Home သတင်း နိပွန်‌ဖောင်‌ဒေးရှင်း အကူအညီများကို ‌ကေအဲန်ယူခရိုင် ၄ခုတွင် ပထမအဆင့် လုပ်‌ဆောင်သွားမည်

နိပွန်‌ဖောင်‌ဒေးရှင်း အကူအညီများကို ‌ကေအဲန်ယူခရိုင် ၄ခုတွင် ပထမအဆင့် လုပ်‌ဆောင်သွားမည်

1618

မတ် ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ဂျပန်နိုင်ငံရှိ နိပွန်‌ဖောင်‌ဒေးရှင်း The Nippon Foundation ၏ ပြန်လည်ထူ‌ထောင်‌ရေး အကူအညီ‌ပေးမှု အစီအစဉ်များကို ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ခရိုင် ၄ခုတွင် ပထမအဆင့်အ‌နေဖြင့် စတင် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း လုပ်ငန်းအ‌ကောင်အထည် ‌ဖော်‌ဆောင်‌ရေး‌ကော်မတီထံမှ သိရသည်။

အဆိုပါ‌ကော်မတီတွင် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ‌ကေအဲန်ယူမှ ခရိုင်၊ တပ်မဟာ‌ခေါင်း‌ဆောင်များ၊ ဒီမိုက‌ရေစီအ ကျိုးပြုကရင်တပ်မ‌တော် -DKBA နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ(PC) တို့မှ ‌ခေါင်း‌ဆောင်များပါဝင်ပြီး ယင်းလုပ်ငန်းများ စတင် အ‌ကောင်အထည်‌ဖော်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ‌ကော်မတီအတွင်း‌ရေးမှူးဖြစ်သူ ‌ကေအဲန်ယူမှ ဗိုလ်မှူး‌စောရန် နိုင်က ယခုလို ‌ပြောသည်။

“နိပွန်‌ဖောင်‌ဒေးရှင်းမှ အကူအညီ‌ပေးဖို့ ‌တောင်းဆိုထားတဲ့ ‌ကေအဲန်ယူ ခရိုင်‌တွေဖြစ်တဲ့ သထုံ၊ ဒူးပလာယာ၊ ဘိတ်-ထားဝယ်၊ ဖားအံ စတဲ့ခရိုင်‌တွေက ‌လော‌လောဆယ်မှာ ပထမအသုတ်အ‌နေနဲ့ ဖြစ်မယ်။ ပြီး‌တော့ DKBA၊ KNU/KNLA(PC)တို့ရဲ့ ဧရိယာ ‌တွေမှာလည်း ပါသွားမယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအကူအညီများကို နီပွန်‌ဖော‌ဒေးရှင်းက မတ်လမကုန်မှီ ‌ပေးသွားမည်ဖြစ်ပြီး အကူအညီများ ရရှိမှသာလျှင် လုပ်ငန်း‌ဖော် ‌ဆောင်မည့် အချိန်နှင့် လုပ်ငန်းအစီအစဉ် အ‌သေးစိတ်ကို ဆက်လက်ညှိနှိုင်း ‌ဆွေး‌နွေးကာ စတင်လုပ်‌ဆောင်နိုင်မည်ဖြစ် ‌ကြောင်း ဗိုလ်မှူး‌စောရန်နိုင်က ဆက်‌ပြောသည်။

ကရင်လက်နက်တပ်ဖွဲ့များ နယ်‌မြေအတွင်း ပြန်လည်ထူ‌ထောင်‌ရေး စီမံကိန်းလုပ်ငန်းစဉ်များကို ဦးစွာ အ‌ကောင်အထည်‌ဖော် သွားရန် နိပွန်‌ဖောင်‌ဒေးရှင်းနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည် မတ်လ ၂ရက်‌နေ့က ဖားအံမြို့၊ ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်သည့် စီမံကိန်း‌ဖော်‌ဆောင်မှု ညှိနှိုင်း အစည်းအ‌ဝေးတွင် လက်ခံသ‌ဘောတူခဲ့ခြင်းဖြစ်သည်။

၎င်းသ‌ဘောတူညီချက်များအရ နိပွန်‌ဖောင်‌ဒေးရှင်းမှ အဆိုပါ နယ်‌မြေများအတွင်း အိမ်‌ခြေ အလုံး‌ပေါင်း ၁၂၅၀၊ စာသင်‌ကျောင်း ၇‌ကျောင်း၊ ‌ဆေး‌ပေးခန်း ၃ခု၊ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု စင်တာ ၁ခု၊ တံတား ၁စင်းနှင့် ‌ရေတွင်း ၅တွင်းကို ဂျပန်ယန်း ၁.၀၈ ဘီလီယံအကုန်အကျခံကာ ကူညီ‌ဆောက်လုပ်‌ပေးသွားမည်ဖြစ်‌ကြောင်း နိပွန်‌ဖောင်‌ဒေးရှင်း ဝက်ဘ်ဆိုက် စာမျက်နှာတွင် တရားဝင် ထုတ်ပြန်ထားသည်။

ထိုလုပ်ငန်းအ‌ကောင်အထည်‌ဖော်ရာတွင် နိပွန်‌ဖောင်‌ဒေးရှင်းမှ လက်နက်ကိုင်အဖွဲ့အစည်းများထံ တိုက်ရိုက် ‌ငွေ‌ကြေးကူညီ‌ပေး မည်မဟုတ်ဘဲ ‌ကော်မတီလမ်းညွှန်မှုများဖြင့် သက်ဆိုင်ရာ နယ်‌မြေများရှိ ‌ဒေသခံကုမ္ပဏီများနှင့် တိုက်ရိုက် ချိတ်ဆက်ကာ လုပ် ငန်းကို အ‌ကောင်အထည်‌ဖော်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့-KHRG စည်းရုံးလှုံ့‌ဆော်‌ရေး တာဝန်ခံ ‌စော‌ဝေ‌လေးက “အကူအညီ‌ပေးတဲ့အ တွက် ကြိုဆိုရမှာဖြစ်ပါတယ်။ တကယ် လိုအပ်တဲ့ လူထု‌တွေဆီ‌ရောက်‌အောင် ကူညီနိုင်ဖို့လိုပါတယ်။ ‌ကေအဲန်ယူနယ်‌မြေအ တွင်း ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ စားနပ်ရိက္ခာအ‌ရေး‌တွေအတွက် အနီးကပ်အကူအညီ‌ပေးတဲ့‌နေရာမှာ အ‌တွေ့အကြုံရှိတဲ့ အဖွဲ့အ စည်း‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်ရင် ပိုပြီး ထိ‌ရောက်လုပ်‌ဆောင်နိုင်မယ်လို့ အကြံပြုချင်ပါတယ်״ဟု ‌ပြောသည်။

ဂျပန်အစိုးရက ‌ကျော‌ထောက်‌နောက်ခံ ပြုထား‌သော နိပွန်‌ဖောင်‌ဒေးရှင်းအဖွဲ့သည် ၂၀၁၂‌နောက်ပိုင်းမှ စတင်ကာ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်သည့် နယ်‌မြေအချို့တွင် ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် စားနပ်ရိက္ခာများကို လူသားချင်း စာနာ‌ထောက် ထားမှု အကူအညီများ‌ပေး‌သောအဖွဲ့ ဖြစ်သည်။