Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

သရက်ချောင်းမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်

မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီမှလေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက် မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သရက်ချောင်းမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာတွင် တပ်စွဲထားသော...

ဖားဆောင်းမြို့ လက်မလွှတ်ရရေး စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု အပြင်းအထန်ပြုလုပ်နေ

မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အပြင်းအထန် လုပ်ဆောင်လျက်ရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့(KNDF) တာဝန်ရှိသူများက ပြောသည်။ ဖားဆောင်းမြို့သိမ်းပိုက်နိုင်ရေးအတွက် ကရင်နီတော်လှန်ရေးအင်အားစုများမှ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၁၃၄) ၊(ခလရ-၁၃၅) တို့နှင့် တိုက်ပွဲပြင်းထန်နေပြီး...

UID ကဒ်ပြုလုပ်ရာတွင် ပွဲစားအခကြေးငွေ ကျပ် ၅ သောင်းအထိ ပေးဆောင်နေရ

မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက်အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဖြတ်သန်းသွားလာခွင့်ရရှိရန် Unique Identification Number-UID ကုဒ်နံပါတ် ၁၀ လုံးပါ (ဒီဂျစ်တယ် မှတ်ပုံတင် စမတ်ကဒ်) ကို ပြုလုပ်ရာတွင် ပွဲစားခကြေးငွေ ကျပ် ၅...

ကျိုက်ထိုနယ်မြေရဲစခန်းမှ နယ်ထိန်းနှင့်ယာဥ်ထိန်းရဲ (၂) ဦးအား PDF နှင့်ဆက်စပ်ဟုဆိုကာ စစ်ကောင်စီ ဖမ်းဆီး

မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့နှင့် ယာဥ်ထိန်း ရဲတပ်ဖွဲ့ဝင် (၂)ဦးအား စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်အချို့နှင့် အဆက်အစပ်ရှိသည်ဟုဆိုကာ မေလ (၅)ရက်နေ့ က ဖမ်းဆီးသွားကြောင်း ရဲစခန်းနှင့်နီးစပ်သည့်သတင်းအရင်းအမြစ်မှ သိရသည်။ ၎င်း တပ်ဖွဲ့ဝင် (၂)ဦးလုံးကို...

နေပြည်တော်အနီးရှိ ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေတွင် စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့

ဧပြီလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီ၏ ဌာနချုပ်အခြေချရာ နေပြည်တော်ကောင်စီနယ်မြေနှင့်နီးသည့် ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံး ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်/တပ်မဟာ(၂)တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်သည့်အတွက် အသက် (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကေအဲန်ယူ တောင်ငူခရိုင်၊...

ကော့ကရိတ်တွင် စာသင်ကျောင်းများ စာသင်နှစ်အမီ ပြန်ဖွင့်နိုင်ရေး စစ်ကောင်စီ ဖိအားပေး

မေလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ စာသင်ကျောင်းများ ယခု ၂၀၂၄ ခုနှစ် စာသင်နှစ်တွင် အချိန်မီပြန်ဖွင့်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေပြီး ဆရာ၊ဆရာမများအား ဖိအားပေး နေရပ်ပြန်ခိုင်းနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ မြို့တွင်းတိုက်ပွဲ ငြိမ်သက်နေသည့် ကော့ကရိတ်မြို့ပေါ် ပြန်လည်ဝင်ရောက်နေထိုင်ရန်...
Donate