Home သတင်း တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို အစိုးရသစ် ဖန်တီး‌ပေးနိုင်မည်ဟု KNU ဒု-ဥက္ကဌ ယုံကြည်

တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို အစိုးရသစ် ဖန်တီး‌ပေးနိုင်မည်ဟု KNU ဒု-ဥက္ကဌ ယုံကြည်

1880

မတ် ၁၈ ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ဦး‌ဆောင်သည့် အစိုးရသစ်အ‌နေဖြင့် တိုင်းရင်းသားအားလုံးပါဝင်သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ကြိုးစားဖန်တီး‌ပေးနိုင်မည်ဟု ယုံကြည်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ဒု-ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုလိုက်သည်။

၎င်းက “အားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဖြစ်ဖို့ဆိုတာ ကျမတို့အ‌နေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင် ရမှာပဲ‌လေ။ အထူးသဖြင့် တိုင်းရင်းသားအားလုံးပါဝင်တဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တညီတညွတ်တည်း ‌ဆွေး‌နွေး ‌ပြောဆိုနိုင်ဖို့ အစိုးရသစ်အ‌နေနဲ့ ကျမတို့ ‌ရှေ့ဆက်ပူး‌ပေါင်းလုပ်‌ဆောင်ရမယ့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ကြိုးစား ဖန်တီး‌ပေးနိုင်မယ်လို့ ကျမတို့ အ‌နေနဲ့ယုံကြည်‌မျှော်လင့်တယ်”ဟု ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအ‌နေအထားအရ မြန်မာအစိုးရစစ်တပ်ဘက်မှ အာဏာရှိ‌နေ‌သေးသည့်အ‌ပေါ် နိုင်ငံ‌ရေး၏ အ‌ခြေခံ ပြဿနာကို ပြုပြင်‌ပြောင်းလဲသည့် ‌နေရာတွင် KNU အ‌နေဖြင့် မြန်မာအစိုးရစစ်တပ်၏ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်အ‌ပေါ် လက်ခံနိုင်မှုကို စိုးရိမ်လျက်ရှိ‌နေသည်ဟုလည်း ပဒို‌နော်စီဖိုးရာစိန်က ဖြည့်စွက်‌ပြောသည်။

NLD ပါတီ အစိုးရဖြစ်လာလျှင် ယခင်အစိုးရနှင့် တိုင်းရင်းသား ‌တော်လှန်‌ရေးလက်နက်ကိုင်(၈)ဖွဲ့ လက်မှတ်ထိုး ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ကို လက်ခံနိုင်သည့် အ‌နေအထား နှင့် ကိုက်ညီသည့် ပြုပြင်မှုများလုပ်သွားမည်ဟု ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်‌နေ့က ‌ဒေါ်‌အောင်ဆန်းစုကြည် ဦး‌ဆောင်သည့်အဖွဲ့နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသာအဖွဲ့တို့‌နေပြည်‌တော်၌‌တွေ့ဆုံရာတွင် ထိုကဲ့သို့ ‌ပြောဆိုမှုများရှိသည်ဟု တိုင်းရင်းသားဘက်က ဆိုထားသည်။

ထို့အပြင် ယခင်အစိုးရနှင့် တိုင်းရင်းသား‌တော်လှန်‌ရေးလက်နက်ကိုင်(၈)ဖွဲ့ပါဝင်သည့် NCA လက်မှတ်‌ရေးထိုး ရာတွင် KNU အပါအဝင် ကရင်လက်နက်ကိုင်(၃)ဖွဲ့ ပါဝင်လက်မှတ်‌ရေးထိုးခဲ့ခြင်းအ‌ပေါ် ကရင်အရပ်ဖက် အဖွဲ့အစည်းများ၏ ‌ဝေဖန်မှုများရှိခဲ့‌သော်လည်း ယခုတက်လာသည့် အစိုးရသစ်အ‌ပေါ်တွင် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်ကို များစွာ ‌မျှော်လင့်ထားသည်ဟု ကရင်အရပ်ဖက်များက ‌ပြောဆိုသည်။

ကရင့်‌ရေးရာ‌ကော်မတီ-KAC အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “ကျ‌နော်အ‌နေနဲ့ ဒီအစိုးရလက်ထက်မှာက ကနဦး အ‌နေနဲ့ငြိမ်းချမ်း‌ရေးကိစ္စကို ပြီးပြတ်‌အောင် လုပ်‌စေချင်တယ်။ ပြီး‌တော့မှ စစ်မှန်တဲ့ဖက်ဒရယ် ပြည်‌ထောင်စုကို ဘယ်လိုတည်‌ဆောက်သွားမလဲဆိုတာကို ပူးတွဲ‌ဆွေး‌နွေးသွားဖို့ လိုတယ်။ ယခင်စစ်တစ်ပိုင်းအစိုးရ‌တောင်မှ တိုင်းရင်းသားအ‌ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်နိုင်ခဲ့တဲ့အ‌ပေါ်မှာ အခုအရပ်သားအစိုးရသစ်အ‌နေနဲ့ အများကြီးလုပ်နိုင်မယ်လို့ ကျ‌နော်တို့ ‌မျှော်လင့်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယခုတိုင်းရင်းသား(၈)ဖွဲ့ဖြင့် လက်မှတ်‌ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲ‌ရေးဖြင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်နိုင်မည်မဟုတ်ဘဲ အစိုးရအ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေး အတွက် တပ်မ‌တော်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို စနစ်တကျသတ်မှတ်ပြီး‌တော့မှ အပစ်ရပ် လက်မှတ်ထိုးပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲလုပ်ရန် လိုလား‌ကြောင်းလည်း ‌စော‌ကျော်စွာက ဆက်‌ပြောသည်။

၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာ ၁၅ရက်‌နေ့က ဦးသိန်းစိန်အစိုးရနှင့် KNU၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်‌မြောက် ‌ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည်ပြန်လည်ထူ ‌ထောင်‌ရေး‌ကောင်စီ/ရှမ်းပြည်တပ်မ‌တော်(RCSS/SSA)နှင့် ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့(PNLO)တို့ NCA လက်မှတ်ကို‌ရေးထိုးခဲ့ကြသည်။