Home သတင်း မဲဆန္ဒရှင် အသိပညာ‌ပေးသင်တန်း ‌ဒေသခံများ စိတ်ဝင်စားမှုနည်း‌နေ‌သေး

မဲဆန္ဒရှင် အသိပညာ‌ပေးသင်တန်း ‌ဒေသခံများ စိတ်ဝင်စားမှုနည်း‌နေ‌သေး

1102

စက်တင်ဘာ ၁၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

၂၀၁၅ ‌ရွေး‌ကောက်ပွဲ၏ မဲ‌ပေးခြင်းဆိုင်ရာ အသိပညာ‌ပေးသင်တန်းကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ လှာကမြင် ‌ကျေးရွာအုပ်စု၊ တဝန်သံ ‌ကျေးရွာ၌ စက်တင်ဘာလ ၁၇ရက် (ယ‌နေ့)တွင် ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင် ‌ဒေသခံများ၏ စိတ်ဝင်စားမှုမှာ အားနည်း‌နေ‌သေး‌ကြောင်း သင်တန်းစီစဉ်သူ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ကရင်ပြည်နယ်အဖွဲ့ဝင် ကိုမြင့်‌အောင်က ‌ကေအိုင်စီသို ့‌ပြောသည်။

“အခုလို ‌ဒေသခံလူ‌တွေက တက်‌ရောက်လာမှု နည်း‌နေတာက သူတို့ရဲ့ စားဝတ်‌နေ‌ရေးလည်း ပါသလို အချို့‌တွေ စိတ်မဝင်စားတာလည်း ရှိတယ်။ အချို့လူ‌တွေရဲ့ ‌ပြောစကား‌ကြောင့် သူတို့အထင်မှာ မဲ‌ပေးတာ လွယ်လွယ်‌လေးပဲလို့ ထင်ကြတယ်။ အမှန်‌တော့ မဲဘယ်လို‌ပေးရမ လဲဆိုတာ ‌ဒေသခံ‌တွေက ‌သေ‌သေချာချာ မသိရှိတာ ‌တွေ့ရတယ်”ဟု ကိုမြင့်‌အောင်က ‌ပြောသည်။

တစ်ရက်တာ ပြုလုပ်ခဲ့သည့် ယင်းသင်တန်းသို ့ဖားအံမြို့ အနီးတဝိုက်ရှိ ‌ဒေသခံ ၂ဝနီးပါး တက်‌ရောက်ခဲ့ကြပြီး သင်တန်းတွင် လွှတ်‌တော် အရပ်ရပ်၏ ဖွဲ့စည်းပုံအ‌ကြောင်းများ၊ နိုင်ငံ‌ရေးပါတီများအား မည်သို့မည်ပုံ မဲ‌ပေးရမည်၊ မဲ‌ပေးပုံစနစ်နှင့် ပယ်မဲမဖြစ်‌စေရန် ‌ဆောင်ရန် ‌ရှောင်ရန်များကို ရှင်းလင်းသင်ကြား‌ပေးခဲ့သည်ဟု သင်တန်းစီစဉ်သူများက ‌ပြောသည်။

အဆိုပါ မဲဆန္ဒရှင်ပညာ‌ပေးသင်တန်းတွင် မဲတစ်ပြား၏တန်ဖိုးကို သိရှိရသလို မိမိမဲ ပယ်မဲမဖြစ်‌စေရန်နှင့် မဲ‌ပေးပုံအဆင့်ဆင့်ကို သိခွင့်ရခဲ့ သည်ဟု သင်တန်းသားတစ်ဦးဖြစ်သူ စံပန်နုံရွာသား ‌စောသန်းမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောသန်းမြင့်က “ဘယ်လို မဲ‌ပေးရမလဲ ဆိုတာလည်း အများစုက မသိကြဘူး။ ဒါ‌ကြောင့် ဒီသင်တန်းကို ကျ‌နော်လာတက်တာပါ။ မသိ ‌သေးတဲ့ အချက်‌တွေလည်း အခု သိခွင့်ရတယ်။ ရွာပြန်ရင် ကျ‌နော်က အများသိလာဖို့ ပြန်လည်ရှင်းပြ‌ပေးမယ်။ ဒီလို မသိတဲ့ရွာ‌တွေ အများကြီး ကျန်‌သေးတယ်။ မဲပညာ‌ပေးသင်တန်းကို များများလုပ်‌ပေးနိုင်ရင် ‌ကောင်းလိမ့်မယ်”ဟု ဆက်‌ပြောသည်။

လက်ရှိတွင် ပြည်နယ်အတွင်းရှိ အ‌ခြေခံမဲစာရင်းများကို စက်တင်ဘာလ ၁၄ရက်‌နေ့က ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ခဲ့ ‌သော်လည်း လာ‌ရောက်ကြည့်ရှုသူ နည်းပါး‌နေ‌သေးသကဲ့သို့ ‌ရွေး‌ကောက်ပွဲအ‌ပေါ် ‌ဒေသခံများ စိတ်ဝင်စားမှုနည်းပါး‌သေးသည်ကို ‌တွေ့ရ ‌ကြောင်း ပြည်နယ်တွင်းအ‌ခြေစိုက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ယင်းသင်တန်းကို ကရင်ပြည်နယ် ၈၈ မျိုးဆက် ပွင့်လင်းလူမှုအဖွဲ့နှင့် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်‌ရေး အသင်း(KWEG) တို့ ပူး‌ပေါင်း ‌ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့အ‌နေဖြင့် မဲဆန္ဒရှင်အသိပညာ‌ပေးသင်တန်းများကို ကရင်ပြည်နယ် ‌ကော့ကရိတ်၊ ဖားအံနှင့် လှိုင်းဘွဲစသည့် မြို့နယ်များအတွင်းရှိ ‌ကျေးရွာများတွင် ‌ဒေသခံလူထုများအား လိုက်လံရှင်းပြလျက်ရှိသည်။ အလားတူ ပြည်နယ်အခြစိုက် အခြားလူမှုအဖွဲ့ အစည်းများကလည်း မဲဆန္ဒရှင် ပညာ‌ပေးသင်တန်းများ ဖွင့်လှစ်‌ပေးရန်ရှိ‌ကြောင်း ‌ဒေသ တွင်းအ‌ခြေစိုက် လူမှုအဖွဲ့အစည်းများက ‌ပြောဆို ‌နေကြသည်။