Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

DKBA ခေါင်းဆောင်တစ်ချို့တာဝန် တိုးပေးခံရ

ဒီဇင်ဘာ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA က ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ကို တာဝန်တိုးပေးခဲ့သည်ဟု ဒီဇင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ပြောသည်။ အဆိုပါ တာဝန်တိုးပေးခြင်းခံရသူများမှာ DKBA ကလို့ထူး‌ဘော ဗဟိုစစ်ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ်စောရွှေဝကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ဒုတိယစစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ရန် DKBA ဗဟိုအလုပ်မှုဆောင်ကော်မတီ...

မသန်စွမ်းကလေးများကို လျစ်လျူမရူ့ဘဲ တန်းတူဆက်ဆံရန် လိုအပ်

ဒီဇင်ဘာ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မိမိတို့ ပတ်ဝန်းကျင်ရှိ မသန်စွမ်းကလေးငယ်များကို လျစ်လျူမရူ့သင့်သလို ပညာသင်ကြားရေးအပါအဝင် တန်းတူ အခွင့်အရေးပေးရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ Star Flower School ၏ ကျောင်းအုပ်ဆရာမကြီး နော်သူးမွဲဖောက တိုက်တွန်းပြောဆိုသည်။ ယနေ့ ဒီဇင်ဘာ ၃ ရက်‌...

မာထောစခန်းကျပြီးနောက် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးကို KNLA ဖမ်းမိ

ဒီဇင်ဘာ ၃ ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီ မာထောစခန်း ကျပြီးနောက် ထွက်ပြေးသည့်တပ်ဖွဲ့ဝင် ၃၆ ဦးကို ဒီဇင်ဘာ ၂ ရက်တွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဘက်က ဖမ်းဆီးရမိသည်ဟု မြေပြင်...

ရေးတွင် စစ်ကောင်စီယာဉ် ကြားဖြတ်တိုက်ခိုက်ခံရ ၃ ဦးသေဆုံး

ဒီဇင်ဘာ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံသာကျေးရွာ အမှတ်(၈)လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်ကို ရေးဘီလူးအဖွဲ့က ယနေ့ နံနက် ၉ နာရီ ခန့်ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု အဖွဲ့ ခေါင်းဆောင်က ပြောသည်။ ဖြစ်စဉ်မှာ စစ်ကောင်စီ...

ဖားအံ တကောင်ဘိုး စိမ့်ချောင်းရွာ ရေးဘေးဒုက္ခသည်များ နေရပ်ပြန်နေမရ ဖြစ်နေ

ဒီဇင်ဘာ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၊ ဖားအံမြို့နယ် တကောင်ဘိုး ကျေးရွာအုပ်စု စိမ့်ချောင်းရွာ၌ ရေဘေးဒုက္ခသည်များ ယနေ့အချိန်ထိ ရွာသို့ ပြန်နေမရ ဖြစ်နေသည်ဟု ဒေသတာဝန်ရှိသူများက ပြောသည်။ အဆိုပါ တကောင်ဘိုးကျေးရွာအုပ်စု၊ စိမ့်ချောင်းရွာ၌ ပြီးခဲ့သည့် ဩဂုတ်လ (ဝါခေါင်လ)အတွင်းက ရေကြီးမှုဖြစ်ပေါ်ခဲ့မှုကြောင့်...

ဖယ်ခုံအနောက်ခြမ်းသို့ စစ်ကောင်စီက ဗုံံးအလုံးရေ ၄၀ ထက်မနည်းကြဲချ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ရှမ်း-ကရင်နီ (ကယား) နယ်စပ်၊ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း ရီနွဲကျေးရွာအုပ်စု၊ ဆိုင်ခွန်ရွာအနီးသို့ ယနေ့ (ဒီဇင်ဘာ ၃) မနက်အစောပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးအလုံးရေ ၄၀ နီးပါး ကြဲချတိုက်ခိုက်ခြင်းကြောင့် အမျိုးသား တစ်ဦးသေဆုံးပြီး...

ထိုင်းတွင် မြန်မာအပါအဝင် တရားမဝင်နေထိုင်သူများ တစ်လ နေထိုင်ခွင့်ပြုမည်

ဒီဇင်ဘာလ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ တရားမဝင် ဝင်ရောက်လာ သူများကို ဒီဇင်ဘာလ တစ်လလုံး အထောက်အထားမလိုဘဲ နိုင်ငံအတွင်း နေထိုင်ခွင့်ပြုမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထိုင်းအစိုးရက...
Donate