Home Authors Posts by KIC News

KIC News

22117 POSTS 0 COMMENTS

မဲပြာပုဆိုး ချုပ်ရိုးမတင်‌စေချင်

(စကိုင့်မီး) အစိုးရသစ်တက်ပြီး‌နောက်ပိုင်း (၁၇/၁)ပုဒ်မ မတရားအသင်းအက်ဥပ‌ဒေနဲ့ အဖမ်းအဆီးခံရသူများမှာ ကချင်‌ဒေသမှ အများဆုံး ဖြစ်‌နေသည်ဟု သိရှိရသည်။ ဝန်ကြီးဦး‌အောင်မင်းသည် ၂၀၁၂ စက်တင်ဘာ(၄)ရက်‌နေ့တွင် ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ပြု လုပ်ခဲ့‌သော ‌ကေအဲန်ယူနှင့် အစိုးရ ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖေါ်‌ဆောင်‌ရေးအဖွဲ့၏ နှစ်ဖက်ကိုယ်စားလှယ်များ သတင်းစာရှင်း လင်းပွဲတွင်(၁၇/၁)ပုဒ်မဆိုတာ နိုင်ငံ‌တော်ကချမှတ်ထားတဲ့ ပြစ်ဒဏ်ပုဒ်မဖြစ်၍...

ပဲခူးတိုင်းကိုယ်စားပြု ကရင်နှစ်သစ်ကူးပွဲ‌တော် သာယာဝတီတွင် ကျင်းပမည်

ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း ပဲခူးတိုင်း‌ဒေသကြီးကိုယ်စားပြု ပထမဦးဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ပဲခူးတိုင်းအ‌နောက်ခြမ်းရှိ သာယာဝတီမြို့၊ လိပ်အင်း‌ကျေးရွာ၌ ကျင်းပသွားမည်ဖြစ်‌ကြောင်း ယင်းတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဂျူးဗလီစံလှက ‌ပြောသည်။ ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူမျိုးများအ‌နေဖြင့် နှစ်သစ်ကူးပွဲ‌တော်ကို မိမိတို့‌နေထိုင်ရာ အနီးဝန်းကျင်တွင် နှစ်စဉ် ကျင်းပ‌လေ့ရှိကြ‌သော်လည်း ယခုလို တိုင်း‌ဒေသကြီးအဆင့် စုစည်းကျင်းပခြင်း မရှိခဲ့‌သေး‌ကြောင်း...

ကလို့ထူး‌ဘော DKBA ဗိုလ်ချုပ်‌စောလားပွယ် ရန်ကုန်တွင် ‌ဆေးကုသမှု ခံ‌နေရ

ဒီဇင်ဘာ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောလားပွယ် (‌ခေါ်) ဗိုလ်နှုတ် ခမ်း‌မွှေးသည် လည်ပင်းနှင့်ဆိုင်‌သော ‌ရောဂါ‌ဝေဒနာ ခံစား‌နေရ‌သော‌ကြောင့် ရန်ကုန်မြို့ ‌မြောက်ဒဂုံရှိ ပင်လုံ ‌ဆေးရုံသို့ သွား‌ရောက်၍ ‌ဆေးကုသမှု ခံယူလျှက်ရှိ‌ကြောင်း သိရသည်။ ဗိုလ်ချုပ်‌စောလားပွယ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်...

မီး‌လောင်မှုဖြစ်ပွား၍ မယ်ဒုက္ခသည်စခန်းမှ လူ‌နေအိမ် ၁၀၀‌ကျော် မီးထဲပါသွား

ဒီဇင်ဘာလ ၂၇ရက်။ ၂၀၁၃ခုနှစ်။ ‌စောသိန်းမြင့် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံ(စီ) ရပ်ကွက်(၃)၌ယ‌နေ့မွန်းလွဲ ၁နာရီခွဲခန့်တွင် မီး‌လောင်ကျွမ်းမှုဖြစ်ပွားရာ လူ‌နေအိမ် ၁၀၀‌ကျော် မီး‌လောင်ကျွမ်းသွားခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။ မယ်လစခန်း၏ အတွင်း‌ရေးမှူး(၂) ‌နော်‌ဒေး‌ဒေးဖိုးက “အခုမီးငြိမ်းသွားပါပြီ။ လူအင်အားများတဲ့အတွက် မီးငြိမ်းနိုင်တာဖြစ်တယ်။ ‌လော‌လောဆယ် လူ‌နေအိမ်‌တော့ (၁၂၀)လုံး မီး‌လောင်ကျွမ်းသွားတယ်။...

ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို ဇန်နဝါရီ တတိယပတ်၌ ကျင်းပမည်

ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင်၊ တပ်မဟာ(၇) ‌လေးဝါးစခန်း၌ ဇန်နဝါရီလ တတိယပတ်အတွင်း ကျင်းပသွားမည်ဟု သိရှိရသည်။ ၎င်းညီလာခံကို သုံးရက်ကြာ ပြုလုပ်သွားရန် လျာထားပြီး ညီလာခံပြီးသည်နှင့် တပြိုင်နက် မြန်မာအစိုးရနှင့် ကရင်ပြည်နယ်၊ ဖား အံ မြို့တွင်...

ကရင်နှစ်သစ်ကူးပွဲတွင် အမျိုးသားဂုဏ်‌ဆောင်ဆု လူပုဂ္ဂိုလ် ၃ဝဦးကို ချီးမြှင့်မည်

ဒီဇင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့နယ်၊ ‌ရွှေကုက္ကိမြိုင်‌ကျေးရွာ၌ မြို့နယ် ၅မြို့နယ် စု‌ပေါင်းကျင်းပမည့် ကရင်အမျိုးသား နှစ်သစ် ကူးပွဲ‌တော်တွင် ‌ခေတ်အဆက်ဆက် ကရင်အမျိုးသားဂုဏ်‌ဆောင်နိုင်ခဲ့ကြသည့် ကရင်အမျိုးသား ၃ဝဦးကို ပထမဆုံးအကြိမ်အ ဖြစ် ‌ရွေးချယ်ဂုဏ်ပြုသွားမည်ဟု သိရသည်။ ယင်းသို့ ဂုဏ်ပြုရန် ဆုအမျိုးအစား ခုနှစ်မျိုး သတ်မှတ်ထားရာ...

‌ပေးစာ

သု့ိ ပြည်‌ထောင်စုဝန်ကြီး ပညာ‌ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) ‌နေပြည်‌တော်‌ကောင်စီ အ‌ကြောင်းအရာ ။ ။ ကျူရှင်မတက်၍ ‌ကျောင်းသားအား အတန်းအဆင့်ချ‌နေ‌သော ဆရာမအား စိစစ်အ‌ရေးယူ‌ပေးနိုင် ပါရန် တင်ပြခြင်း။ ၁။ ‌ဖော်ပြပါကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ ရပ်ကွက်(၃)ရှိ အလယ်တန်း‌ကျောင်းတွင် ပဉ်စမတန်း သိပ္ပံဘာသာရပ် သင်ကြား‌ပေး‌နေ‌သော ဆရာမတစ်ဦးသည် ၎င်း၏‌နေအိမ်တွင် မိမိအတန်းရှိ ‌ကျောင်းသား/သူများအား အခ‌ပေး...

မွန်ပြည်နယ်ရှိ ယက္ကန်းစင်များတွင် ကရင်အထည်ယက်လုပ်မှု များပြားလာ

ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ) မွန်ပြည်နယ်အတွင်းရှိ ယက္ကန်းစင်အများစုတွင် မွန်အဝတ်အထည်များထက် ယက်လုပ်ရန် လွယ်ကူပြီး ‌ရောင်းအားပို‌ကောင်း သည့် ကရင်အဝတ်အထည်များကို အစားထိုး‌ပြောင်းလဲ ယက်လုပ်မှု များပြားလာသည်ဟု ယက္ကန်းစင်ပိုင်ရှင်များက ‌ပြောဆို‌နေ ကြသည်။ မွန်တိုင်းရင်းသားများ၏ အဝတ်အထည်သည် ချည်ထည်ဖြစ်သည့်အတွက် ချည်‌ဆေးဆိုးရခြင်း၊ ‌ကော်ထည့်ရခြင်း စသဖြင့် လုပ် ‌ဆောင်မှုအဆင့်များ‌သော‌ကြောင့်...

အင်တာဗျူး

ကရင်ပြည်နယ်တွင် ငါးမြို့နယ် စု‌ပေါင်းကျင်းပမည့် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်နှင့် ပတ်သက်၍ နယ်ခြား ‌စောင့်တပ် တိုက်နယ်(၃)မှူး ဗိုလ်မှူးကြီး‌စောချစ်သူနှင့် ကရင်သတင်းဌာန ဆက်သွယ်‌မေးမြန်းချက် ‌မေး ။ ။ ကရင်ပြည်နယ်ထဲမှာ ရှိတဲ့မြို့နယ် ၅မြို့နယ် စု‌ပေါင်းကျင်းပမယ့် ကရင်နှစ်သစ်ကူးပွဲ‌တော်မှာ စစ်‌ရေးပြအခမ်းအနား ထည့်သွင်းမကျင်းပဖြစ်‌တော့ဘူးလို့ သိရပါတယ်။ အဲဒါ ဘယ်လို‌ကြောင့်များပါလဲခင်ဗျာ။ ဗိုလ်မှူးကြီး‌စောချစ်သူ ။ ။ အရင်က...

ကရင်ပန်းချီဆရာများက ဖားအံတွင် စု‌ပေါင်းပန်းချီပြပွဲ ပထမဦးဆုံးအကြိမ် ကျင်းပမည်

ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း ကရင်လူငယ်ပန်းချီဆရာများ စု‌ပေါင်း၍ ကရင်ပြည်နယ်၊ ဖားအံမြို့၌ ပန်းချီပြပွဲတစ်ရပ်ကို လာမည့် ၂၀၁၄ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ဒုတိယပတ်အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်‌ကြောင်း ယင်းပြပွဲစီစဉ်‌နေသူများက ‌ပြောဆိုသည်။ ကရင်လူငယ်ပန်းချီဆရာ ၂၀‌ကျော်၏ ပန်းချီကားများ ပါဝင်မည့် ၎င်းပြပွဲကို ကျင်းပရန် လက်ရှိအချိန်၌ ပန်းချီကားများ လိုက်လံ...
Donate