Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

မိုးရာသီနှင့်ကျန်းမာရေး အထူးအလေးပေးပါ(အယ်ဒီတာ့အာဘော်)

မိုးရာသီနှင့်ကျန်းမာရေး အထူးအလေးပေးပါ (အယ်ဒီတာ့အာဘော်) လူတဦးနှင့်တစ်ဦး တွေ့ဆုံနှုတ်ဆက်ရာ၌ အသုံးအများဆုံး စကားလုံးတစ်ခုမှာ “နေကောင်းလား၊ ကျန်းမာလား” ကရင် လို (“အိုဆူအိုခလေး”) ဟူ၍ နှုတ်ဆက်လေ့ရှိသည်။ ထို့အပြင် ကျန်းမာရေးနှင့် ပတ်သက်လာလျင် “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဟူ၍ ပြောစမှတ်အဆို ရှိလေသည်။ လောကီလူသားတို့အတွက် ကျန်းမာရေးသည် လွန်စွာ အရေးပါသည်ကို အားလုံးသိထားပြီးပင်...

တနင်္သာရီမြို့နယ် ဒေသခံများ စစ်ဘေးအပြင် ရေဘေးဒဏ်ကိုပါ ကြုံတွေ့နေရ

ဇူလိုင်လ ၃၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၂)ရွာမှ ဒေသခံများအနေဖြင့် စစ်ဘေးဒုက္ခအပြင် ရေဘေးဒုက္ခကိုပါ ကြုံတွေ့နေကြရကြောင်း သိရသည်။ တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ၂၅ရက်နေ့မှ စတင်ပြီး မိုးဆက်တိုက်ရွာသွန်း၍ တနင်္သာရီ မြစ်ရေသည် စိုးရိမ်ရေအမှတ် (၁၇)ပေသို့ ကျော်လွန်ခဲ့သောကြောင့်...

သံလွင်မြစ်ရေ ဆက်လက်မြင့်တက်လာသောကြောင့် ဖားအံတွင် ရေဘေးရှောင် ပြည်သူတိုးလာလျက်ရှိ

ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သံလွင့်မြစ်ရေ ဆက်လက် မြင့်တက်လာသောကြောင့် ယာယီရေဘေးရှောင်စခန်းများတွင် ရေဘေးရှောင်ပြည်သူများတိုး လာကြောင်း ဖားအံမြို့နေ ဒေသခံများကပြောသည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဖားအံမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက်နေ့မှစတင်ပြီး သံလွင်မြစ်ရေ စံချိန်တင် မြင့်တက်လာပြီး...

စစ်မှုထမ်းဥပဒေ ရှောင်လွှဲသည့် လူငယ်များ BGF ထံဝင်ရောက်မှု များပြားဟု တာဝန်ရှိသူပြော

ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်း စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကိုရှောင်လွှဲရန် အနယ်နယ်အရပ်ရပ်ရှိ လူငယ်လူရွယ်အများ သည် ကရင်ပြည်နယ်၊ နယ်ခြားစာင့်တပ်-BGF တပ်ဖွဲ့ထံ ဝင်ရောက်မှု များပြားလျက်ရှိသည်ဟု BGF တာဝန်ရှိသူများက ပြောသည်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ကရင်ပြည်နယ်အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ...

ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် ညောင်လေးပင်ခရိုင်အတွင်း သွားလာရာတွင် မြို့နယ်မှ တိုင်းဝန်ကြီးရုံးအထိ ခွင့်ပြုမိန့်ယူနေရ

ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ရေဘေးသင့်နေရာများသို့ ကူညီကယ်ဆယ်ရေး သွားရောက်လုပ်ဆောင်ရန် စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးရုံးမှ ပဲခူးတိုင်းဝန်ကြီးချုပ်ရုံးအထိ အဆင့်ဆင့်ခွင့်ပြုမိန့်တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုမိန့်ပါမှသွားလာခွင့်ရမည်ဟု စစ်ကောင်စီတပ်ဂိတ်များက ပြောဆိုကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)အုပ်ချုပ်နယ်မြေလည်းဖြစ်သော ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ မြစ်ရေကြီးပြီးတောင်ကျရေလျှံကျသဖြင့်...

ကျိုက်ဒုံမြို့ရေကြီးမှုတွင် သေဆုံးသူများရှိ၍ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေ

ဇူလိုင်လ ၂၉ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ရေကြီးရေလျှံမှုဖြစ်ပွားရာတွင် သေဆုံးသူများရှိ၍ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နေရကြောင်း ကျိုက်ဒုံမြို့ခံများက ပြောသည်။ ကျိုက်ဒုံမြို့ရှိ ရပ်ကွက် (၆) ခုအနက် ရပ်ကွက် (၃)ခုတွင် ရေကြီးရေလျှံမှုဒဏ်အပြင်းအထန်ခံနေရပြီး ရေနစ်သေဆုံးသူများရှိ၍ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နေရခြင်းဖြစ်ကြောင်း ကျိုက်ဒုံမြို့ ကူညီကယ်ဆယ်ရေးအဖွဲ့...
Donate