Home သတင်း KNU ဘိတ်ထားဝယ်ခရိုင် ထိန်းချုပ်နယ်‌မြေအတွင်း ‌တောမီးများ ဆက်လက်‌လောင်ကျွမ်း‌နေ

KNU ဘိတ်ထားဝယ်ခရိုင် ထိန်းချုပ်နယ်‌မြေအတွင်း ‌တောမီးများ ဆက်လက်‌လောင်ကျွမ်း‌နေ

2072

မတ် ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဘိတ်ထားဝယ်ခရိုင် ထိန်းချုပ်နယ်‌မြေ ထီးမိုပွာမြို့နယ် အထူး‌ဒေသ အမြာ‌ကျေးရွာအနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ရွာသားတစ်ဦး၏ ‌တောင်ယာမီးရှို့ရာမှ စတင်‌လောင်ကျွမ်းသည့် ‌တောမီးများမှာ ယ‌နေ့အထိ ဆက်လက်‌လောင်ကျွမ်း‌နေဆဲဖြစ်‌ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင်တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ပဒို‌စောဘီးလယ်က ‌ပြောသည်။

“‌လောင်တာကလည်း လူ‌တွေ‌နေတဲ့ရွာ‌တွေမှာ မဟုတ်ဘဲ ‌တောထဲမှာ ‌လောင်တာဖြစ်ပါတယ်။ မီး‌လောင် အကျယ်အဝန်းကို‌တော့ မခန့်မှန်းတတ်ဘူး၊ ‌တောထဲမှာ‌တော့ ဆက်‌လောင်‌နေတုန်းပဲ။ ‌နောက် တစ်ရက် နှစ်ရက်ဆို မီးက ဆက်‌လောင်ဖို့ အားနည်းလိမ့်မယ်လို့‌တော့ ထင်တယ်״ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောမီးမှာ ငြိမ်းသတ်ရခက်ခဲသဖြင့် အတတ်နိုင်ဆုံး ကြိုတင်တားဆီးမှုများပြုလုပ်‌နေသလို ယင်းနယ်‌မြေများအတွင်း KNU တပ်စခန်း များရှိသည့်အတွက် မီးငြိမ်းသတ်နိုင်‌ရေး အကူအညီများကို ‌တောင်းခံရန် စဉ်းစားမည်မဟုတ်‌ကြောင်းလည်း ပဒို‌စောဘီးလယ်က ဆက်‌ပြောသည်။

အဆိုပါ ‌တောမီး‌လောင်ကျွမ်းမှု‌ကြောင့် KNU ဘိတ်-ထားဝယ်ခရိုင်‌ရှေ့တန်းရုံးအတွင်းရှိ ခရိုင်တွဲဖက် အတွင်း‌ရေးမှူး ပဒိုတူးရယ် ‌နေအိမ်၊ ‌ဆေးဝန်ထမ်းများ‌နေထိုင်သည့် အ‌ဆောင်တစ်လုံးအပါအဝင် ‌နေအိမ် ၇ လုံးမီး‌လောင်ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိ‌ကြောင်း ‌ကေအဲန်ယူက ‌ပြောသည်။

‌တောမီး‌လောင်ကျွမ်းသည့်အနီးနား‌ကျေးရွာများဖြစ်သည့် အမြာ၊ ကတ္တရာ၊ ‌လော‌အော်၊ ‌မောထာ၊ ဆင်ဖြူတိုင်၊ အမို၊ ဝါး‌တော စသည့် ‌ကျေးရွာတာဝန်ရှိသူများကို KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူ များမှ မတ်လ ၁၇ရက်‌နေ့က အမြာ‌ကျေးရွာတွင် ‌ခေါ်ယူ‌တွေ့ဆုံကာ မီး‌ဘေးကြိုတင်ကာကွယ်‌ရေးအတွက် ‌ပြောဆို‌ဆွေး‌နွေးမှုပြုလုပ်ခဲ့‌ကြောင်းလည်း သိရသည်။

ထို‌ဒေသမှ ‌ဒေသခံတစ်ဦးက “‌တောမီးက‌တော့ တစ်နှစ်တစ်ခါ‌လောင်‌နေကျဖြစ်ပါတယ်။ အခုက‌တော့ ရွာ‌တွေဘက် ဆက်‌လောင်ဖို့‌တော့ မရှိဘူး။ အဲဒီလို‌တောမီး‌လောင်ရင် မကူးဖို့ ရွာပြန်စပြီးတည်ကတည်း မီးတား‌တွေ လုပ်ထားရတယ်။ အခု‌တောမီးအတွက် စိုးရိမ်စရာ‌တော့မရှိဘူး။ သားရဲတိရိစ္ဆာန် ထိခိုက် ‌သေ‌ကြေတာ‌တော့ ရှိတယ်״ဟု ‌ပြောသည်။

ယခု ‌တောမီး‌လောင်ကျွမ်းမှု ဖြစ်ပွားလျှက်သည့်‌နေရာများတွင် လွန်ခဲ့သည့် ၂၀၀၇ခုနှစ်က KNU နှင့် အစိုးရစစ်တပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ‌ကျေးရွာများပျက်စီးခဲ့ပြီး အပစ်အခတ်ရပ်စဲ‌ရေး ပြုလုပ်သည့် ၂၀၁၂ ခုနှစ်‌နောက်ပိုင်းအချိန်မှစ၍ ရွာသားအချို့ ‌နေရပ်ပြန်လာ‌နေထိုင်ကြသည့် ‌နေရာများ ဖြစ်သည်ဟု သိရသည်။