KIC News
ဖားအံမြို့ရေကြီးမှုတွင် ကလေးတစ်ဦးအပါအဝင် ဒေသခံ(၂)ဦး သေဆုံးခဲ့
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖားအံမြို့ပေါ်ရပ်ကွက်များ၌ ပြီးခဲ့သည့်ရက်ပိုင်းက သံလွင်မြစ်ရေလျှံတက်၍ ရေဖုံးလွှမ်းမှုဖြစ်ပွားခဲ့ရာတွင် အမည်မသိ အသက်(၁၄)နှစ်အရွယ် ကလေးငယ်(၁)ဦးနှင့် အမျိုးသား(၁)ဦးရေစီး ကြောင်းထဲမျှောပါသေဆုံးခဲ့ရကြောင်း မြို့ခံကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
သေဆုံးသူနှစ်ဦးအနက် ကလေးငယ်၏ရုပ်အလောင်းအား ဖားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ မိသားစုဝင်များ သိရှိနိုင်ရေးအတွက်လည်း အသိပေးထားသလို...
လောင်းလုံး၊ ညောပြင်ရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့
စက်တင်ဘာ ၁၈ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာအတွင်းရှိ နေအိမ်အများစုကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၇ ရက်နေ့တွင် တတိယအကြိမ် မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည်ဟု ကျေးရွာနေ ဒေသခံများနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါ ညောပြင်ကျေးရွာ၌ စစ်ကောင်စီက စစ်ကြောင်းထိုးစဉ်အချိန်က မီးရှို့ ဖျက်ဆီးခဲ့သည့်အတွက်...
“အိမ်ဦးနတ်ရဲ့ သောက”
"အိမ်ဦးနတ်ရဲ့ သောက"
ဆောင်းပါးရှင် - ကိုစိုင်း
နယ်မြို့လေးတစ်ခုအခြေစိုက် ဒေသတွင်းသတင်းဂျာနယ်မှာအယ်ဒီတာလုပ်တဲ့ ကိုစိုးအောင်အတွက် ကံကြမ္မာ အလှည့်အပြောင်းက ၂၀၂၁ စစ်အာဏာသိမ်းပြီး ခြောက်လအကြာမှာ စခဲ့ပါတယ်။
စစ်ကောင်စီတပ်က သတင်းတိုက်ကို နှစ်ကြိမ်တိုင် ဝင်စီးနင်းရှာဖွေပြီးနောက်မှာ သတင်းတိုက် ဆက်လက် လည်ပတ်ဖို့ မဖြစ်နိုင်တော့ဘဲ ဂျာနယ်ဘုတ်အဖွဲ့ ဆုံးဖြတ်ချက်ကြောင့် သတင်းစာရပ်နားခဲ့ရတယ်။
ပထမအကြိမ် ဝင်စီးနင်းကတည်းက ကိုစိုးအောင်ကံကောင်းစွာ...
ကလေးစစ်သားကိစ္စ မိဘမစုံ၍လာခိုလှုံသည့် ကလေးများရှိပြီး တချို့ကျောင်းပြန်တက်ခိုင်းရဟု BGF ပြော
စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်-မြဝတီတောင်ပေါ်လမ်းရှိနယ်ခြားစောင့်တပ်-BGF ဂိတ်အချို့၌ ကလေးစစ်သားများ တွေ့ရ သည့်ကိစ္စမှာ မိဘမစုံ၍ အခက်အခဲကြုံနေသည့် ကလေးများလာရောက်ခိုလှုံနေထိုင်မှုရှိပြီး ကျောင်းပြန်ထားပေးရသလို ပုံစံမျိုးစုံဖြင့်စောင့်ရှောက်ပေးနေရသည်ဟု BGF တပ်နယ် (၂) ဗျူဟာမှူး၊ ဗိုလ်မှူးစောတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တောင်ပေါ်လမ်း BGF...














