KIC News
အသိမ်းခံမြေယာ ဧက ၃ထောင်ကျော်အတွက် နစ်နာမှုရရှိရန် ဒေသခံများ တောင်းဆို
ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်တမံ(ရေလှောင်ဆည်)တည်ဆောက်ခြင်းကြောင့် အသိမ်းခံထားရသော လယ်မြေဧက ၃ထောင်ကျော် အတွက် အစားထိုးမြေ သို့မဟုတ် နစ်နာကြေးများပေးရန် လယ်မြေသိမ်းခံရသူ ဒေသခံလယ်သမားများက တောင်းဆိုနေကြသည်။
လှိုင်းဘွဲမြို့နယ် ထီလုံရွာနှင့် ရေပူရွာတို့မှ ဒေသခံ ၁၀၀ကျော်တို့က ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်အမတ်နန်းစေအွာနှင့် ဖားအံမြို့နယ် နောင်ကမြိုင်စံပြကျေးရွာတွင် တွေ့ဆုံဆွေးနွေးကာ...
သတင်းထောက် နော်ခိုင်ခိုင်အေးချိုအား ထောင်ချမှုကို တရားမျှတစွာ ပြန်ဆောင်ရွက်ပေးရန် MJN ပြောဆို
ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
The Daily Eleven ၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် သတင်းထောက် နော်ခိုင်ခိုင်အေးချိုကို လွိုင်ကော်မြို့နယ် ဒုတိယ တရားသူကြီးက ထောင်သုံးလ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မျှတသည့် တရားစီရင်မှုဖြစ်ရန် သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည် ဆောင်ရွက်ပေးစေလိုကြောင်း မြန်မာသတင်းထောက်များကွန်ရက်(MJN)က...
အယ်ဒီတာ့အာဘော်
ကရင့်အနာဂတ်ကို လှပစေလို
ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေးအား ကိုယ်စားပြု ဦးဆောင်သူများ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ငြိမ်း ချမ်းရေးစင်တာတွင် (အကြိမ်ကြိမ်) အကျေအလည် ညှိနှိုင်းဆွေးနွေးမှုများကို လွတ်လပ်စွာ ဝေဖန်၊ သုံးသပ်၊ ထောက်ပြ၊ အကြံ ပြုခွင့် ရှိသည်နှင့်အညီ ဆိုရလေလျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အပြောင်းအလဲများအတွက်...
အာလိန်ငါးဆင့်တွင် ပြုလုပ်မည့် ကရင်နှစ်သစ်ကူးပွဲတော်၌ CCTV လုံခြုံရေးကင်မရာ တပ်ဆင်မည်
ဒီဇင်ဘာ ၂ဝ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မဟာဆေးဝဂင်္ဘာ အာလိန်ငါးဆင့်ကျောင်းဝင်းအတွင်း လာမည့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် လုံခြုံရေးအတွက် ပထမဆုံးအကြိမ် CCTV လုံခြုံရေးကင်မရာ တပ်ဆင်အသုံးပြုသွားမည်ဟု သိရသည်။
နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)မှ အတွင်းရေးမှူးဖြစ်သူ စောလှထွန်းက“ဒီနှစ်...
မွန်၊ ကရင်နှင့် တနသင်္ာရီဒေသရှိ ကျောင်းသားများအတွက် ကျောင်းတစ်ကျောင်းတည်ဆောက်
ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်းဒေသတို့မှ ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်၍ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတစ်ကျောင်းကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်-ကျိုက်မရော ကားလမ်းဘေး ခြောက်မိုင်ကျေးရွာအုပ်စုတွင် စတင်တည်ဆောက်လျှက်ရှိသည်။
အလယ်တန်းအဆင့် ၈တန်းအထိ တက်ခွင့်ရှိသည့် ၎င်းကျောင်းကို ခြောက်မိုင်ကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီး ဌာနပိုင် မြေဧက ၄၅...
ပြည်သူ့အားကိုယူပြီး အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမည်ဆိုလျှင်ဖြင့်
မောင်ကျော်စွာ
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂ဝ ရက်)
မကြာခင် ၂၀၁၃ ခုနှစ်၊ ကုန်ဆုံး၍ ၂၀၁၄ ခုနှစ်သို့ ရောက်ရှိပါတော့မည်။ ယခုလို စပ်ကူးမတ်ကူးကာလအတွင်း “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေသည့် အချက်များသည် ယခင်ကထက်ပို၍ ပီပြင်ပြတ်သားလာသည်ဟု ပြောရပါလိမ့်မည်။ “ကျမတို့...
ပါတီ ၉ခု ပူးပေါင်း၍ ဖက်ဒရယ် မဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် သဘောတူ
ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
မြန်မာနိုင်ငံရှိ ဒီမိုကရေစီ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားပါတီ ၉ ပါတီ ပါဝင်သည့် ဖယ်ဒရယ် ဒီမိုကရေစီမဟာ မိတ်အဖွဲ့(FDA)အမည်ရှိ စုပေါင်းအဖွဲ့အစည်းတစ်ခုကို လာမည့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းသွားရန် ရှိသည်ဟု သိရသည်။
အဆိုပါ ပါတီတို့သည် ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ရုံးတွင် ယမန်နေ့က...
ဖားအံတွင် အခြေခံသတင်းရေးသားနည်းနှင့် ပဋိပက္ခဂရုပြုရေးသားနည်းသင်တန်း ပြုလုပ်
ဒီဇင်ဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း
သတင်းသမား များလာရန်နှင့် ပဋိပက္ခမဖြစ်စေရေး သတင်းရေးသားနိုင်သည့် သတင်းသမားများပေါ်ထွက်လာ ရန် ရည်ရွယ်၍ ကရင်ပြည်နယ် ဖားအံမြို့၊ သုမေဓါရာမ ကြားတောရကျောင်းတွင် အခြေခံသတင်းရေးသားနည်း နှင့် ပဋိပက္ခဂရုပြုရေးသားနည်းသင်တန်းတစ်ရပ်ကို ဒီဇင်ဘာ ၁၇ မှ ၂၅ ရက်နေ့အထိ ပြုလုပ်လျှက်ရှိသည်။
သင်တန်းဖြစ်မြောက်ရေးတွင် ပါဝင်သူတစ်ဦးဖြစ်သည့်...
KWEG ၏ (၁၀)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကျင်းပ
ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်။ စောထွန်းလင်း
ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့(KWEG)၏ (၁၀)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ဒီဇင်ဘာ ၁၄ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
“ကျမတို့ အဖွဲ့ရဲ့ ဂုဏ်ပြုအခမ်းအနားအနေနဲ့ ဒီဆယ်နှစ်ပြည့်ကို လုပ်တာပါ။ အရင်တုန်းက တခါမှ မလုပ်ပါဘူး။ အခု ဆယ်နှစ်ပြည့်မှ...
ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတွင် စစ်ရေးပြ ပါဝင်တော့မည်မဟုတ်
ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်၌ ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအတွင်း မှုလကစီစဉ်ထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ပါဝင်စစ်ရေးပြသမည့် အစီအစဉ်ကို ထည့်သွင်းကျင်းပသွားမည် မဟုတ်တော့ကြောင်း သိရသည်။
နှစ်သစ်ကူးကျင်းပရေးကော်မတီ နာယက တစ်ဦးဖြစ်သူ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)...













