KIC News
ခရစ်ယာန်ဘုရားကျောင်းဝင်း စေတီတည်ခြင်းကိစ္စ ကရင်ဘာသာရေးခေါင်းဆောင်များ လက်တွဲဖြေရှင်းမည်
ဧပြီ ၇ ရက်၊၂၀၁၆ ခုနှစ်။ နန့်သွာဖောင်
ကရင်ပြည်နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းဝင်း၌ စေတီတည်ခြင်းကိစ္စအပေါ် ကရင်ဘာသာရေး ခေါင်းဆောင်များ လက်တွဲဖြေရှင်းသွားမည်ဟု ဧပြီ ၆ ရက်နေ့၊ ဖားအံမြို့၊ တော်ဝင်ရတနာ ဟိုတယ်၌ ပြုလုပ်သည့် ကရင်ဘာသာရေးခေါင်းဆောင်များနှင့် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီတို့ တွေ့ဆုံပွဲအပြီး ထုတ်ပြန်ချက်ရလဒ်တွင် ဖော်ပြထားသည်။
တွေ့ဆုံပွဲ...
ကရင်ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ရန်ကုန်နှစ်သစ်ကူး ဗဟိုကော်မတီမှ အထွေထွေအတွင်းရေးမှူး စောလှထွန်း ခန့်အပ်ခံရ
ဧပြီ ၇ ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာ ရန်ကုန်)၊ အထွေထွေအတွင်းရေးမှူး စောလှထွန်းကို ကရင်ပြည်နယ် စာရင်းစစ်အချုပ်အဖြစ် ယနေ့(ဧပြီ ၇ရက်နေ့) ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်နယ်လွှတ်တော် ၇ ရက်မြောက်နေ့အစည်းအဝေးတွင် အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။
စောလှထွန်းသည် မည်သည့် နိုင်ငံရေးပါတီမှ...
ဝင်းရော်ဒေသရှိ ကရင်စာပေ သင်ကြားသော ကျောင်းဆရာများကို ထောက်ပံ့ငွေတိုးပေးမည်ဟု ပြော
ဧပြီ ၇ရက်၊ ၂၀၁၆ခုနှစ်၊ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသရှိ အစိုးရကျောင်းများ၌ ကရင်တိုင်းရင်းသား စာပေ သင်ကြားသော ကျောင်းဆရာများကို လာမည့် စာသင်နှစ်တွင် ထောက်ပံ့ငွေများတိုးပေးမည်ဟု ဧပြီ ၂ရက်နေ့က တောင်ဒီးကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ကရင်နှင့် အစိုးရပညာရေးဋ္ဌာနတို့ ပညာရေးနှီးနှော ဖလှယ်ပွဲတွင် ဝင်းရေးမြို့နယ်...
ကရင့်ရေးရာ ကိစ္စရပ်များကို သကြင်္န်အပြီး စလုပ်မည်ဟု ဧရာဝတီရေးရာဝန်ကြီး ပြောဆို
ဧပြီ ၆ ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကရင်လူမျိုးသားဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်များ စသည့် ကရင့်ရေးရာကိစ္စရပ်များကို ယခုလ သကြင်္န်အပြီးတွင် စတင်လုပ်ဆောင်သွားမည်ဟု ယင်းတိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ဧပြီ ၆ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
သူမက “လောလောဆယ် ကျမစီမံကိန်းဆွဲထားတာက ကရင်လူမျိုးဘယ်လောက်ရှိလည်း...
ပြည်နယ်အတွင်း လိုင်စင်မဲ့ ယာဉ်များကို ယခင်ညွှန်ကြားချက်အတိုင်း ဆက်ဖမ်းမည်
ဧပြီ ၆ ရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း လိုင်စင်မဲ့ယာဉ်များကို ယခင်ပြည်နယ်အစိုးရ ညွှန်ကြားချက်အတိုင်း ဧပြီ လဆန်းပိုင်းမှစတင်ကာ ဒေသအာဏာပိုင်များက ဦးဆောင်၍ ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကရင်ပြည်နယ် ဖားအံခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်က ဧပြီ ၅ ရက်နေ့တွင်...
သင်ကြားပို့ချမှုတွင် ကျောင်းသားကို ဗဟိုပြုချဉ်းကပ်နိုင်ရန် ဝင်းရော်ဒေသရှိ ကျောင်းဆရာများကို သင်တန်းပေး
ဧပြီ ၆ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
မူလတန်းပြ ကျောင်းဆရာ/မများ၏ အရည်အသွေး မြင့်မားလာရန် ကလေးဗဟိုပြု ချဉ်းကပ်သင်ယူမှု မြို့နယ် အဆင့်သင်တန်းတစ်ရပ်ကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသရှိ ခလယ်-တံခွန်တိုင် တိုက်နယ် တံခွန်တိုင်အထက်တန်းကျောင်း၌ ဧပြီ ၄ရက်မှ ၈ရက်နေ့အထိ ပြုလုပ်ပေးလျှက်ရှိသည်။
သင်တန်းကြီးကြပ်ရေးမှူး ကော်မတီဥက္ကဌ ဆရာဦးမြင့်ထွန်းက “ကျောင်းတွေမှာ...
ဒုက္ခသည်နေရာပြန်လည်ချထားရေးအတွက် KNU က နေရာ ၃နေရာ စီစဉ်ထား
ဧပြီ ၆ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်က ၎င်းတို့ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် ကြာအင်း ဆိပ်ကြီးမြို့နယ်အတွင်းရှိ နေရာ ၃ခုကို ဒုက္ခသည်များနေရပ် ပြန်လည်အခြေချနေ ထိုင်နိုင်ရေးအတွက် နေရာချထားပေးရန် စီစဉ်ပေးထားကြောင်း ခရိုင်တာဝန်ရှိသူများက ပြောသည်။
ထိုသို့ ပြန်လည်နေရာချထားရေးအတွက် ၂၀၁၅ခုနှစ်၊ မေလ ၂၇ ရက်နေ့က...
ပြည်နယ် အစိုးရအဖွဲ့တွင် ပညာရှင် ၂ ဦးနှင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် တစ်ဦးပါဝင်လာ
ဧပြီ ၅ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ အမည်စာရင်းကို ဧပြီ ၅ ရက်နေ့၌ ပြုလုပ်သည့် ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ရာ ပြင်ပပညာရှင် ၂ ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် တစ်ဦးပါဝင်သည်ဟု ပြည်နယ်လွှတ်တော်အမတ်...
ကေအဲန်ယူ သထုံခရိုင်တွင် ပထမဆုံးအကြိမ် ပညာရေးဆိုင်ရာ ဆွေးနွေးဖလှယ်
ဧပြီ ၅ ရက်၊ ၂၀၁၆ ခုနှစ်။ စောခါးစူးညား
ဒေသတွင်း ပညာရေးမြင့်မားလာရေးအတွက် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ သထုံခရိုင် ပညာရေး ဌာနမှ ဦးစီး၍ ပထမဆုံးအကြိမ် ခရိုင်အဆင့် ပညာရေးဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲတစ်ခုကို ဘီးလင်းမြို့နယ် တာအူနီ(ဒေါဇံကြီး) ရွာ၌ ဧပြီလ ၄ရက်နေ့တွင် ကျင်းပခဲ့သည်။
ခရိုင်အတွင်းရှိ ပညာရေးဆိုင်ရာ...
ပြည်နယ် အစိုးရဝန်ထမ်းများ အဂတိလိုက်စားပါက ပြတ်ပြတ်သားသား အရေးယူမည်
ဧပြီ ၅ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ အစိုးရသစ်အဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားပါက ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဧပြီလ ၄ရက်နေ့က ပြုလုပ်သည့် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောဆိုလိုက်သည်။
ဝန်ကြီးချုပ်က “အဂတိကင်းစင်အောင် နေပါ။...














