KIC News
စစ်တပ်သီးစားချ ကိုယ်စားလှယ်များကို မူလပိုင်ရှင်လယ်သမားများ တရားစွဲမည်
ဇွန် ၂၇ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုရှိ လယ်သမား ၁၇ဦးပိုင်၊ လယ်ဧက ၁၈ဝကို အစိုးရ က မူလပိုင်ရှင်လယ်သမားများထံ ပြန်ပေးထားခဲ့သော်လည်း အစိုးရတပ်ရင်း ၅ရင်းမှ သီးစားချ ကိုယ်စားလှယ်များက ပြန်မ အပ်ဘဲ လယ်အတွင်း ဝင်ရောက်ထွန်ယက်စိုက်ပျိုးခဲ့သလို သတ်မှတ်နစ်နာကြေးလည်း မပေးသည့်အတွက်...
ထိုင်း-မြန်မာနယ်ခြားကော်မတီအစည်းအဝေးတွင် နယ်ခြားပြဿနာများကို အဓိကဆွေးနွေးခဲ့
ဇွန် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ Kamphaeng Phet Rajabhat တက္ကသိုလ်တွင် ယနေ့ ကျင်းပသည့် ၃၃ကြိမ်မြောက် ထိုင်း-မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)အစည်းအဝေး၌ နှစ်နိုင်ငံ နယ်ခြားပြဿနာကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။
ယနေ့နံနက် ၁ဝနာရီမှ နေ့လည်အထိ ပြုလုပ်သည့်...
အာရှလမ်းမပေါ် မြေပြိုကျသဖြင့် သွားလာမှု ခေတ္တရပ်ဆိုင်း
ဇွန် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ပေါ်တွင် ယနေ့နံနက်ပိုင်းက တောင်သားမြေပြိုကျသဖြင့် ၅နာရီကြာ လမ်း ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး ခရီးသွားလာမှုများ ခေတ္တရပ်နားမှု ဖြစ်ပေါ်ခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့နှင့် ၁ဝမိုင်ခန့်အကွာ ကော့နွဲ့တံတားအလွန် ဒေသအခေါ် ဆိတ်ဖူးတောင်မှ မြေပြိုကျမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာသို့...
လေပြင်းတိုက်ခတ်မှုကြောင့် ကော့လားအလယ်တန်းကျောင်း အရေးပေါ်ကူညီမှု လိုအပ်နေ
ဇွန် ၂၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်ပိုင်ကျုံမြို့နယ် စီဖိုးခီးကျေးရွာရှိ ကရင်ပညာရေးဌာန KED လက်အောက်ခံ စာသင်ကျောင်းတစ်ကျောင်းဖြစ်သည့် "ကော့လား"အလယ်တန်းကျောင်းတွင် ဇွန်လ ၁၄ရက်နေ့ညနေက အချိန်တစ်နာရီကျော်ကြာ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးမှုများရှိနေပြီး ယခုအချိန်တွင် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
စာသင်ကျောင်း ပျက်စီးမှုအခြေအနေနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာကြီး စောမူးကပေါ်က...
ဒုက္ခသည်များအား နေရပ်ကို အတင်းပြန်ပို့မည်မဟုတ် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ပြော
ဇွန် ၂၅ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Mr. Patrick Murphy က ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်အရေး ဖြေရှင်းရာတွင် နေရပ်ပြန်ရေးသည် အသင့်တော်ဆုံးဖြစ်သော်လည်း ၎င်းတို့ဆန္ဒမပါဘဲ အတင်းအကြပ် ပြန်ပို့မည်မဟုတ်ကြောင်း ယမန်နေ့က မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့စဉ် ပြောကြားခဲ့သည်ဟု စခန်းဥက္ကဋ္ဌ စောအောနက်က ပြောသည်။...
ကေအဲန်ယူနှင့် တနသင်္ာရီတိုင်းဒေသကြီး အစိုးရ ပူးပေါင်းကာ ဘိန်းစာပင် ၁၆၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့
ဇွန် ၂၄ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် တနသင်္ာရီတိုင်းဒေသကြီး အစိုးရအာဏာပိုင်များပူးပေါင်းပြီး တနသင်္ာရီမြို့နယ် သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာ အနောက်မြောက်ဘက်(၂)မိုင်ခန့်အကွာ ဘန်ကြုတ်ဒေသရှိ ၁.၈၅ ဧက ခန့် စိုက်ပျိုးထားသော ဘိန်းစာပင် (၁၆၄၄)ပင်ကို ဇွန်လ ၁၄ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ယင်းသို့ ဘိန်းစာပင်များ ပူးပေါင်းတိုက်ဖျက်ရာတွင်တနသင်္ာရီတိုင်း...
အထက်ကော့ရင်းကျေးရွာအုပ်စုရှိ နေအိမ်များဖျက်ဆီးခံရမှု ကေအဲန်ယူထံ ဒေသခံများ တင်ပြ
ဇွန် ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် ၁၈မိုင်ကွာဝေးသော မြိုင်ကလေးသစ်တောအတွင်းရှိ အထက်ကော့ရင်းကျေးရွာအုပ်စု၊ မောင် ကလေးကျေးရွာသစ်မှ နေအိမ်များကို အာဏာပိုင်များက ဝင်ရောက်ဖျက်ဆီးခဲ့သည်အတွက် ဒေသခံများက ကရင်အမျိုးသားအ စည်းအရုံး(ကေအဲန်ယူ)ထံ ဆက်ဆံရေးရုံးမှတဆင့် ယနေ့ အကူအညီ တင်ပြတောင်းခံခဲ့သည်။
အဆိုပါနေအိမ်များကို သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်နေထိုင်သည်ဟုဆိုကာ ယမန်နေ့က အစိုးရဋ္ဌာနဆိုင်ရာ...
ဒုက္ခသည်များ ပြန်ပို့ရေး တိကျသည့် အာမခံချက်ရှိရန် လိုအပ်ကြောင်း ကရင်လူမှုအဖွဲ့ ထောက်ပြ
ဇွန် ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ခိုလှုံနေကြသည့် မြန်မာဒုက္ခသည်များအား နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်မှာ တိကျမှန်ကန်သည့် အာမခံချက်ရှိရန် လိုအပ်ကြောင်း ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ပြုလုပ်သည့် ဒုက္ခသည်များ ပြန်လည်နေ ရာချထားရေးအစီအစဉ်အပေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR နှင့် တွေ့ဆုံဆွေးနွေးရာတွင် နယ်စပ်...
မြစ်ကျိုးမူလွန်ကျောင်းမှ ကျောင်းသူကျောင်းသားများအား လေးကေ အထကကျောင်း လက်မခံသေး
ဇွန် ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စောခါးစူးညား
၂၀၁၅-၂၀၁၆ စာသင်နှစ် ဖွင့်လှစ်သင်ကြားနေပြီးဖြစ်သော်လည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် လေးကေကျေးရွာအုပ်စုအတွင်း ရှိ မြစ်ကျိုးရွာ မူလတန်းလွန် စာသင်ကျောင်းမှ အဋ္ဌမတန်း ကျောင်းသူကျောင်းသားများအား လေးကေ အထကကျောင်းမှ ယခု အချိန်အထိ လက်ခံခြင်း မရှိသေးကြောင်း ကျောင်းကော်မတီနှင့် အကျိုးဆောင်များက ပြောသည်။
မြစ်ကျိုးကျောင်းအကျိုးဆောင်တစ်ဦးဖြစ်သူ...
အိမ်ပြန်ချင်ပြီ
(လကင်္ာဒီပ)
ဇွန်လ ၂၃၊ ၂၀၁၅။
အိမ်ပြန်ချင်ပြီဆိုပေမယ့်
တို့ရဲ့ဒေသမှာ မဟာဝါဒီဘီလူးတွေ
ခြေချနေသေးသရွေ့
နေ့တဓူဝ ငရဲအိုးထဲ
ဘယ်လိုဇွဲသတ္တိမျိုးနဲ့ ငါတို့ ပြန်ရဲကြမှာလဲ။
အိမ်ပြန်ချင်ပြီဆိုပေမယ့်
တို့ရဲ့ ဌာနေရပ်ဝန်းမှာ
သွေးသားဆာ ရမက်လောက်ကောင်ကြီးတွေ
အခိုးဝေ လောဘတိုက်နေသရွေ့
ရှေ့ရေး ရင်မအေးသလို
ငါ့သားပျို သမီးပျိုတွေအတွက်
ရက်စက်ခြင်းတွေ မပေးဝံ့ဘူး။
အိမ်ပြန်ချင်ပြီဆိုပေမယ့်
လုံခြုံမှု မရှိတော့တဲ့ငါ့ရွာ
မြေယာအိမ်တွေရဲ့သဏ္ဍာန်
သုဿန် တစပြင်လို
အလိုလိုခြောက်ခြားခြင်းတွေနဲ့
လာခဲ့ဖို့ လက်ယပ်ခေါ်နေသလိုလို။
အိမ်ပြန်ချင်ပြီဆိုပေမယ့်
တကယ့် လက်တွေ့ဘဝက
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လူတွေရဲ့
မမြဲတဲ့ ကတိတွေကြားမှာ
တို့တွေဟာ အချောင်အစားခံယူ
ဒီအူတူတူအကွက်တွေမြင်လို့
အိမ်ပြန်ဖို့ ခြေလှမ်းတွေတောင်
သယ်ဆောင်ရန် ဝန်လေးလှပါဘိတော့။
အိမ်ပြန်ချင်ပြီဆိုပေမယ့်
အိုဘယ့် ဘယ်မလဲ...















