KIC News
ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ် (၆၀)ဦးကျော်ပါဝင်သည့် ဆွာအရှေ့ဘက်ရှိ စစ်ရှောင်ထောင်ချီ စားနပ်ရိက္ခာအကူအညီလိုအပ်
ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၅)နှစ်အောက် ကလေးငယ်(၆၀)ဦးပါဝင်သည့် ထောင်နှင့်ချီသော စစ်ဘေး ရှောင်များသည် စစ်ရှောင်ချိန်တစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်၍ စားနပ်ရိက္ခာလိုအပ်လာကြောင်း ၎င်းတို့အား အကူအညီပေးနေသူထံမှ သိရသည်။
ပြီးခဲ့သည့်အပတ်က ဆွာမြို့အရှေ့ ခြမ်းတွင် ထိတွေ့တိုက်ပွဲနှင့်လေကြောင်းပစ်ခတ်မှုများဖြစ်ပွားသဖြင့်...
ထိုင်းဘက်ခြမ်း တိမ်းရှောင်လာသည့် မြဝတီ စစ်ရှောင်အားလုံးကို ပြန်လည်ပို့ဆောင်ပြီး စစ်ရှောင်စခန်းရုပ်သိမ်း
ဧပြီလ ၂၄ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်တွင် တိမ်းရှောင်လာသည့် မြဝတီဒေသခံစစ်ရှောင်များအားလုံးကို ထိုင်း အာဏာပိုင်ဘက်မှ ဧပြီလ ၂၄ ရက်၊ ယနေ့ နေ့လည်အချိန်တွင် နေရပ်ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း မဲဆောက်မြို့ အစိုးရ ဌာနဆိုင်ရာက ထုတ်ပြန်ထားသည်။
ထိုင်းဒေသ အာဏာပိုင်များက စီစဉ်ပေးထားသည့် နွားခြံနှင့် ဆိတ်ခြံ...
ရေးဘီလူးအဖွဲ့ခေါင်းဆောင်လုပ်ကြံခံရဟု သတင်းအမှားများ ဖြန့်ဝေနေ
ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ရေးဘီလူးအဖွဲ့ခေါင်းဆောင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ဧပြီလ(၂၃) ရက်၊ ယမန်နေ့တွင် စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ဓာတ်ပုံ နှင့်တကွ သတင်းအမှားများ ဖြန့်ဝေနေကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
၎င်းကို အလှူငွေကိစ္စကြောင့်...
ထားဝယ်တွင် ရိက္ခာယူရန်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး
ဧပြီလ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသရှိ ကျောက်မဲတောင် ဗျူဟာကုန်းမှ ရိက္ခာယူရန်လာသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်သည့်အတွက် (၅)ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ဝင်များက ပြောသည်။
အရှေ့တောနယ်ဒေသ ကျောက်မဲတောင်စခန်းအနီးတွင် ဧပြီလ(၂၂)ရက်နေ့က စစ်ကောင်စီမှ ရဟတ် ယာဉ်ဖြင့်...
ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး လသားအရွယ် ကလေးအပါအဝင် ၉ ဒဏ်ရာရ
ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်/တပ်မဟာ(၃) လယ်ဒို (ကျောက် ကြီး)မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၆ လသား အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ...














