Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ဝင်းရေးမြို့နယ်တွင်း တိုက်ပွဲဆက်လက်ပြင်းထန်၍ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံသောင်းချီ နေအိမ်မပြန်နိုင်ဘဲ တိမ်းရှောင်နေရဆဲ

မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီ တပ်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်၍ ကျေးရွာပေါင်း ၁၀ ရွာခန့်မှ သောင်းနှင့်ချီသော ဒေသခံများမှာ နေအိမ်မပြန်ရဲကြသေးဘဲ ယခုအချိန်ထိ တိမ်းရှောင်နေထိုင်ရဆဲဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့် ၂ လကတည်းက အနန်းကွင်းနှင့်...

ကညွတ်ကွင်းတံတား ကျိုးကျပြီးနောက် စစ်ကောင်စီက မြို့အရှေ့ဘက်သို့ လက်နက်ကြီးနှင့်လေကြောင်းသုံး ပစ်ခတ်

မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ စစ်ကောင်စီတပ်ရိက္ခာသယ်ဆောင်ရေးလမ်းကြောင်း အဖြစ် အသုံးပြုနေသော ငနုသန်းတံတား မေလ(၁)ရက် ယမန်နေ့က မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ကျိုးကျ ပျက်စီးခဲ့ပြီးနောက် ကညွတ်ကွင်းမြို့၏အရှေ့ဘက်သို့ စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်မှ သိရသည်။ စစ်ကောင်စီ၏...

တိုက်ပွဲရက်ရှည်လာ၍ တိမ်းရှောင်နေရသည့် တနင်္သာရီဒေသခံများ စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသောကြောင့် ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ဆက်လက်တိမ်းရှောင်နေကြရသော ဒေသခံများမှာ စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။ နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းပစ်ခတ်မှုကြောင့် သိန္ဓောကျေးရွာအုပ်စုရှိ သိန္ဓော၊ မိုင်းသတ္တု၊ သူဌေးအရှေ့၊...

မြဝတီမြို့တိုက်ပွဲအပေါ် PDF နှင့် EAO အကြား စစ်ကောင်စီ သွေးခွဲဝါဒဖြန့်မှု သတိပြုစေလို

မြဝတီမြို့တိုက်ပွဲအပေါ် PDF နှင့် EAO အကြား စစ်ကောင်စီ သွေးခွဲဝါဒဖြန့်မှု သတိပြုစေလို စောအယ်ကလူတော (မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်) ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သော မြဝတီမြို့တိုက်ပွဲတွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ မြို့အတွင်းမှ ဆုတ်ခွာသွားသည့် အခြေအနေကို အခွင့်ကောင်းယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)အကြား...

သံတောင်ကြီး (၁၃)မိုင်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဒေသခံအချို့ ဖမ်းဆီးခံရ

မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တောင်ငူ-သံတောင်လမ်း (၇)မိုင် အကျော်တွင် ဒေသခံအချို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခြင်းခံလိုက်ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ(၂၅)ရက်နေ့က ပျားစခန်းကျေးရွာအကျော် (၁၁)မိုင်ကုန်းရှိ သံတောင်-တောင်ငူ...

ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်ကို UID စမတ်ကဒ်အချက်အလက်ဖြင့် ဖြတ်သန်းခွင့်ပြုသည့်စနစ် ပြောင်းလဲ ကျင့်သုံး

မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့်ကို Unique Identification Number-UID ကုဒ်နံပါတ် ၁၀ လုံးပါ (ဒီဂျစ်တယ် မှတ်ပုံတင် စမတ်ကဒ်) အထောက်အထားပြသမှတ်တမ်းတင် စစ်ဆေးပြီးမှ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ထုတ်ပေးသည့်စနစ်ကို ယမန်နေ့ မေလ...

ကရင်ပြည်နယ် မြဝတီတိုက်ပွဲအပေါ် ဖြစ်ပေါ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေး အခြေအနေအား သုံးသပ်ခြင်း

ကရင်ပြည်နယ် မြဝတီတိုက်ပွဲအပေါ် ဖြစ်ပေါ်လာနိုင်သည့် စစ်ရေး၊ နိုင်ငံရေး အခြေအနေအား သုံးသပ်ခြင်း မတ်လ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ဗေဒါ (မြစ်ဝကျွန်းပေါ်) ----- နိဒါန်း KNU-ကရင်အမျိုးသားအစည်းအရုံးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်‌ရေးအဖွဲ့အစည်းများထဲမှာ သက် တမ်းရှည်သော ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သည်၊၊ ၁၉၄၉ ခုနှစ်၌ လက်နက်ကိုင်တော်လှန်ရေး စတင်ပြီးနောက် မြန်မာအစိုးရ အဆက်ဆက်ဖြစ်သော ဖဆပလ...

အထူးကွန်မန်ဒိုတပ်ရင်းမှူး ဗိုလ်စလုံးကို တာဝန်မှ တစ်နှစ်အနားပေးကြောင်း KTLA ထုတ်ပြန်

မေလ ၂ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ကော်သူးလေအာမီ-KTLA၏ အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဗိုလ်စလုံးကို အစည်းအဝေးဆုံးဖြတ်ချက်အရ အဖွဲ့အစည်းမှ တစ်နှစ်တာဝန်ရပ်နားလိုက်ကြောင်း အဖွဲ့၏ ဗဟိုဌာနချုပ်ရုံးက ဧပြီလ ၂၅ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အထူးကွန်မန်ဒို တပ်ရင်းမှူး ဗိုလ်စလုံးသည် ပြည်သူလူထု၏ သဘောထားအမြင်ကို ဆန့်ကျင်ခြင်း၊ အဖွဲ့ အစည်းနှင့်...
Donate