Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

ကော့ကရိတ်၊ ဒေါနတောင် အောက်ဘိုတဲလမ်းပိုင်း တိုက်ပွဲပြင်းထန်

မတ် ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်း ဒေါနတောင်လမ်းဟောင်း၊ အောက်ဘိုတဲနေရာတွင် မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ စစ်အုပ်စုတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူး ပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေး မဟာမိတ်တပ်ထံမှ သိရသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ...

ဇွဲကပင်တောင် ဘုရားပွဲ BGF နှင့် PC အဖွဲ့တို့ လုံခြုံရေးယူပေးပြီး လောင်းကစားဝိုင်းများဖြင့် စည်ကားနေ

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အထင်ကရ ဇွဲကပင်တောင် ဆံတော်ရှင်ဘုရားပွဲတော်တွင် နယ်ခြား စောင့်တပ် (BGF) နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးထားပြီး လောင်းကစားဝိုင်းများဖြင့် စည်ကားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ဇွဲကပင်တောင်တက်ပွဲတော်ကို...

စစ်အုပ်စု၏ လက်နက်ကြီးနှင့် ဒရုန်းကြောင့် ကျောက်ကြီး ဒေသခံ ၂ ဦး ဒဏ်ရာရ

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ/ ညောင်လေးပင်ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်း စစ်အုပ်စုတပ်မှ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်တာဝန်ရှိသူထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ (၂)...

သရက်ချောင်းတွင် သုံးပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ ဦး ထိခိုက်သေဆုံးပြီး ၅၀၀ ကျော် စစ်ရှောင်နေရ

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေ၊ သရက်ချောင်း(ကစယ်ဒို)မြို့နယ်တွင် သုံးပတ်အတွင်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦးသေဆုံး၊ (၁၀)ဦးထိခိုက်၍ (၅၀၀)ကျော် စစ်ဘေးရှောင်နေရကြောင်း ကေအဲန်ယူက ယနေ့(မတ်လ ၄ ရက်)တွင် ထုတ်ပြန်သည်။ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျား၊ မင်းဒပ်၊ ကနက်သီရိ၊ ပြင်းဖြူသား...

စက်သုံးဆီချွေတာရေး စစ်အုပ်စုသတ်မှတ်ချက်ကြောင့် လူထုဝေဖန်မှုမြင့်တက်

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စက်သုံးဆီချွေတာရေးအတွက် စုံနှင့်မ ရက်ရွေးချယ်ပြီး ပုဂ္ဂလိကပိုင်မော်တော်ယာဥ်များ မောင်းနှင်ရန် မတ်လ(၃)ရက်နေ့စွဲဖြင့်ထွက်ရှိလာသည့် စစ်အုပ်စု၏သတ်မှတ်ချက်ကြောင့် လူမှုကွန်ရက်မီဒီယာသုံးစွဲသူ ပြည်သူလူထုအကြား ဝေဖန်မှုမြင့်တက်နေသည်။ လာမည့် မတ်လ(၇)ရက်နေ့မှစတင်၍ လတစ်လ၏ စုံဂဏန်း(၂, ၄, ၆, ၈, ၁၀)ရက်များတွင် စုံဂဏန်းဖြင့်စထားသည့်မော်တော်ယာဥ်နံပါတ်များ မောင်းနှင်ရန်ဖြစ်ပြီး...

ဖားအံနှင့် မြဝတီတွင် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြန်လည်လုပ်ဆောင်လာ

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီမြို့တို့တွင် လူငယ်များကို ပစ်မှတ်ထား၍ ညအချိန် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြန်လည်လုပ်ဆောင်လာနေကြောင်း မြို့ခံများက ပြောသည်။ ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သော မြဝတီတွင် ညအချိန်မတော် အပြင်ထွက်သည့် လူငယ်များကို အဓိက ပစ်မှတ်ထား...
Donate