KIC News
လူငယ့်အသံ၊ လူငယ့်အမြင်
ဓာတ်ပုံရိုက်မယ်။ ကောင်းတဲ့ဓာတ်ပုံတွေ ဖော်ပြမယ်ဆိုတဲ့ Thinnaphat Photographer
အသက် ၂၃နှစ်အရွယ် ကရင်လူငယ် စောအော်လဲပွယ်ဟာ ထိုင်း-မြန်မာနယ်စပ်၊ လေးကျေကလိုးရွာသားတစ်ဦးဖြစ်ပြီး မွေးချင်း လေးယောက်(၄)ယောက်ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ သာမန်အလုပ်သမား မိဘတွေက မွေးဖွားလာတဲ့သူဟာ ထိုင်းနိုင်ငံဘက် ခြမ်းက မဲ့သဝေါရွာမှာ ကိုးတန်းအထိကျောင်းတက်ခဲ့ပြီး ဆယ်တန်းကို မယ်တန်ရွာ အထက်တန်းကျောင်းမှာ သွားတက်ခဲ့ရတယ်...
‘တိုင်းရင်းသားညီညွတ်မှုဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တိုက်ခိုက်ကြဆိုသည့်’ စာတမ်းကပ်ထားသူနှစ်ဦးကို ဝ တာဝန်ရှိသူများ ဖမ်းဆီးထား
မေ ၂ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
"တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တိုက်ခိုက် ကြ" ဆိုသည့်စာတမ်းပါ ပိုစတာအား ပန်ဆန်းတိုင်းရင်းသားအစည်းဝေး ကျင်းပရာနေရာအနီးတွင် ယမန်နေ့က လာရောက်ကပ် ထားမှု ဖြစ်ပွားခဲ့ပြီး ပိုစတာကပ်သူနှစ်ဦးကို ဝ ဒေသ တာဝန်ရှိသူများက ဖမ်းဆီးထားကြောင်း ဝ ပြည်သွေးစည်းညီညွတ်ရေး...
မဲဆန္ဒရှင်များအား ပူးပေါင်းပညာပေးရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် CSO အဖွဲ့များ တွေ့ဆုံ
မေ ၂ရက်၊ ၂၀၁၅ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ အစိုးရတာဝန်ရှိသူများသည် မဲဆန္ဒရှင်ပညာပေးခြင်း လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်း(CSO)များအား ဧပြီလ ၃ဝရက်နေ့က ဖားအံမြို့ Angel Land ဟိုတယ် တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကွန်ပျူတာအတွင်းသို့ ထည့်သွင်းပြီးစီးသော ကရင်ပြည်နယ်တစ်ခုလုံး၏ အခြေခံမဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာခြင်း...
၁၂၅ကြိမ်မြောက် မေဒေးနေ့ အခမ်းအနား မဲဆောက်တွင်ကျင်းပ
မေ ၁ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)မှ ဦးဆောင်၍ ယနေ့ကျရောက် သည့် (၁၂၅)နှစ်မြောက် နိုင်ငံတကာအလုပ်သမားနေ့(May Day) အခမ်းအနားကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အနီး ဝှေ့မုရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား မေဒေးနေ့ ဖြစ်ပေါ်လာရခြင်း၏ အတိတ်သမိုင်းကြောင်းနှင့် အလုပ်သမားများအ နေဖြင့်...
ကေအဲန်ယူ တပ်မဟာ(၂)ဋ္ဌာနချုပ်အနီး အစိုးရတပ်မတော် လေကြောင်းဗုံးကြဲလေ့ကျင့်
မေ ၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၂) ကော်သေးဒဲဌာနချုပ် ဧရိယာနယ်မြေအတွင်း၌ ဧပြီလ ၂၉ရက်နှင့် ၃ဝ ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီးအခြေစိုက် မြန်မာအစိုးရစစ်တပ်မှ K8 လေယာဉ်အမျိုးအစားဖြင့် ဗုံးကြဲလေ့ကျင့်နေမှုများကို ပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူဘက်က ပြောသည်။
ယင်းသို့ ပစ်ခတ်ရာတွင် ဧပြီလ ၂၉ရက်နေ့က ကေအဲန်ယူ တပ်မဟာ(၂)ဌာနချုပ်အနီး...
တွေ့ဆုံမေးမြန်းခြင်း
စောထားလုံ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ကရင်ပြည်နယ်အတွင်းရေးမှူး) နှင့် တွေ့ဆုံမေးမြန်းခြင်း
ကရင်ပြည်နယ်၊ ဖားအံမြို့ အ.ထ.က(၂)မှာ ၁၉၇၇ခုနှစ်၊ ၁ဝတန်းအောင်မြင်ပြီးနောက် နှစ်ခြားရွာမှာ ကောင်စီစာရေး ဝင်လုပ် တယ်။ ၁၉၇၈ခုနှစ်၊ မြောင်းမြမြို့မှာ ဆရာအတတ်သင်ကျောင်းသွားတက်ပြီး ကျောင်းဆရာဝင် လုပ်တယ်။ ၁၉၈၈ခုနှစ်မှာ အရေးအခင်းပြီးနောက်ပိုင်း ၁၉၈၉ခုနှစ်ရောက်တော့...
စစ်ပွဲမရပ်သရွေ့ အပစ်ရပ်ရေးစာချုပ်မှာ စက္ကူပေါ်က စာသားများသာဖြစ်ဟု UWSA ဥက္ကဋ္ဌ ပေါက်ယူချန်း ပြောဆို
မေ ၁ရက်၊ ၂၀၁၅ခုနှစ်။ (ကေအိုင်စီ)
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးထား နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် စစ်ပွဲများမရပ်ပါက စာချုပ်သည် စက္ကူပေါ်က စာသားများသာဖြစ်ကြောင်း ဝပြည်သွေးစည်းညီ ညွတ်ရေးပါတီ(UWSA) ဥက္ကဋ္ဌ ပေါက်ယူချန်းက ယနေ့ ပြောသည်။
UWSA ဌာနချုပ် ပန်ဆန်း(ဒေသအခေါ် ပန်ခမ်း)၌...
ကေအဲန်ယူ တပ်မဟာ(၆) ဆက်ဆံရေးရုံးကို နေရာပြောင်းရွှေ့ဖွင့်လှစ်
ဧပြီ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၆) ဆက်ဆံရေးရုံးကို ယနေ့ ဧပြီလ ၃ဝရက်နေ့တွင် မူလ ရုံးစိုက်ရာနေရာမှ နေရာအသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
ကေအဲန်ယူ တပ်မဟာ(၆) ဆက်ဆံရေးရုံးကို ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးအနီးတွင် ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး...
ပထမဦးဆုံးအကြိမ် ကရင်စာသင် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း မှော်ဘီတွင် ဖွင့်မည်
ဧပြီ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
လာမည့် ၂၀၁၅-၁၆ ပညာသင်နှစ်အတွင်း အစိုးရစာသင်ကျောင်းများ၌ ကရင်စာသင်ကြားပေးမည့် ဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်းတစ်ခုကို မေလ ၁၁ရက်မှ ၁၅ရက်နေ့အထိ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ပိုင်း၊ အသင်းခြံ ဝန်းရှိ ကရင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်၊ မှော်ဘီကျမ်းစာသင်ကျောင်း၌ ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု မှော်ဘီမြို့နယ် ကရင်စာပေ...
မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂဖွဲ့စည်း
ဧပြီ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီး၌ ပညာသင်ကြားနေသော ချင်းကျောင်းသားကိုယ်စားလှယ်များ စုပေါင်း၍ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဧပြီလ ၂၇ရက်မှ ၂၈ရက်နေ့အထိ ပထမဆုံးအကြိမ် ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး (၁၅)ဦးပါဝင်သော မြန်မာ နိုင်ငံလုံးဆိုင်ရာချင်းကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခဲ့သည်။
နှစ်ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ ညီလာခံတွင် ချင်းကျောင်းသား၊ ကျောင်းသူများက...














