KIC News
ကလို့ထူးဘော DKBA ဗိုလ်ချုပ်စောလားပွယ် ရန်ကုန်တွင် ဆေးကုသမှု ခံနေရ
ဒီဇင်ဘာ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ် ခမ်းမွှေးသည် လည်ပင်းနှင့်ဆိုင်သော ရောဂါဝေဒနာ ခံစားနေရသောကြောင့် ရန်ကုန်မြို့ မြောက်ဒဂုံရှိ ပင်လုံ ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။
ဗိုလ်ချုပ်စောလားပွယ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်...
မီးလောင်မှုဖြစ်ပွား၍ မယ်ဒုက္ခသည်စခန်းမှ လူနေအိမ် ၁၀၀ကျော် မီးထဲပါသွား
ဒီဇင်ဘာလ ၂၇ရက်။ ၂၀၁၃ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံ(စီ) ရပ်ကွက်(၃)၌ယနေ့မွန်းလွဲ ၁နာရီခွဲခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူနေအိမ် ၁၀၀ကျော် မီးလောင်ကျွမ်းသွားခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
မယ်လစခန်း၏ အတွင်းရေးမှူး(၂) နော်ဒေးဒေးဖိုးက “အခုမီးငြိမ်းသွားပါပြီ။ လူအင်အားများတဲ့အတွက် မီးငြိမ်းနိုင်တာဖြစ်တယ်။ လောလောဆယ် လူနေအိမ်တော့ (၁၂၀)လုံး မီးလောင်ကျွမ်းသွားတယ်။...
ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို ဇန်နဝါရီ တတိယပတ်၌ ကျင်းပမည်
ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ တပ်မဟာ(၇) လေးဝါးစခန်း၌ ဇန်နဝါရီလ တတိယပတ်အတွင်း ကျင်းပသွားမည်ဟု သိရှိရသည်။
၎င်းညီလာခံကို သုံးရက်ကြာ ပြုလုပ်သွားရန် လျာထားပြီး ညီလာခံပြီးသည်နှင့် တပြိုင်နက် မြန်မာအစိုးရနှင့် ကရင်ပြည်နယ်၊ ဖား အံ မြို့တွင်...
ကရင်နှစ်သစ်ကူးပွဲတွင် အမျိုးသားဂုဏ်ဆောင်ဆု လူပုဂ္ဂိုလ် ၃ဝဦးကို ချီးမြှင့်မည်
ဒီဇင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့နယ်၊ ရွှေကုက္ကိမြိုင်ကျေးရွာ၌ မြို့နယ် ၅မြို့နယ် စုပေါင်းကျင်းပမည့် ကရင်အမျိုးသား နှစ်သစ် ကူးပွဲတော်တွင် ခေတ်အဆက်ဆက် ကရင်အမျိုးသားဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ကရင်အမျိုးသား ၃ဝဦးကို ပထမဆုံးအကြိမ်အ ဖြစ် ရွေးချယ်ဂုဏ်ပြုသွားမည်ဟု သိရသည်။
ယင်းသို့ ဂုဏ်ပြုရန် ဆုအမျိုးအစား ခုနှစ်မျိုး သတ်မှတ်ထားရာ...
ပေးစာ
သု့ိ
ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)
နေပြည်တော်ကောင်စီ
အကြောင်းအရာ ။ ။ ကျူရှင်မတက်၍ ကျောင်းသားအား အတန်းအဆင့်ချနေသော ဆရာမအား စိစစ်အရေးယူပေးနိုင် ပါရန် တင်ပြခြင်း။
၁။ ဖော်ပြပါကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ ရပ်ကွက်(၃)ရှိ အလယ်တန်းကျောင်းတွင် ပဉ်စမတန်း သိပ္ပံဘာသာရပ် သင်ကြားပေးနေသော ဆရာမတစ်ဦးသည် ၎င်း၏နေအိမ်တွင် မိမိအတန်းရှိ ကျောင်းသား/သူများအား အခပေး...
မွန်ပြည်နယ်ရှိ ယက္ကန်းစင်များတွင် ကရင်အထည်ယက်လုပ်မှု များပြားလာ
ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
မွန်ပြည်နယ်အတွင်းရှိ ယက္ကန်းစင်အများစုတွင် မွန်အဝတ်အထည်များထက် ယက်လုပ်ရန် လွယ်ကူပြီး ရောင်းအားပိုကောင်း သည့် ကရင်အဝတ်အထည်များကို အစားထိုးပြောင်းလဲ ယက်လုပ်မှု များပြားလာသည်ဟု ယက္ကန်းစင်ပိုင်ရှင်များက ပြောဆိုနေ ကြသည်။
မွန်တိုင်းရင်းသားများ၏ အဝတ်အထည်သည် ချည်ထည်ဖြစ်သည့်အတွက် ချည်ဆေးဆိုးရခြင်း၊ ကော်ထည့်ရခြင်း စသဖြင့် လုပ် ဆောင်မှုအဆင့်များသောကြောင့်...
အင်တာဗျူး
ကရင်ပြည်နယ်တွင် ငါးမြို့နယ် စုပေါင်းကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ပွဲတော်နှင့် ပတ်သက်၍ နယ်ခြား စောင့်တပ် တိုက်နယ်(၃)မှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် ကရင်သတင်းဌာန ဆက်သွယ်မေးမြန်းချက်
မေး ။ ။ ကရင်ပြည်နယ်ထဲမှာ ရှိတဲ့မြို့နယ် ၅မြို့နယ် စုပေါင်းကျင်းပမယ့် ကရင်နှစ်သစ်ကူးပွဲတော်မှာ စစ်ရေးပြအခမ်းအနား ထည့်သွင်းမကျင်းပဖြစ်တော့ဘူးလို့ သိရပါတယ်။ အဲဒါ ဘယ်လိုကြောင့်များပါလဲခင်ဗျာ။
ဗိုလ်မှူးကြီးစောချစ်သူ ။ ။ အရင်က...
ကရင်ပန်းချီဆရာများက ဖားအံတွင် စုပေါင်းပန်းချီပြပွဲ ပထမဦးဆုံးအကြိမ် ကျင်းပမည်
ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
ကရင်လူငယ်ပန်းချီဆရာများ စုပေါင်း၍ ကရင်ပြည်နယ်၊ ဖားအံမြို့၌ ပန်းချီပြပွဲတစ်ရပ်ကို လာမည့် ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းပြပွဲစီစဉ်နေသူများက ပြောဆိုသည်။
ကရင်လူငယ်ပန်းချီဆရာ ၂၀ကျော်၏ ပန်းချီကားများ ပါဝင်မည့် ၎င်းပြပွဲကို ကျင်းပရန် လက်ရှိအချိန်၌ ပန်းချီကားများ လိုက်လံ...
အသိမ်းခံမြေယာ ဧက ၃ထောင်ကျော်အတွက် နစ်နာမှုရရှိရန် ဒေသခံများ တောင်းဆို
ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်တမံ(ရေလှောင်ဆည်)တည်ဆောက်ခြင်းကြောင့် အသိမ်းခံထားရသော လယ်မြေဧက ၃ထောင်ကျော် အတွက် အစားထိုးမြေ သို့မဟုတ် နစ်နာကြေးများပေးရန် လယ်မြေသိမ်းခံရသူ ဒေသခံလယ်သမားများက တောင်းဆိုနေကြသည်။
လှိုင်းဘွဲမြို့နယ် ထီလုံရွာနှင့် ရေပူရွာတို့မှ ဒေသခံ ၁၀၀ကျော်တို့က ကရင်ပြည်နယ်၊ ပြည်သူ့လွှတ်တော်အမတ်နန်းစေအွာနှင့် ဖားအံမြို့နယ် နောင်ကမြိုင်စံပြကျေးရွာတွင် တွေ့ဆုံဆွေးနွေးကာ...
သတင်းထောက် နော်ခိုင်ခိုင်အေးချိုအား ထောင်ချမှုကို တရားမျှတစွာ ပြန်ဆောင်ရွက်ပေးရန် MJN ပြောဆို
ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
The Daily Eleven ၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် သတင်းထောက် နော်ခိုင်ခိုင်အေးချိုကို လွိုင်ကော်မြို့နယ် ဒုတိယ တရားသူကြီးက ထောင်သုံးလ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မျှတသည့် တရားစီရင်မှုဖြစ်ရန် သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည် ဆောင်ရွက်ပေးစေလိုကြောင်း မြန်မာသတင်းထောက်များကွန်ရက်(MJN)က...














