Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

ကျောက်မဲနှင့်နောင်ချိုမြို့နယ်များတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း TNLA ဆို

ဩဂုတ်လ(၃)ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ရှိ စစ်ကောင်စီလက်ကျန် စခန်းများကို ရရှိနိုင်ရေး အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ဆက်လက်တိုက်ခိုက်နေသောကြောင့် စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကြောင်း TNLA မှ ယမန်နေ့ညတွင် သတင်း ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်ကျန်စခန်းများဖြစ်သည့် ခြေမြန်တပ်ရင်း(ခမရ-၅၀၁) နှင့် (ခမရ-၅၀၂) တပ်ရင်းများကို ယမန်နေ့...

သာပေါင်းမြို့နယ် ရေဘေးကူညီရေး သွားရောက်လုပ်ကိုင်နေသည့် Future Light ဖောင်ဒေးရှင်း(ပန်းတနော်) ဥက္ကဌ၊ စအိုင်ထီးခန့်နှင့် ဆက်သွယ်မေးမြန်းခြင်း

သာပေါင်းမြို့နယ် ရေဘေးကူညီရေး သွားရောက်လုပ်ကိုင်နေသည့် Future Light ဖောင်ဒေးရှင်း(ပန်းတနော်) ဥက္ကဌ၊ စအိုင်ထီးခန့်နှင့် ဆက်သွယ်မေးမြန်းခြင်း ----------------- “အခု ပိုက်ဆံရှိတောင် ဝယ်စားလို့ မရတဲ့အခြေအနေပါ၊ အလှမ်းဝေးတဲ့ နေရာပေါ့” Future Light ဖောင်ဒေးရှင်း(ပန်းတနော်) ဥက္ကဌ၊ စအိုင်ထီးခန့် ဩဂုတ်လ ၃ ရက်၊ ၂၀၂၄ ခုနှစ်။...

ကြာအင်းဆိပ်ကြီး နှင့် ကျိုက်မရော ရေလွှမ်း၍ ဘုရားသုံးဆူမှ ထိုင်းကုန်စည် စီးဆင်းမှု ရပ်တန့်နေ

ဩဂုတ်လ ၃ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ နှင့် ကျိုက်မရောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ဒေါနတောင်ကျရေကြောင့် ဟောင်သရော၊အထ္ထရံ၊ဂျိုင်းမြစ် နှင့် ဇမိမြစ်များတွင် မြစ်ရေလျှံမှုကြောင့် ကျေးရွာခြင်ဆက်လမ်းများနှင့် ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး နှင့် မော်လမြိုင်လမ်းမကြီးများ ရေကြီးရေလျှံနေ၍ ထိုင်းကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း ဒေသခံ ကုန်ကားသမားများထံမှ သိရသည်။...

ရန်ကုန်အပါအဝင် မွန်နှင့်ကရင်ပြည်နယ်တွင် စက်သုံးဆီ ပြတ်လပ်နေဆဲ

ဩဂုတ် ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့အပါအဝင် မွန်နှင့်ကရင်ပြည်နယ် မြို့နယ်အချို့တို့တွင် ပြီးခဲ့သည့် ဇူလိုင်လကုန်မှစ၍ ယနေ့အထိ မော်တော်ယာဥ် စက်သုံးဆီ ပြတ်လပ်နေဆဲဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်များမှလည်း လိုသလောက်ဝယ်ယူ၍မရကြောင်း မြို့ခံများက ပြောသည်။ စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က စက်သုံးဆီဝယ်ယူပေးချေရန် လုပ်ငန်းရှင်များသို့ ဒေါ်လာရောင်းချပေးခြင်းမရှိသောကြောင့်...

ထားဝယ်မြို့နယ် နှစ်ဖက်တိုက်ပွဲ (၃) ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ကျော်သေဆုံး

ဩဂုတ်လ ၂ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာတွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေး ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၂၇)ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံများ၏ အတည်ပြု ပြောဆိုချက်များအရ သိရသည်။ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ(၂၄)နေ့တွင်...

ထိုင်းရောက် MOU အလုပ်သမားများကို စစ်ကောင်စီ အခွန်စည်းကြပ်မှု စတင်မည်

ဩဂုတ် ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမားများ မိသားစုထံ လုပ်ခ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်မှ လွှဲပို့ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းပေးဆောင်ရမည့် အခွန်စည်းကြပ်မှုကို ဩဂုတ်လတွင် စတင်မည်ဟု စစ်ကောင်စီ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ဇွန် ၃၀...

မိုင်းကွဲပျက်စီးသွားသော ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိတံတားနေရာတွင် မြေကြီးဖို့ပြီးသဖြင့် ယာဥ်သွားလာခွင့်ရ

ဩဂုတ် ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် မိုးကောင်းရွာနှင့်ကမာစိုင်ရွာကြား ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိ ယနေ့ နံနက် ၁၂ နာရီ မိနစ်၂၀ ခန့်က မိုင်းကွဲပျက်စီးသွားသော ကွန်ကရစ်တံတားငယ်နေရာတွင် မြေသားဖို့ပြီးစီး သဖြင့် မော်တော်ယာဥ်များ သွားလာခွင့်ရပြီဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။ မိုင်တိုင်အမှတ်...
Donate