖြင့်လည်း ဖိအားပေးခံရမှုများရှိလာကြောင်း အဆိုပါ နီးစပ်သူက ဆက်ပြောသည်။
လက်ရှိ ဖားအံမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်မှုထမ်းစာရင်း ကောက်ခံနေမှုရှိနေပြီး စစ်ကောင်စီ လက်အောက် စစ်မှုမထမ်းလိုသော လူငယ်အချို့သည့် နီးစပ်ရာ ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများတွင် ဝင်ရောက် လာကြ သူများရှိသလို အိမ်နီးချင်း ထိုင်းနိုင်ငံသို့လည်း တရားမဝင် နည်းလမ်းများဖြင့် ထွက်ပြေး တိမ်းရှောင်ကြသူများရှိသည်။

Photo-Photo- ဖားအံ ပြန်/ဆက်

ဖားအံ မြို့ခံလူငယ်တစ်ဦး “ဖားအံက လူငယ်တွေက DKBA ရုံးတို့ PC ရုံးတို့မှာ အဖွဲ့ အစည်းသွားဝင်ကြတယ်။ ရိုးရိုး ရဲဘော်အဆင့် တပ်ဖွဲ့ ဝင်တယ်ဆိုရင် ငွေပေးစာရာမလိုဘူး။ သူတို့ကိစ္စရှိရင် ရုံးကိုလာရမယ်။ သတင်းပို့ ရမယ်။ ရာထူး နဲ့ ဝင်ချင်တဲ့သူဆိုရင်တော့ ငွေ ၅သိန်းကနေ အစားစားပေါ့။ အဲ့တာကတာ့ စီးပွား ရေးလုပ်တာ၊ လုပ်ငန်းလုပ်တာမျိုးဆို ခွင့်ပြုပေတာမျိုး ထောက်ခံချက်ပေးတာမျိုး၊ ရံပုံငွေ လစဉ် ပေးသွင်းရတာမျိုး တော့ ပေးရတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းစာရင်းကောက်ခံမှုကိစ္စကြောင့် ဒေသအတွင်းရှိ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တပ်စခန်းများသို့ သွားရောက်ပူပေါင်း စစ် ပညာသင်ကြားပြီး စစ်ကောင်စီကို တိုက်ခိုက်ရန် ရောက်ရှိလာသည့် လူငယ်များနေ့စဉ် ရှိနေကြောင်းလည်း တော်လှန်ရေး တပ်ဖွဲ့ များကဆိုသည် ။