Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲ‌ရေးနှင့် ပတ်သက်ပြီး SD အဖွဲ့တွင်ပါဝင်‌သော ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

“အားလုံးပါဝင်‌ရေးကို အစိုးရက လက်မခံနိုင်ဘူးဆိုရင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ပျက်သွားနိုင်တယ်” ဩဂုတ်လ ၂၁ရက်မှ ၂၄ရက်‌နေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များ အစည်းအ‌ဝေး သို့ တက်‌ရောက်ခဲ့သည့် ‌ခေါင်း‌ဆောင်အချို့ကို ‌တွေ့ဆုံ‌မေးမြန်းထားတာ ဖြစ်ပါတယ်။ ပဒို‌နော်စီဖိုးရာစိန် (ဒုဥက္ကဋ္ဌ၊ ‌ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး) အခု ဩဂုတ်လ ၂၁ရက်က‌နေ ၂၄ရက်‌နေ့အထိ...

တနသင်္ာရီတိုင်း ကရင်‌ရေးရာဝန်ကြီး ကြံ့ဖွံ့ပါတီမှ နုတ်ထွက်ကာ KPP ကိုယ်စားပြုအ‌ရွေးခံမည်

ဩဂုတ် ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း လက်ရှိ တနသင်္ာရီတိုင်း‌ဒေသကြီးကရင်‌ရေးရာဝန်ကြီး ‌စောဟားဗီသည် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ နုတ်ထွက် ကာ လာမည့် နိုဝင်ဘာ ၈ရက်၊ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ(KPP) ကိုယ်စားပြု အ‌ရွေးခံသွားမည်ဟု ယင်းဝန်ကြီးကိုယ် တိုင် ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။ ဝန်ကြီး‌စောဟားဗီအ‌နေဖြင့် ယခုလဆန်းပိုင်းအတွင်းက ကြံ့ဖွံ့ပါတီမှ...

အာရှလမ်းသစ်ဖွင့်ပွဲ အထူးဧည့်သည်‌တော်အဖြစ် (KNU) ဥက္ကဋ္ဌ တက်‌ရောက်မိန့်ခွန်း‌ပြောကြားမည်

ဩဂုတ် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ မြဝတီ-‌ကော့ကရိတ် အာရှလမ်းသစ်ဖွင့်ပွဲတွင် ထိုင်းနှင့် မြန်မာအစိုးရတာဝန်ရှိသူများက ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးကို အထူးဧည့်သည်‌တော်အဖြစ် ဖိတ်ကြားထားပြီး ဖွင့်ပွဲတွင် မိန့်ခွန်း‌ပြောကြားရန်ရှိသည်ဟု ထိုင်းဘက်မှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။ မြဝတီ၌ ယခုလ ဩဂုတ် ၃ဝရက်‌နေ့တွင် နှစ်နိုင်ငံပူးတွဲကျင်းပမည့် ‌ဒေါန‌တောင်ပတ် အာရှအ‌ဝေး‌ပြေး ကားလမ်းသစ်ဖွင့်ပွဲသို့...

ဘန်‌ကောက်‌ရောက် ကရင်လူငယ်အဖွဲ့များပဋိပက္ခ ပြန်လည်‌ပြေလည်ကာ လက်တွဲသွားရန် သံဓိဋ္ဌာန်ချ

ဩဂုတ် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့‌ပေါ်၌ အိတ်ခ်စ်သုံးလုံး(xxx)၊ နဖါး‌သောင့်(ဏု်ဖါ.သင့်)၊ ‌စောဘဦးနှင့် ခွါ့‌လောင်အဲ (ခွါ့လင်အဲ)စသည့် အမည်အမျိုးမျိုးဖြင့် ဂိုဏ်းဂဏဆန်စွာ ဖွဲ့စည်းထား‌သော ကရင်လူငယ်များသည် ၎င်းအချင်းချင်းကြား နှစ်နှင့်ချီ၍ ပဋိပက္ခဖြစ်ခဲ့ ကြရာမှ ယခု ‌ပြေလည်မှုရရှိသွားကြပြီး မိမိလူမျိုးအတွက် လက်တွဲလုပ်‌ဆောင်သွားကြရန် ဆုံးဖြတ်ကာ သံဓိဋ္ဌာန်များချခဲ့ကြ...

၂၀၁၅ ‌ရွေး‌ကောက်ပွဲအ‌ပေါ် ကရင်လူထုရဲ့ ရင်ဖွင့်သံ (၂)

မန်းဝင်း‌မောင် (တွဲဖက် အတွင်း‌ရေးမှူး-၁ ၊ ပန်းတ‌နော်မြို့နယ် စာ/ယဉ်‌ကော်မတီ) ကျ‌နော်တို့ပန်းတ‌နော်ဘက်မှာဆိုရင်‌တော့ ကြံ့ခိုင်‌ရေးပါတီ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)၊ တိုင်းရင်းသားစည်း လုံးညီညွတ်‌ရေးပါတီ(တစည)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်အမျိုးသားပါတီ(KNP)နဲ့ ‌တောင်သူလယ်သမားပါတီဆိုပြီး ပါတီ ၆ခုတို့က ဝင်ပြိုင်ကြဖို့ရှိ‌ပေမဲ့ ဘယ်သူဝင်ပြိုင်မလဲဆိုတာ‌တော့ မသိ‌သေးဘူး။ မဲ‌ပေးဖို့ကျ‌တော့ ကျ‌နော့်တစ်ဦးတည်း အယူအဆ အရဆိုရင် ပါတီမ‌ရွေးဘူး။ လူကို‌ရွေးမှာ။...

မြန်မာများ အလုပ်အကိုင် အခွင့်အလမ်းရရှိ‌စေမည့် မဲ‌ဆောက်အထူးစီးပွား‌ရေးဇုန်စီမံကိန်း စတင်‌နေပြီ

ဩဂုတ် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းမှတဆင့် ‌နေ့စဉ် မြန်မာအလုပ်သမားများ သိန်းချီ၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ‌စေမည့် မဲ‌ဆောက်ဗဟိုပြု အထူးစီးပွား‌ရေးဇုန်စီမံကိန်းတစ်ခုကို စတင် လုပ်‌ဆောင်‌နေပြီဖြစ်သည်ဟု ထိုင်း အစိုးရ၏လက်‌ထောက် တာ့ခ်ခရိုင်ဝန် နိုင်ဆွတာစိုင်ဝါနစ်က ယ‌နေ့ ဩဂုတ်လ ၂၆ရက်‌နေ့တွင် ‌ပြောဆိုလိုက်သည်။ အဆိုပါ...

အစိုးရစစ်သည်သုံးဦး KNU နယ်‌မြေအတွင်း မိုင်းနင်းမိ

ဩဂုတ် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဘိတ်-ထားဝယ်ခရိုင်နယ်‌မြေအတွင်း ဩဂုတ်လ ၂၅ရက်‌နေ့က တိုင်းမှူးလမ်း‌ကြောင်းအ တွက် လမ်းလုံခြုံ‌ရေးယူ‌နေသည့် အစိုးရတပ်မှ တပ်ခွဲတပ်ကြပ်ကြီးတစ်ဦးနှင့် စစ်သည်နှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိ သွား‌ကြောင်း နယ်စပ်မှလာ‌သော သတင်းများအရ သိရှိရသည်။ ဩဂုတ်လ ၂ဝရက်‌နေ့က ကမ်းရိုးတန်းစစ်ဌာနချုပ်(ကရခ)တိုင်းမှူး အသစ်အဖြစ် ‌ရောက်ရှိလာ‌သော...

‌ဒေါန‌တောင်ပတ် အာရှလမ်းသစ်ကို (ရတခ) တိုင်းမှူးအသစ် စစ်‌ဆေးမည်

ဩဂုတ် ၂၅ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းမှူးအသစ်ဖြစ်သည့် ဗိုလ်မှူးချုပ်မျိုးဝင်းသည် မြဝတီ - ‌ကော့ကရိတ်ကို ဆက်သွယ် ထားသည့် အာရှလမ်းသစ်ကို လုံခြုံ‌ရေးဆိုင်ရာအတွက် ဩဂုတ်လ ၂၆ရက်‌နေ့တွင် လာ‌ရောက်စစ်‌ဆေးမည်ဖြစ်သည်။ ယခုလဆန်းပိုင်းက ယခင်တိုင်းမှူးဖြစ်သည့် ဗိုလ်ချုပ်တင်‌မောင်ဝင်း‌နေရာတွင် အစားထိုး ဝင်‌ရောက်လာသည့် ဗိုလ်မှူးချုပ်မျိုးဝင်း သည် ဩဂုတ်လ ၃ဝရက်‌နေ့တွင် ဖွင့်လှစ်မည့်...

‌ကေအဲန်ယူ NCA လက်မှတ်ထိုးမည့်အ‌ပေါ် ကရင်ငြိမ်း‌ထောက်ပြုကွန်ရက်နှင့် နိုင်ငံတကာကရင်အဖွဲ့ စိုးရိမ်

ဩဂုတ် ၂၅ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ NCA လက်မှတ်‌ရေးထိုးမည့် ဆုံးဖြတ်ချက်အ‌ပေါ် စိုးရိမ်‌ကြောင်း ဩဂုတ်လ ၂၄ရက်‌နေ့ တွင် ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြု ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်-KPSN က ‌ကြေညာချက် ထုတ်ပြန်ခဲ့သ ကဲ့သို့ နိုင်ငံတကာကရင်အမျိုးသားအစည်းအ ရုံး-IKO ကလည်း KNU ဗဟိုအမြဲတမ်း‌ကော်မတီထံ...

တိုင်းပြည်အာဇာနည် နှင့် အမျိုးသားအာဇာနည် (၂)

ကချင်အမျိုးသမီး ရှယ်လီဆိုင်း ‌ပြောပြတဲ့ ကချင်အမျိုးသား အာဇာနည်‌နေ့အ‌ကြောင်း "ဘယ်လူမျိုးမဆို အာဇာနည်‌ခေါင်း‌ဆောင်ဆိုတာရှိရမယ်။ ကရင်မှာ အာဇာနည်‌ခေါင်း‌ဆောင် ‌စောဘဦးကြီးရှိသလို ‌ပေါ့။ ‌တော်လှန်‌ရေးအတွက် အသက်‌ပေးသွားကြတဲ့သူ‌တွေကို ဂုဏ်ပြုတဲ့အ‌နေနဲ့ အာဇာနည်‌နေ့ဆိုတာ ရှိသင့်တယ်ဆိုပြီး‌တော့ အန်တီ အရင်က တင်ပြခဲ့ဖူးတာရှိပါတယ်။ ‌နောက်‌တော့ KIO/KIA ကပဲ သူတို့‌ခေါင်း‌ဆောင်ကျဆုံးပြီးတဲ့‌နောက် ၂၀၀၁ခုနှစ်မှာ အာဇာနည်‌နေ့ဆိုတာ...
Donate