Home သတင်း ဒေါနတောင်ပေါ်လမ်းဟောင်းတွင် စစ်ရေးတင်းမာမှုနှင့် မြေပြိုလမ်းပျက်မှုများကြောင့် ကုန်စည် ကားများသွားလာမရဖြစ်နေ

ဒေါနတောင်ပေါ်လမ်းဟောင်းတွင် စစ်ရေးတင်းမာမှုနှင့် မြေပြိုလမ်းပျက်မှုများကြောင့် ကုန်စည် ကားများသွားလာမရဖြစ်နေ

808
Photo: CJ

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်း နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA မဟာမိတ် ပူးပေါင်းတပ်တို့အကြား စစ်ရေး တင်းမာမှုနှင့် မိုးရွာသွန်း၍ လမ်းပျက်မြေပြိုမှုများကြောင့် ကုန်စည်ကားများ ၁၀ ရက်ကျော်ကြာအထိ သွားလာမရသေးကြောင်း သိရသည်။

ယခင်လ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ယနေ့အထိ ဒေါနတောင်ပေါ် (လမ်းဟောင်း)တွင် မြဝတီမှ ထိုင်း ကုန်စည်တင်ပြီး ရန်ကုန်-မော်လမြိုင်ဘက် သွားလာမည့်ကုန်ကားနှင့် ထိုင်းနိုင်ငံဘက်ပို့မည့် မြန်မာကုန်ပစ္စည်းကားများ သွားလာမရခြင်းကြောင့် ကော့ကရိတ်မြို့ဘက်နှင့် မြဝတီ မြို့ ဘက်တွင် ကားအစီးရေ ၁,၀၀၀ ဝန်းကျင်ခန့်ပိတ်မိနေသည်ဟု ယာဉ်မောင်းများက ကေအိုင်စီသို့ ပြောသည်။

ယာဉ်မောင်းတစ်ဦးက “အခုအချိန်ထိကို အဆင်းကားတွေမလာသေးဘူး ။ တောင်ပေါ်မှာ အဆင်းကားတွေ တော်တော်များတ်။ အခုအချိန်ထိကို မလွှတ်ပေးသေးဘူး၊ ကော့ကရိတ်၊ ရန်ကုတ်၊ အောက်ဘိုတဲ၊ မြဝတီညီနောင်၊ ရွာသစ် ၊ တံတားကျိုးမှာ အပေါ်အောက်ဆို ကားထောင်ဂ ဏန်းလောက်ရှိတယ်။ မြဝတီက အဆင်းကားတွေက ပိုများ တယ် ” ဟု ပြောသည်။

Photo: CJ

ထို့အပြင် သြဂုတ်လ ၈ ရက်နေ့မှစပြီး ရန်ကုတ်၊ စော်ဟဲ၊ အောက်ဗိုလ်တဲနှင့် ကော့ကရိတ်မြို့ အကြားတွင် စစ်ကောင်စီစစ်ကြောင်းနှင့် KNLA မဟာမိတ်ပူး ပေါင်းတပ်များအကြား တိုက်ပွဲ များဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် အဆင်းကားအပြင် အတက်ကားများပါ ပေးမ သွားသောကြောင့် တစ်ချို့က ထို့ကော်ကိုးလမ်းပိုင်းနှင့်ကြက်ဥတောင်လမ်းပိုင်းများဘက်သို့ ပြောင်းလဲ မောင်းနှင်ကြသော်လည်း လမ်းပျက်မြေပြိုမှုများကြောင့် ကားပျက် ၊ ကားဗွက်နစ်မှုများရှိနေကြောင်း သိရသည်။

“ ညီနောင် တံတားကျိုးမှာ ၂ ညရှိပြီတိုက်ပွဲဖြစ်နေလို့။ ကားတွေ သွားမရဘူး၊ အောက်ဗိုလ်တဲနဲ့ ကော့ကရိတ်ဘက်က အရင်ရက်တွေကတော့ အတက်ကား တွေကိုပေးသွားနေတယ်။ တချို့လည်း မစောင့်နိုင်တော့ နဘူး၊ ထိုကော်ကိုး၊ ကြက်ဥတောင်ဘက်က လမ်းပတ်ပြီး ပြောင်းသွားကြတယ်။ အဲဒီမှာ လည်း ကားပျက်တာ ဗွက်နစ်တာတွေရှိလို့ လမ်းပိတ်နေရင် ကားတွေ ပိတ်မိနေပြန်ရော ၊ ဘယ်လမ်းက သွားသွားရက်ကြာတာမျိုး ဖြစ်နေတယ် ”ဟု နောက်ထပ် ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။

လက်ရှိ ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီအာရှလမ်းသစ် ကော့ကရိတ်ဒေသများတွင် စစ်ကောင်စီတပ် နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်များအကြား ပျောက်ကြားတိုက်ပွဲများ ဆက်ဖြစ် နေဆဲဖြစ်သည်။ ထိုအခြေအနေကြောင့် မြန်မာပြည်ကုန်ပစ္စည်းများ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်အဝင် မရှိသလို၊ ထိုင်းကုန်စည်များလည်း မြန်မာပြည်တွင်း ပို့ဆောင်မှုရပ်တန့်နေကြောင်း ဒေသတွင်း ကုန်စည်လုပ်ငန်းရှင်များက ပြောသည်။