KIC News
မီဒီယာလွတ်လပ်ခွင့် ကင်းမဲ့နေဆဲဟု မြန်မာမီဒီယာအဖွဲ့များ ဝေဖန်
မတ်လ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ စောခါးစူးညား
မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်ရှိနေပြီဖြစ်ကြောင်း မြန်မာအစိုးရကပြောသော်လည်း အမှန်စင်စစ် မီဒီယာ လွတ်လပ်ခွင့်ကင်းမဲ့နေဆဲဖြစ်ကြောင်း ချင်းပြည်နယ်၊ ဟားခါးမြို့၌ ပြုလုပ်သည့် တတိယအကြိမ် တိုင်းရင်း မီဒီယာညီလာခံအတွင်း မတ်လ ၁၉ရက်နေ့၊ ဒုတိယနေ့ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် မီဒီယာအဖွဲ့များက ဝေဖန်ပြောဆိုလိုက်သည်။
တိုင်းရင်းသားမီဒီယာအဖွဲ့များ၊ ပြည်တွင်းအခြေစိုက်ပြည်တွင်း ပုဂ္ဂလိကသတင်းမီဒီယာအဖွဲ့အပါအဝင်...
ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေးအဖွဲ့မှ မြစ်ချောင်းသုတေသန တာဝန်ခံ စောသာဘိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
ကရင်ပြည်နယ်၊ သံလွင်မြစ်အတွင်း တည်ဆောက်မည့် ရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီး ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေးအဖွဲ့မှ မြစ်ချောင်းသုတေသန တာဝန်ခံ စောသာဘိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
----------------------------------------------------
ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့၏ သမိုင်းအကျဉ်း
ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့ (Karen Rivers Watch)ဟာ ကရင်လူမှုအဖွဲ့အစည်း ၆ဖွဲ့မှ စုပေါင်းပြီး လွန်ခဲ့တဲ့ ၁ဝနှစ်လောက်က စတင်ဖွဲ့စည်းထားတာဖြစ်တယ်။...
စစ်ဘေးကြောင့် ပြည်သူများခံစားခဲ့ရမှုများကို ဖော်ညွှန်းသည့် ကရင်ဗီဒီယိုဇာတ်ကား စတင်ရိုက်ကူး
မတ် ၂ဝရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော စစ်ဘေးဒဏ်ကြောင့် ပြည်သူများခံစားခဲ့ရမှုဒုက္ခများကို အဓိကဖော်ညွန်း ထားသည့် ‘မငိုပါနဲ့တော့မေမေ’ အမည်ရ မြန်မာစာတမ်းထိုး ကရင်ဗီဒီယိုဇာတ်ကားတစ်ခုကို မတ် ၁၉ ရက်နေ့တွင် စတင်ရိုက်ကူးသွားမည်ဟု ဒါရိုက်တာ စောသမော့အဲဖောင်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ဗီဒီယိုဇာတ်ကားကို ကရင်ပြည်နယ်ခြားစောင့်တပ်...
ကိုယ်ထိ လက်ရောက်ကျူးလွန်မိသည့် ရွာသားကို DKBA ပြန်လည်တောင်းပန်
မတ် ၁၉ ရက်၊ ၂၀၁၅ ခုုနှစ်။ စဖန်းရှောင်း
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်သားနှစ်ဦးသည် ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့က မြဝတီမြို့နယ်၊ ကွင်းကလေး ရွာသား စောအောင်နိုင်ထွန်းကို မြဝတီ-ကော့ကရိတ် ဖောက်လုပ်ဆဲ အာရှလမ်းမတနေရာ၌ ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့မှုအပေါ်...
တိုင်းရင်းသားဒေသများတွင် မီဒီယာ ရောက်ရှိမှု အားနည်းဟု ပြန်ကြားရေး ဒုဝန်ကြီးပြောကြား
မတ်လ ၁၈ရက်၊ ၂၀၁၅ခုနှစ်။ စောခါးစူးညား
တိုင်းရင်းသားများ နေထိုင်ရာ နယ်စပ်ဒေသအပါအဝင် ကျေးလက်ဒေသအထိ မီဒီယာများ၏ ရောက်ရှိပျံ့နှံ့မှု အားနည်းနေကြောင်း ပြည်ထောင်စု ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးက ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံတွင် ပြောကြားခဲ့သည်။
“ကျနော်တို့ ဒီမိုကရေစီအစိုးရ တက်လာကတည်းက မီဒီယာဖွံ့ဖြိုးတိုးတက်မှု...
တိုင်းရင်းဒေသတွင်း လူ့အခွင့်အရေး ဆိုးရွားနေသေးဟု ကုလသို့ တင်သွင်းမည့် အစီရင်ခံစာတွင် ထောက်ပြ
မတ် ၁၈ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးအခြအနေများ ဆိုးရွားနေသေးသည်ဟု ပြည်တွင်းပြည်ပ အခြေ စိုက်လူမှုအဖွဲ့အစည်း၃၁ဖွဲ့က စုပေါင်းပြုစုကာ မတ်လ ၂ဝရက်နေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းမည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ၌ ထောက်ပြပြောဆိုသည်။
ND Burma၊ ညီမျှခြင်း-မြန်မာ၊ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်...
မယ်လဒုက္ခသည်စခန်း၌ တစ်ရက် လူ ၃,၀၀ဝ ဦးကျော်နှုန်း စစ်ဆေးနေ
မတ် ၁၈ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၌ မတ်လ ၁၆ရက်နေ့က စတင်သည့် ဒုက္ခသည်စာရင်း စစ်ဆေးမှုတွင် တစ်ရက်အတွင်း လူဦးရေ ၃,၀၀ဝ ကျော်နှုန်း သတ်မှတ်စစ်ဆေးနေသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် စောစိုးထိုက်က ယနေ့ ပြောသည်။
သူက “ ပထမ...
ကရင်ပြည်နယ် ၄မြို့နယ်တွင် BPHWTက မိခင်နှင့် ကလေးစောင့်ရှောက်ရေး စစ်တမ်းကောက်မည်
မတ် ၁၈ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT)က ဦးစီး၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် (၄) မြို့နယ်တွင် မတ်လ ကုန်ပိုင်းမှ စတင်ကာ မိခင်နှင့်ကလေး စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် စစ်တမ်းတစ်ခု ကောက်ယူသွားမည်ဟု...
ကရင်ပြည်နယ်တွင် ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း လွန်ကဲအဆင့် ကျရောက်နေ
မတ် ၁၈ ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်း ယခုမတ်လတွင် ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း လွန်ကဲအဆင့် ကျရောက်လျှက် ရှိနေသည်ဟု Myanmar Climate Change Watch (MCCW) မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မတ် ၁၇ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
၎င်းက“ကရင်ပြည်နယ်အပါအဝင် ဒေသအများစုမှာဖြစ်နေတယ်။ ခရမ်းလွန်ရောင်ခြည်...
လက်နက်ကိုင် ပဋိပက္ခလျှော့ချရန် NCCT နှင့် UPWC တို ့နားလည်မှု ရရှိ
မတ်လ ၁၇ ရက်၊ ၂၀၁၅ ခုနှစ်။ စောထွန်းလင်း
နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများကို လျှော့ချသွားရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြင့် ဖွဲ့ထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team-NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ...














