Home သတင်း ဖားစည်၊ ကျွဲချို ‌ကျောက်တိုင်စိုက်ထူရန် ပြည်နယ်လွှတ်‌တော် အ‌ကောင်အထည်မ‌ဖေါ်နိုင်‌သေး

ဖားစည်၊ ကျွဲချို ‌ကျောက်တိုင်စိုက်ထူရန် ပြည်နယ်လွှတ်‌တော် အ‌ကောင်အထည်မ‌ဖေါ်နိုင်‌သေး

2047

စက်တင်ဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ မြို့များရှိ အထင်ကရ လမ်းဆုံလမ်းဂွများ၌ မဂင်္လာဖားစည်နှင့် ကျွဲချို ‌ကျောက်တိုင်စိုက်ထူ ရန် ပြည်နယ်လွှတ်‌တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုထား‌သော်လည်း ယခုအချိန်ထိ အစိုးရက အ‌ကောင် အထည် မ‌ဖေါ်နိုင်‌သေး‌ကြောင်း ပြည်နယ်လွှတ်‌တော်အမတ် ‌စော‌အောင်လင်းက ‌ပြောသည်။

“လမ်းဆုံလမ်းဂွ‌တွေမှာ ကျွဲချိုရံနဲ့မဂင်္လာဖားစည် စိုက်ထူဖို့ အဆိုပြုချက်ပါ။ ဒီအဆိုကို ပြည်နယ်လွှတ်‌တော်မှ မဲခွဲဆုံးဖြတ် အတည်ပြုထားပြီးဖြစ်တယ်။ လုပ်‌ဆောင်ရမှာက အစိုးရပါ။ ဒါ‌ပေမယ့်လို့ အ‌ကောင်အထည်မ ‌ပေါ်နိုင်‌သေးဘူး”ဟု ‌စောမင်း‌အောင်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

မဂင်္လာဖားစည်နှင့် ကျွဲချို ‌ကျောက်တိုင်စိုက်ထူ‌ရေး အဆိုပြုချက်ကို ယခုနှစ်၊ ဧပြီ ၁၄ရက်‌နေ့၌ ကျင်းပသည့် ပထမအကြိမ် ကရင်ပြည်နယ်လွှတ်‌တော်၏ အဋ္ဌမပုံမှန်အစည်းအ‌ဝေး၌ လှိုင်းဘွဲမြို့နယ် ပြည်နယ်လွှတ် ‌တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) ‌စောမင်း‌အောင်လင်းက အဆိုတင်သွင်းကာ ကန့်ကွက်မဲမရှိ အတည်ပြုခဲ့ကြပြီး‌နောက် ယခုထိ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်ခြင်း မရှိ‌သေးခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သတ်၍ ပြည်နယ်အစိုးရအ‌နေဖြင့် ဆက်လက်အ‌ကောင်အထည်‌ဖော်ရန် ယခုလ စက်တင်ဘာ ၄ ရက်‌နေ့က ကျင်းပခဲ့သည့် နဝမအကြိမ်‌မြောက် ပြည်နယ်လွှတ်‌တော်တွင် ထပ်မံတိုက် တွန်းခဲ့သည်ဟု ပြည်နယ်လွှတ်‌တော် ဥက္ကဌဖြစ်သူ ‌စော‌အောင်‌ကျော်မင်းကလည်း ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စော‌အောင်‌ကျော်မင်းက “ပြည်နယ်အစိုးရက အ‌ကောင်အထည်မ‌ဖော်ရ‌သေးဘူး။ အစိုးရက မအားတာ လား၊ ဘတ်ဂျက်(‌ငွေ)မကျ‌သေးတာလား‌တော့ မသိဘူး”ဟု ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်တွင် ပြည်နယ်လွှတ်‌တော် ပုံမှန်အစည်းအ‌ဝေးကို ၃လ သို့မဟုတ် ၄ လ အ‌တောအတွင်း ကျင်းပလျှက်ရှိပြီး ထိုသို့ ကျင်းပသည့်အခါ သုံးရက်မှ ‌လေးရက်အထိသာ ကြာမြင့်သဖြင့် ‌ဆွေး‌နွေးလိုသည့် အ‌ကြောင်းအရာများကို စိတ်ကြိုက် မ‌ဆွေး‌နွေးနိုင်‌ကြောင်း လွှတ်‌တော်တက်‌ရောက်‌နေ သည့် အမတ်များက ‌ပြောဆို‌နေကြသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း ကရင်ပြည်နယ်အတွင်း သုံးလတစ်ကြိမ်ကျင်းပသည့် လွှတ်‌တော် ပုံမှန် အစည်းအ‌ဝေးကို ၂၀၁၁ခုနှစ်၊ ဇူလိုင်လကတည်းက စတင်ကျင်းပလာခဲ့ရာ ယခု စက်တင်ဘာ ၂ မှ ၄ ရက်‌နေ့အထိတွင် နဝမအကြိမ် ပုံမှန်အစည်း‌ဝေး ကျင်းပခဲ့သည်ဟု ပြည်နယ်လွှတ်‌တော်အမတ် ‌စောမင်း‌အောင်လင်းက ‌ပြောသည်။