KIC News
အပူချိန် ပြင်းထန်၍ မွန်ပြည်နယ် မြို့နယ်အချို့တွင် ရေရှားပါးမှုကြုံတွေ့နေရ
ဧပြီလ ၂၃ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ယခု နွေရာသီကာလ အပူချိန်ပြင်းထန်မှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ရေရရှိမှု ခက်ခဲလာပြီး ရေရှားပါးမှုပြဿနာကို ကြုံတွေ့ နေရကြောင်း မွန်ပြည်နယ်ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
မော်လမြိုင်၊ ချောင်းဆုံ နှင့် ကျိုက်မရောအစရှိသည့် မြို့နယ်များအတွင်းရှိ ကျေးရွာနှင့် ရပ်ကွက်တချို့တွင် ပြီးခဲ့သည့်...
သံတောင်ကြီးမြို့ လျှပ်စစ်ရုံးက မီတာစာရွက်မပေးဘဲ ကျသင့်ငွေ စာရင်းစာရွက်ဖြင့်သာ မီတာခများ ကောက်ခံ
ဧပြီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ လျှပ်စစ်ရုံး တာဝန်ရှိဝန်ထမ်းများက တစ်အိမ်ခြင်း သုံးစွဲယူနစ် အလိုက် ကျသင့်ငွေပမာဏ တိတိကျကျဖော်ပြထားသော မီတာစာရွက်များ ပေးဝေခြင်းမရှိဘဲ အိမ်နံပါတ်၊ အမည်နှင့်ငွေပမာဏသာ ပါဝင်သောစာရင်းစာရွက်ဖြင့် မီတာခများကောက်ခံနေကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လဒုတိယအပတ်က သံတောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်...
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ
ဧပြီလ ၂၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ် နိုအောလာ ကျေးရွာအုပ်စုထဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ခရိုင်တာဝန်ရှိသူထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၀ရက်၊...
ဆွာမြို့အရှေ့ဘက်တွင် ကလေးနှင့် မိန်းကလေးအပါအဝင် အရပ်သား(၄)ဦးကို စစ်ကောင်စီတပ် ပစ်သတ်၊ (၅)ဦး ထက်မနည်းဖမ်းဆီးခံရ
ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ရှိ ရွာသစ်ကျေးရွာမှ ကလေးနှင့် မိန်းကလေး အပါအဝင် အရပ်သား(၄)ဦးကို စစ်ကောင်စီတပ်က ဧပြီလ(၂၁)ရက်၊ ယမန်နေ့တွင် ပစ်သတ်ခဲ့ပြီး ၎င်းတို့ တပ်စွဲထားသည့် ခင်တန်းနှင့် ထန်းပင်ကုန်းရွာရှိ ဒေသခံ (၅)ဦးထက်မနည်းသည်လည်း ဧပြီလ(၁၇)ရက်နေ့မှ...
စစ်ကောင်စီ စစ်ကူယာဉ်တန်း ဒေါနတောင်ခြေတွင် တိုက်ခိုက်ခံရ၍ သံချပ်ကာကားနှင့် စက်သေနတ်တင်ကား ၂ စီးပျက်စီးပြီး ပြန်ဆုတ်ပြေးရ
ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ကို စစ်ကူတက်လာသည် စစ်ကောင်စီစစ်ကြောင်း ကော့ကရိတ်မြို့အထွက် အာရှလမ်းမ တောနော် ရေတံခွန်လမ်းကွေ့နေရာအနီးတွင် ဧပြီ ၂၁ ရက်ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သံချပ်ကာ ကားနှင့် စက်သေနတ်တင်ကား ၂ စီး ပျက်စီးပြီး...













