Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

နေရပ်ပြန်နေထိုင်ရန် စစ်ကောင်စီက ဖိတ်ခေါ်သော်လည်း ကော့ကရိတ်မြို့ခံအများစု ပြန်မနေရဲကြသေး

မေလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့သို့ ပြန်လည်နေထိုင်ရန် ဒေသခံများအား ဖိတ်ခေါ်ထားသော်လည်း အများစုမှာ လုံခြုံရေးအခြေအနေကြောင့် ပြန်မနေရဲကြသေးကြောင်း ကော့ကရိတ်မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလပိုင်းက မြို့ခံများနေရပ်ပြန်နေထိုင်နိုင်ကြောင်း စစ်ကောင်စီက ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး အများ စုမှာ မိမိတို့နေအိမ်မှ ကျန်ရှိသည့်ပစ္စည်းများကို...

ဝင်းရေးမြို့နယ်ရှိ တောင်စွန်းစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

မေလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ် တောင်စွန်း (လေးနော်)ရွာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်က မေလ ၃ ရက်၊ ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း မြေပြင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ၊...

ကရင်ပြည်နယ်တွင် ဒေသထွက် ဒူးရင်းသီး စျေးကောင်းရရှိနေ

မေလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်တွင် ယခုနှစ် ဒေသထွက်ဒူးရင်းသီးစပေါ်သည့်ကာလတွင် စျေးကောင်းရရှိနေပြီး ပင်ကြွေသီးတစ်လုံးကို ၃၀,၀၀၀ (သုံးသောင်း)ကျပ်အထိ စျေးရရှိနေသည်ဟု ဒေသထွက် သီးနှံများ ရောင်းဝယ်သူထံမှ သိရသည်။ ပထမအကြိမ် ဒူးရင်းသီးစတင်မှည့်သည့် ဧပြီလနှင့် မေလတွင် ဒေသထွက် ပင်ကြွေဒူးရင်းသီးတစ်လုံးကို ၇၀၀၀ (ခုနစ်ထောင်)ကျပ်မှ...

ကရင်နီပြည်တွင် ၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော် သေဆုံးကြောင်း PKPF ထုတ်ပြန်

မေလ ၃ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ် ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု-PKPF ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ အာဏာသိမ်း ၃ နှစ်ကျော်ကာလ ကရင်နီ(ကယား)ပြည်နယ်အတွင်း ကရင်နီတော်လှန်ရေးအင်အားစုများ နှင့်...

KNU ၏ မီဒီယာဆိုင်ရာထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KNU ပြောခွင့်ရနှင့် ဆက်သွယ်မေးမြန်းချက်။

KNU ၏ မီဒီယာဆိုင်ရာထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KNU ပြောခွင့်ရနှင့် ဆက်သွယ်မေးမြန်းချက်။ ---- “မီဒီယာလွတ်လပ်ခွင့်ကို အပြည့်အဝ ကျနော်တို့လက်ခံထားပါတယ်။ သတင်းကို ထိန်းချုပ်လိုစိတ်တွေ ဘာတွေ ကျနော်တို့ဆီမှာ မရှိပါဘူး။ နိုင်ငံတကာသတင်းသမားတွေရဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း ကျနော်တို့ လိုက်နာသလို လက်ခံသလို ကျနော်တို့ရဲ့အဖွဲ့အစည်းအတွင်းမှာ ကျင့်သုံးရမယ့် စည်းမျဥ်းစည်းကမ်း တွေကိုလည်း ကျနော်တို့...

မီဒီယာနှင့် လူ့အခွင့်အရေးကာကွယ်သူတို့၏ အသံကိုမြှင့်တင်ရန် Exile Hubအဖွဲ့ ကမ်ပိန်းပြုလုပ် ဂုဏ်ပြု

မေလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မြန်မာမီဒီယာသမားများနှင့် လူ့အခွင့်အရေးကာကွယ်သူတို့ကို ပံ့ပိုးကူညီနေသည့် Exile Hub အဖွဲ့က ယနေ့ မေလ (၃)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ တွင် “ငါ့အသံသာကျန် တော့တယ် (#OnlyMyVoiceLeft)”ကမ်ပိန်း ပြုလုပ် ဂုဏ်ပြုလျက်ရှိကြောင်း အဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ အာဏာရှင်စနစ်အုပ်ချုပ်မှုအောက်တွင်...
Donate