Home သတင်း ကရင်လူငယ်ကွန်ရက် လက်စွဲစာအုပ်ကို အတည်ပြု သတ်မှတ်

ကရင်လူငယ်ကွန်ရက် လက်စွဲစာအုပ်ကို အတည်ပြု သတ်မှတ်

2183

စက်တင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်လူငယ်ကွန်ယက် (Karen Youth Network-KYN) ၏ လက်စွဲစာအုပ်ကို စက်တင်ဘာလ ၁၂ရက်‌နေ့တွင် အတည်ပြုသတ် မှတ်လိုက်‌ကြောင်း KYN ဆက်သွယ်‌ရေးနှင့် ချိတ်ဆက်‌ဆောင်ရွက်‌ရေးအဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူ ‌စောဂျက်ပစီက ‌ကေအိုင်စီ သို့ ‌ပြောသည်။

၎င်းက “ဒီအစည်းအ‌ဝေးမှာ ကျ‌နော်တို့က ကရင်လူငယ်ကွန်ရက် လက်စွဲစာအုပ်ကို အတည်ပြုသတ်မှတ်တယ်။ ဒီလက်စွဲစာအုပ် မှာ‌ရော၊ ‌ဆွေး‌နွေးတဲ့အထဲမှာ‌ရော ကျ‌နော်တို့ရဲ့ ခံယူချက်လို့‌ပြောရမှာ‌ပေါ့‌နော်။ သုံးလတစ်ခါ‌တွေ့တိုင်း ကျ‌နော်တို့ရဲ့ ‌ရေရှည်လုပ် ငန်းစဉ်ဖြစ်‌စေ၊ ‌ရေတိုလုပ်ငန်းစဉ်ဖြစ်‌စေ ဒီရည်ရွယ်ချက် ‌မျှော်မှန်းချက်ပန်းတိုင်‌တွေနဲ့ ချိန်ကိုက်ပြီး‌တော့ ကျ‌နော်တို့ လှုပ်ရှားသွား ဖို့ ရှိတယ်”ဟု ‌ပြောသည်။

စက်တင်ဘာ ၁ဝရက်မှ ၁၂ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ‌အောက်‌ကော့ရင်း‌ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည့် ကရင် လူငယ်ကွန်ရက်၏ ၆လတစ်ကြိမ် အစည်းအ‌ဝေး၌ ယင်းသို့ အတည်ပြုလိုက်ခြင်းဖြစ်ပြီး ၎င်း KYN ၏ လက်စွဲစာအုပ်တွင် နိဒါန်း၊ ကရင်လူငယ်ကွန်ရက်ဖြစ်‌ပေါ်လာပုံ၊ ရည်ရွယ်ချက်၊ ‌မျှော်မှန်းချက်ပန်းတိုင်၊ ဖွဲ့စည်းပုံ၊ မူဝါဒများ၊ လုပ်ငန်းစဉ်နှင့် ‌ရှေ့လုပ်ငန်းစဉ် များ ပါဝင်‌ကြောင်း သိရသည်။

ကရင်လူငယ်များအ‌နေဖြင့် အမျိုးသား‌ရေးပန်းတိုင်ကို ရည်ရွယ်ချက် ‌မျှော်မှန်းချက်ပန်းတိုင်‌ရောက်‌အောင် အားလုံးဝိုင်းဝန်း လုပ် ‌ဆောင်နိုင်ရန် ‌ဆွေး‌နွေးတိုင်ပင်ခဲ့ကြပြီး လာမည့်အချိန်တွင်လည်း အနယ်နယ်အရပ်ရပ်ရှိ ကရင်လူငယ်များကို ချိတ်ဆက်ကာ နိုင်ငံခြား‌ရောက် ကရင်လူငယ်များလည်း ပါဝင်လာနိုင်‌စေရန် စဉ်းစားထားသည်ဟု ‌စောဂျက်ပစီက ဆက်‌ပြောသည်။

၎င်းအစည်းအ‌ဝေးသို့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုစည်းရုံး‌ရေးဌာန တာဝန်ခံ ပဒို‌စောလှထွန်း၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနသင်္ာရီတိုင်း‌ဒေသကြီးများ၊ အထက်မြန်မာပြည်နှင့် နယ်စပ်‌ဒေသ များမှ ကရင်လူငယ်ကိုယ်စားလှယ်များနှင့် ‌ကျေးရွာရပ်မိရပ်ဖများ စုစု‌ပေါင်း ၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အစည်းအ‌ဝေးတက်‌ရောက်ခဲ့သည့် ကရင်လူမှုဖွံဖြိုး‌ရေးတိုးတက်‌ရေးအဖွဲ့မှ ‌စော‌ဇော်လင်းက “ဒီအစည်းအ‌ဝေးမှာ လူငယ်‌တွေအ ‌နေနဲ့ အဓိက လုပ်သွားတာက‌တော့ သူတို့ ဒီလက်စွဲစာအုပ်ကို လိုအပ်တာ‌တွေကို ဖြည့်စွက်တယ်။ နည်းနည်းပိုတာ‌တွေကို ပြန် ဖြုတ်တယ်။ ကျစ်ကျစ်လစ်လစ်နဲ့ ‌ကောင်းမွန်တဲ့ လက်စွဲ စာအုပ်‌လေးဖြစ်‌အောင် ပြုလုပ်နိုင်ခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လူငယ်ကွန်ရက် ဆက်သွယ်‌ရေးနှင့် ချိတ်ဆက်‌ဆောင်ရွက်မှုအဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူ ‌နော်အဲ့‌ဖောဝါးကလည်း “ကျမ တို့ ကရင်လူငယ်ကွန်ရက် ၂နှစ်တာကာလကို ဖြတ်သန်းပြီး‌တော့ ကျမတို့ရဲ့ လက်စွဲစာအုပ်ဆိုတာ ရှိလာတယ်။ အဲဒီလက်စွဲစာ အုပ်ကို အတည်ပြုနိုင်တယ်။ တကယ်လို့ ဒါကို ကရင်လူငယ်အချင်းချင်းမှာ ‌ပြောဖို့ဆိုရင် ကျမတို့မှာ ဒီလိုအရည်အချင်းနဲ့ ချိတ် ဆက်မှုနဲ့ ဒီလိုစည်းကမ်းနဲ့ လုပ်‌ဆောင်ရမယ့်အရာ‌တွေကို ချပြထားတဲ့ စာအုပ်က‌လေးဖြစ်တယ်”ဟု ‌ပြောဆိုသည်။

ကရင်လူငယ်ကွန်ရက် လက်စွဲစာအုပ်၏ ရည်ရွယ်ချက်သည် ကရင်လူငယ်များ ‌သွေးစည်းညီညွတ်‌ရေးနှင့် အမျိုးသားအကျိုးအ တွက် စွမ်းစွမ်းတမံ ပူး‌ပေါင်းပါဝင် ချိတ်ဆက်လုပ်‌ဆောင်ရန်ဖြစ်ပြီး ၎င်းတို့၏ ‌မျှော်မှန်းချက်ပန်းတိုင်မှာ ကရင်အမျိုးသားတို့၏ အနာဂတ်ဘဝ သာယာလှပ‌ရေးအတွက် လူငယ်ထုတစ်ရပ်လုံးအ‌နေဖြင့် အဘက်ဘက်မှ တတ်စွမ်းရှိသမျှ ပူး‌ပေါင်းပါဝင် ချိတ် ဆက်သွားမည်ဖြစ်‌ကြောင်း ကွန်ရက်အဖွဲ့ဝင်လူငယ်များက ‌ပြောသည်။

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလက ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌နောင်နိုင်းရွာတွင် ကရင်လူငယ်အစည်းအရုံး-KYO က ဦး‌ဆောင်၍ နှီး‌နှောဖလှယ်ပွဲတစ်ရပ်ကျင်းပကာ ကရင်လူငယ်ကွန်ရက်ကို ဖွဲ့စည်းခဲ့ပြီး‌နောက် ၆လတစ်ကြိမ် ပုံမှန် ‌တွေ့ဆုံ လျှက်ရှိသည်။