KIC News
စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ လောင်းလုံးရှိ ကျေးရွာ(၁၀)ရွာမှ ဒေသခံများ တိမ်းရှောင်နေရ
ဇူလိုင်လ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ(၁၀)ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ် ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း လောင်းလုံးမြို့နယ် ဒေသခံတာဝန်ရှိသူများ၏ ပြောဆိုချက်များအရ သိရသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဇူလိုင်လ(၁)ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် စခန်းကြီးကျေးရွာအုပ်စုနှင့်...
တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် သတ်မှတ်မည့်အစီအစဉ် ဆိုင်းငံ့ထားရန် စစ်ကောင်စီ တောင်းဆို
ဇူလိုင် ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် သတ်မှတ်မည့်အစီအစဉ်အား ဆိုင်းငံ့ ထားရန် မြန်မာစစ်ကောင်စီက မလေးရှားနိုင်ငံကို ကန့်ကွက်အကြောင်းကြားထားသည်ဟု Thai PBS World သတင်းတွင် ဖော်ပြထားသည်။
လာမည့်အောက်တိုဘာလအတွင်း အာဆီယံအဖွဲ့ဝင်ဖြစ်လာမည့် တီမောလက်စ်တေနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဟူသော မူဘောင်များကို...
တရုတ်က ရေကာတာ ဖောက်ချသဖြင့် မြန်မာတွင် ရေကြီးလာနိုင်ဆိုသည့် သတင်းအမှားများ ပျံ့နေ
တရုတ်က ရေကာတာ ဖောက်ချသဖြင့် မြန်မာတွင် ရေကြီးလာနိုင်ဆိုသည့် သတင်းအမှားများ ပျံ့နေ
ဇူလိုင် ၂ ရက်၊ ၂၀၂၅ / MPA+KIC- The Red Flag
တရုတ်နိုင်ငံက ရေကာတာဖောက်ချသဖြင့် မြန်မာနိုင်ငံတွင် ရေကြီးလာနိုင်ဟုဆိုသည့် သတင်းအမှား ဆိုရှယ်မီဒီယာများ၌ ပျံ့နှံ့လျက်ရှိသည်။
“ချန်နယ်”ဆိုသည့် ဖေ့ဘွတ်ခ် Reel တွင်...
ထိုင်းနိုင်ငံရေး လှုပ်ရှားမှုများတွင် မြန်မာများ မပါဝင်ကြရန် NUG သတိပေး
ဇူလိုင် ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအရပ်ရပ်တို့နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများနှင့် လူစုလူဝေးများ ပြုလုပ် သည့် ဆန္ဒပြခြင်းများ၌ ပါဝင်ပတ်ခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတိပေးထုတ်ပြန်သည်။
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများသည်...
ကျုံဒိုးတွင် စကစ ကျောင်း ၆ ကျောင်း၌ ကျောင်းသား ၁၀၀ ဝန်းကျင်သာ ကျောင်းတက်
ဇူလိုင် ၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျုံဒိုးမြို့ပေါ်တွင် စစ်ကောင်စီ လက်အောက်ခံ ကျောင်း ၆ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား ၁၀၀ ဦးခန့်သာ ကျောင်းတက်နေသည်ဟု ပညာရေးအသိုင်းအဝိုင်းက ပြောသည်။
ကျုံဒိုးမြို့တွင် အထက ကျုံဒိုး၊ အမက(၁)၊ အမက (၂)...














