KIC News
ကေအဲန်ယူ နယ်မြေအတွင်း ရေကြီးပြီးနောက် စပါးပင် ပိုးကျ
စက်တင်ဘာ ၂ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်နှင့် ဖားအံခရိုင်တို့တွင် ရေကြီးပြီး ရေပြန်ကျချိန်၌ စပါးပင်များ ပိုးကျမှု ဖြစ်ပွားနေသည်ဟု လယ်သမားများက ပြောသည်။
စပါးပင်များသည် ရေကျပြီးနောက် ပိုးကျကာ ပင်စည်ရိုးဝါပြီး စပါးတစ်ပင်လုံး ဝါလာခြင်းမျိုးဖြစ်ပေါ် နေသလို တချို့နေရာ...
စစ်တပ်၏အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ချက်အပေါ် ပူးပေါင်းသူများကို အရေးယူမည်ဟု မွန်တော်လှန်ရေးတပ်(၃)ဖွဲ့ ထုတ်ပြန်
စက်တင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဩဂုတ်လ(၁၆)ရက်နေ့က ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟို ကြီးကြပ်မှုအဖွဲ့၏ ပြည်သူ့စစ်စုဆောင်းမှုဆောင်ရွက်ချက်များအပေါ် ပူးပေါင်းလုပ်ဆောင်သူများအား အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့(၃)ဖွဲ့ပူးပေါင်း၍ ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ ၎င်းအဖွဲ့မှ ပြည်နယ်နှင့်တိုင်းအလိုက် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်မှ...
မြေဝယ်လိုအားကောင်းသဖြင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်နေရာအချို့ကိုပါ မြေပိုင်ရှင်များက ရောင်းထုတ်လာ
စက်တင်ဘာ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ဘေးရှောင်ပြည်သူအပါအဝင် လူနေများပြားသည့် ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် မြေများဝယ်လိုအားကောင်းလာသဖြင့် မြေပိုင်ရှင်မှ စစ်ရှောင် ပြည်သူများနေထိုင်ရာ နေရာအချို့ကိုပါ ထုတ်ရောင်းမှုရှိလာကြောင်း ကရင်နီအခြေစိုက် စစ်ရှောင်ကူအဖွဲ့များမှ သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခပြင်းထန်လာမှုကြောင့် ဒီးမော့ဆိုအနောက်ဘက်ဒေသသို့ ပြည်သူများ စစ်ရှောင်နေထိုင်လာကြရာမှ...














