Home Authors Posts by KIC News

KIC News

21996 POSTS 0 COMMENTS

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် ပြန်လည်သုံးသပ်ရန် ကရင်လူမှုအဖွဲ့များ KNU ထံ ‌မေတ္တာရပ်ခံ

‌မေ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း ကရင်ပြည်နယ် ဖားအံခရိုင် ‌လေးဝါးစခန်းတွင် ကျင်းပပြီးစီးခဲ့သည့် ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲ တက်‌ရောက်လာသည့် ပြည်တွင်းပြည်ပနှင့် နယ်စပ် ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကရင်အမျိုးသားအစည်းအရုံး KNU ထံသို့ ‌မေလ ၈ရက်‌နေ့က ‌မေတ္တာရပ်ခံသည့် အိတ်ဖွင့်‌ပေးစာတစ်‌စောင် ‌ပေးပို့ခဲ့‌ကြောင်း သိရသည်။ ယင်းစာကို နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်လာသည့်...

၂၀၁၄ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုု ‌နော်ဆာမူးရရှိ

‌မေ ၁ဝ ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး ဖန်း‌ဖောင်‌ဒေးရှင်းမှ ‌ပေးအပ်‌သော ၂၀၁၄ခုနှစ်၊ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို လက်ရှိ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုကွန်ရက်(KESAN)၌ လူထုအကျိုးပြု ‌ဆောင်ရွက်‌နေသည့် ‌နော်ဆာမူး ရရှိသွားပြီး ‌မေလ ၉ ရက်‌နေ့တွင် ဆု‌ပေးအပ်ချီးမြှင့်ခဲ့သည်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၇)ရှိ ‌လေးဝါးစခန်း၌...

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဖြစ်‌မြောက်ဖို့ အင်အားလိုပါတယ်

‌မောင်‌ကျော်စွာ (၂၀၁၅ခုနှစ်၊ ‌မေလ ၇ရက်) တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ ထိပ်သီး‌ခေါင်း‌ဆောင်များ မျက်နှာစုံညီအစည်းအ‌ဝေး ‌အောင်မြင် စွာ ကျင်းပပြီးစီး၍ အချက် ၁၂ချက်ပါရှိ‌သော ‌ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။ အ‌ကြောင်း‌ကြောင်း‌ကြောင့် မဆုံဖြစ်နိုင်ကြသူ‌တွေ၊ အဖွဲ့အစည်း‌တွေ ပထမအကြိမ်ဆုံးအကြိမ်ဆုံဖြစ်ကြတာ၊ အ‌တွေ့အကြုံ‌တွေ၊ သ‌ဘောထားအမြင်‌တွေ အပြန်အလှန်ဖလှယ်နိုင်ကြတာဟာ ‌ကျေနပ်စရာ‌ကောင်းပါတယ်။ ခြုံငုံကြည့်လျှင် ပထမအကြိမ်အဖြစ် စုဆုံဖြစ်ကြရာမှ အချက်...

ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲ ‌ကေအဲန်ယူ တပ်မဟာ (၇)တွင် ကျင်းပပြီးစီး

‌မေ ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဖားအံခရိုင်၊ တပ်မဟာ(၇)၌ ‌မေလ ၆ ရက်‌နေ့မှ ပြုလုပ်ကျင်းပခဲ့သည့် ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲကို ယ‌နေ့က ပြီးစီးသွားပြီဖြစ်သည်။ အဆိုပါ နှီး‌နှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်းများ၊ ကရင်ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ၊ ကရင်‌ရေးရာ‌ကော်မတီ၊...

ရပ်ရွာကာကွယ် ‌လေ့လာ‌စောင့်ကြည့်ခြင်း ဆရာဖြစ်သင်တန်း KWEG နှင့် NP တို ့ပူး‌ပေါင်းဖွင့်လှစ်

‌မေ ၈ ရက်၊ ၂၀၁၅ ခုနှစ်။ နန်း‌ချောင်‌ဖော့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုရန်ရည်ရွယ်ပြီး ရပ်ရွာကာကွယ်ခြင်းနှင့် ‌လေ့လာ‌စောင့်ကြည့်ခြင်း ဆရာဖြစ်သင် တန်းတစ်ရပ်ကို ‌မေ ၄ မှ ၉ ရက်ထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးရုံး၌ ဖွင့်လှစ်သင်ကြား‌ပေး‌နေသည်ဟု...

သံ‌တောင်မြို့နယ်တွင် မိုးသက်‌လေပြင်း‌ကြောင့် ‌ကျေးရွာနှင့် ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံး

‌မေ ၇ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ ကရင်ပြည်နယ် သံ‌တောင်မြို့နယ် ‌ဘောကလိမြို့နယ်ခွဲအတွင်း၌ ‌မေလ ၅ မှ ၆ ရက်‌နေ့တို့တွင် မိုးသက် ‌လေပြင်းတိုက်ခိုက်မှု‌ကြောင့် ‌ကျေးရွာ ၁၆ ရွာမှ ‌ဒေသခံ အိမ်‌ခြေအချို့နှင့် ဥယျာဉ်ခြံများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။ ‌လေပြင်းတိုက်ခိုက်သည့် ‌ဒေသသည် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)...

ဘဝသစ်အကျဉ်းစခန်းက သိမ်းယူထားသည့် လယ်‌မြေ ၇၂ဝ ဧကကို မူလပိုင်ရှင်ထံ ပြန်မ‌ပေး‌သေး

‌မေ ၇ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောညွန့်‌သောင်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာက‌ဒေါင်‌ကျေးရွာအုပ်စုအတွင်းရှိ ပြည်ထဲ‌ရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန လက်‌အောက်ခံ၊ ဘဝသစ် အကျဉ်းစခန်းမှ ၂၀၀၈ ခုနှစ် ကတည်းက သိမ်းယူထားသည့် မူလပိုင်ရှင် ‌ဒေသခံ လယ်သမား ၉၅ဦး၏ လယ်ယာ‌မြေ ၇၂ဝ...

ကရင်ပြည်နယ်အတွင်း ပိတ်ထားသည့် မဲဆန္ဒနယ်အားလုံး ပြန်ဖွင့်‌ပေးရန် ပါတီအဖွဲ့အစည်းများလိုလား

‌မေ ၆ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောညွှန် ့‌သောင်း ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ‌ဒေသအ‌ခြေအ‌နေ‌ကြောင့် ‌ရွေး‌ကောက်ပွဲမကျင်းပ ဘဲ ပိတ်ထားသည့် မဲဆန္ဒနယ်များအားလုံး လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပြည်လည်ဖွင့်လှစ်‌ပေးရန် လိုလားသည်ဟု ပြည်နယ်အတွင်းရှိ နိုင်ငံ‌ရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူများက ‌ပြောသည်။ လက်ရှိ...

ကရင်အမျိုးသားညီလာခံအတွက် တတ်သိပညာရှင်အဖွဲ့တစ်ဖွဲ့ကို KUPC ဖွဲ့စည်း

‌မေ ၅ ရက်၊ ၂၀၁၅ ခုနှစ်။ နန်း‌ချောင်‌ဖော့ ကရင်အမျိုးသားညီလာခံတွင် ‌ဆွေး‌နွေးမည့် အ‌ကြောင်းအရာများနှင့် ပတ်သက်၍ စိစစ်ရန် ပြည်တွင်းပြည်ပမှ ကရင်တက်သိ ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ကရင်အမျိုးသားစည်းလုံး‌ရေးနှင့်ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC) က ဖွဲ့စည်း ထားပြီးဖြစ်သည်ဟု ယင်း‌ကော်မတီဝင်များက ‌ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ‌မေ ၁...

ဖွဲ့စည်းပုံ ပြင်ဆင်ရန်နှင့် အပစ်ရပ်စာချုပ်တွင် အဖွဲ့အားလုံးပါဝင်‌ရေး ပန်ဆန်းညီလာခံတွင် သ‌ဘောတူ

‌မေ ၅ ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်ရန်နှင့် အပစ်ရပ်စာချုပ်တွင် လက်နက်ကိုင်အဖွဲ့အားလုံးပါဝင် လက်မှတ်ထိုးရန် ဝပြည်‌သွေးစည်းညီညွတ်‌ရေးပါတီ ဌာနချုပ် ပန်ဆန်းတွင် ကျင်းပ‌နေသည့် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ ထိပ်သီးအစည်းအ‌ဝေး ၄ ရက်‌မြောက်‌နေ ့တွင် သ‌ဘော တူညီခဲ့သည်ဟု အစည်းအ‌ဝေး တက်‌ရောက်‌နေသည့်...
Donate