KIC News
ပုလောမြို့နယ်အတွင်း နယ်မြေစိုးမိုးနိုင်ရေး စစ်ကောင်စီ အင်အားရာချီသုံး၍ စစ်ကြောင်းထိုးနေ
အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့ နယ်မြေစိုးမိုးမှုရရန် အောက်တိုဘာလ(၁၄)ရက်၊ နံနက်ပိုင်းမှစ၍ အင်အား(၂၀၀)ကျော်ရှိ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်နေကြောင်း ပုလောမြို့နယ်တွင်းသတင်းအရင်းအမြစ်မှ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် တော်လှန်ရေးအင်အားစုတို့ ထိန်းချုပ်ထားနိုင်သော ပြည် ထောင်စုလမ်းမကြီးဘေးဒေသတစ်ဝိုက်ကို နယ်မြေစိုးမိုးမှုရရန်...
ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်တွင် EAO များ ပူးပေါင်းရန် စစ်ခေါင်းဆောင်ပြော
အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ (EAOs)များ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA...
လောင်းလုံးတွင် စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ သုံးဦး ထိခိုက်ဒဏ်ရာရ
အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၄ ။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းက အောက်တိုဘာ ၁၄ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံ ၃ ဦး ထိခိုက် ဒဏ်ရာရသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောဆိုသည်။
လောင်းလုံးမြို့နယ်ရှိအတွင်းရှိ...
ထားဝယ်ရိုးရာ သပိတ်မျှောပွဲကျင်းပရန် ပြင်ဆင်နေသည့် နေရာအနီး ဗုံးနှစ်လုံးထပ်မံပေါက်ကွဲ
အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၄ ။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်၌ စစ်ကောင်စီက ဦးဆောင်ကျင်းပသည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပမည့် နေရာအနီးတွင် ယနေ့ နံနက်အစောပိုင်းတွင် ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသည် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်အနီး တလိုင်း...
နှစ်ကာလကြာချီ ဖွင့်ထားသည့် လောင်းကစားငါးဂိမ်းရုံကြောင့် ကမမောင်းတွင် ဒုစရိုက်မှု ပိုများလာ
အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်၊ ကမမောင်းမြို့နယ်ခွဲအတွင်း ဖွင့်လှစ်ထားသော ဆယ်စုနှစ်ဝက်ကြာကာလ သက် တမ်းရှိ ငါးဂိမ်းလောင်းကစားရုံကြောင့် ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ခိုးဝှက်မှုများ ပိုမိုများပြား လာ ကြောင်း ဒေသခံသတင်းအရင်းအမြစ်များမှ သိရသည်။
နယ်ခြားစောင့်တပ်-BGF အုပ်ချုပ်မှုအားကောင်းသည့် ကမမောင်းမြို့နှင့်အနီး ကပ်ကျော်ကျေးရွာအပြင်ဘက်ရှိ...














