Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

တစ်လကျော်ကြာ စစ်ဘေးရှောင်နေရသည့် သင်္ဃန်းညီနောင်စစ်ရှောင်များ စားနပ်ရိက္ခာများလိုအပ်နေ

ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းနှင့် အခြေစိုက်တပ်ရင်းစခန်းများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် နှစ်ဖက်တိုက်ပွဲများကြောင့် တစ်လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံ(၂,၅၀၀)အတွက် စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။ ပြီးခဲ့သည့် မတ်လ ပထမအပတ်မှ စတင်ပြီး သင်္ဃန်းညီနောင်တွင် ဖြစ်ပွားခဲ့သည့် စခန်းသိမ်းတိုက်ပွဲ...

ပြည်သူအသက်အိုးအိမ် စိုးရိမ်ချက်ကြောင့် မြဝတီတိုက်ပွဲအတွင်း အနည်းငယ်ဆုတ်ခွာထားရကြောင်း KNU ပြော

ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးရှိ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဝင်ရောက် ပစ်ခတ်သည့်တိုက်ပွဲအတွင်း ပြည်သူလူထု၏အသက်အိုးအိမ် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်သဖြင့် နောက်သို့အနည်းငယ်ဆုတ်ခွာထားရကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ပြောသည်။ မြဝတီအခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၇၅...

မြဝတီချစ်ကြည်ရေးတံတား အမှတ် (၁) ယာယီပိတ်ထားပြီး ပတ်စ်ပို့ဗီဇာဖြတ်သန်းခွင့်နှင့်ကျန်းမာရေး လူနာပို့ဆောင်မှုကို ခွင့်ပြုထား

ဧပြီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ချစ်ကြည်ရေးတံတားအမှတ် (၁) တွင် ဧပြီလ ၂၁ ရက်ယနေ့၊ နံနက်ပိုင်းမှ စတင်ပြီး တံတားဖြတ်သန်းခွင့်ကို ယာယီပိတ်ထားပြီး နှစ်နိုင်ငံဝင်ထွက်ခွင့် ဗီဇာ၊ ပတ်စ်ပို့ဖြင့် ဝင်ထွက် မှုနှင့်အရေးပေါ်ကျန်းမာရေးကိစ္စလူနာလွှဲပြောင်းပို့ဆောင်မှုတို့ကို ခွင့်ပြုထားကြောင်း တံတား ဖြတ်...

နယ်‌မြေအတွင်း သတင်းရယူခြင်းဆိုင်ရာ စည်းကမ်းချက်များ KNU ထုတ်ပြန်

ဧပြီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့်နယ်‌မြေများအတွင်း ဝင်ရောက်သတင်းရယူမည့် ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာများအနေဖြင့် သတင်းယူရန်ခွင့်ပြုချက်တောင်းခံခြင်းနှင့် လိုက်နာ ရမည့် စည်းကမ်းချက်များကို KNU က ယနေ့ ထုတ်ပြန်ကြေညာသည်။ KNU သတင်းနှင့်ပြန်ကြားရေးဆိုင်ရာ ပေါ်လစီနှင့်ကျင့်ဝတ်စည်းကမ်းများအရ ပြင်ပသတင်းမီဒီယာများသည် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်သတင်းယူမည်ဆိုပါက ကေအဲန်ယူ-ဗဟို၏ခွင့်ပြုချက်တောင်းခံ၍...

ကော့ကရိတ်တွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေသဖြင့် KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာ

ဧပြီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၉၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ကော့ကရိတ်မြို့မြောက်ပိုင်းသို့ ဧပြီလ(၂၀)ရက်နေ့မှစ၍ အပြင်းအထန်ထိုးစစ်ဆင်လာသဖြင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် တပ်စွဲထားသည့် မြို့အချို့နေရာများမှ ယာယီဆုတ်ခွာထားရကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ လေးလာကြာမြင့်လာသည့် ကော့ကရိတ်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်က...

စစ်တပ်၏ ဗုံးကြဲပစ်ခတ်မှုကြောင့် မြဝတီမြို့ခံ ၆,ဝဝဝ ဝန်းကျင် တိမ်းရှောင်နေရပြီး ထိခိုက်သေဆုံးသူများရှိနေ

ဧပြီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မြဝတီကုန်သွယ်ရေးတံတားအမှတ် (၂) တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထိခိုက်သေဆုံးမှုအပြင် မြဝတီမြို့ရှိ ဒေသခံ (၆ဝဝဝ)နီးပါး ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်နှင့် သောင်ရင်းမြစ် ကမ်း နားနေရာများသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုရှိနေကြောင်း မြို့ခံကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူ ပြောဆိုချက်အရ...
Donate