စက်တင်ဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်များတွင် စက်တင်ဘာ(၂၆)ရက်နေ့ကတည်းက တောင်ပြိုကျပြီး ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ လက်ရှိအချိန်ထိ သေဆုံးသူ(၁၃)ဦးနှင့် ပျောက်ဆုံးနေသူ(၃၀)ဦးထက်မနည်း ရှိလာကြောင်း ထားဝယ်အင်အားစုများထံမှ သိရသည်။
ထားဝယ်အမျိုးသားအဖွဲ့ချုပ်-TNF က ကောက်ယူရရှိသည့် ယနေ့၊ စက်တင်ဘာ(၂၈)ရက်နေ့ စာရင်းအရ...