Home သတင်း မယ်‌တော်‌ဆေးခန်း၌ ပထမဦးဆုံးအကြိမ် စာ‌ပေ‌ဟော‌ပြောပွဲ ကျင်းပမည်

မယ်‌တော်‌ဆေးခန်း၌ ပထမဦးဆုံးအကြိမ် စာ‌ပေ‌ဟော‌ပြောပွဲ ကျင်းပမည်

3117

‌မေလ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

နာမည်ကြီးစာ‌ရေးဆရာ ‌ဒေါက်တာ ခင်‌မောင်ညို၊ ရန်ကုန်နာ‌ရေးကူညီမှုအသင်း၏-ဒုဥက္ကဌ စာ‌ရေး ဆရာမ ‌ဒေါ်သန်းမြင့်‌အောင်နှင့် ၈၈မျိုးဆက်‌ကျောင်းသားနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီတို့ပါဝင်သည့် ‘စာ‌ပေ အနုပညာနှင့် လူမှုဘဝအနာဂတ်’‌ခေါင်းစဉ်ဖြင့် ‌ဟော‌ပြောမည့် စာ‌ပေ‌ဟော‌ပြောပွဲတစ်ရပ်ကို လာမည့် ‌မေလ ၂၉ ရက်‌နေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့၊ မယ်‌တော်‌ဆေးခန်း၌ ပထမဆုံးအကြိမ် ပြုလုပ်မည်ဖြစ်သည်။

စာ‌ပေ‌ဟော‌ပြောပွဲကို မယ်‌တော်‌ဆေးခန်း ‌နေရာ‌ဟောင်းတွင် ကျင်းပမည်ဖြစ်ပြီး ယင်း‌ဟော‌ပြောပွဲအတွက် ဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင်များဖြစ်သည့် ဆရာ‌စောမု‌နေ၊ ဆရာမန်း‌ရွှေနှင်း၊ ဆရာဂါမဏိ၊ ဆရာစိုး‌နေလင်းနှင့် ဆရာ‌နေမျိုး‌အေး(ရဲ‌ခေါင်မင်း‌မောင်) စသည့် ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်(၅)ဦးတို့မှ စီစဉ်‌ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် ဆရာမန်း‌ရွှေနှင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီနယ်စပ်မှာရှိတဲ့ ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေ၊ ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသား‌တွေကို စာဖတ် အား‌တွေ‌ကောင်းလာ‌အောင် စာ‌ပေ‌လေ့လာမှုနှုန်း‌တွေပိုပြီး‌တော့ ‌ကောင်းမွန်လာဖို့ရယ်၊ ‌နောက်ပြီး လူမှုပတ်ဝန်း ကျင်ထဲမှာလည်းပဲ အများအကျိုး‌ဆောင်တာပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံသားအချင်းချင်း အပြန်အလှန်‌လေးစားပြီး ရိုင်းပင်းကူညီမှု‌တွေပိုရရှိလာ‌အောင်ဆိုပြီး စာ‌ပေအနုပညာနဲ့လူမှုဘဝအနာဂတ် ‌ခေါင်းစဉ်ကို‌ရွေချယ်ပြီး လုပ်ဖြစ်တာပါ”ဟု ‌ပြောသည်။

ည‌နေ ၄နာရီအချိန်တွင် စတင်ကျင်းပမည့် အဆိုပါ စာ‌ပေ‌ဟော‌ပြောပွဲသို့ ထိုင်း-မြန်မာနယ်စပ်‌ဒေသအတွင်းရှိ လူမှုအဖွဲ့အစည်းများအပါအဝင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၊ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသား၊ ‌ကျောင်းသူများအားလုံးတက်‌ရောက်နိုင်ရန် ဖိတ်ကြားစီစဉ်ထားပြီးဖြစ်သည်ဟု ပွဲစီစဉ်သူများက ‌ပြောသည်။

မဲ‌ဆောက်မြို့ရှိ ကျူရှင်ပြဆရာမ ‌နော်မီးမီးက “ဒီလိုစာ‌ပေ‌ဟော‌ပြောပွဲ‌တွေလုပ်တာက ဒီမှာရှိတဲ့သူ‌တွေကို ပညာ ‌ရေး‌တွေ ဗဟုသုတ‌တွေက သူတို့နဲ့အနီးစပ်ဆုံးမှာ ရှိသွားမယ်။ ဒီကလူ‌တွေက အလုပ်တအားပင်ပန်းကြ‌တော့ ဒီလိုစာ‌ပေ‌တွေ‌ဟောပြ‌ပြောပြခြင်းဖြင့် သူတို့အတွက် တွန်းအား‌တွေ ဖြစ်‌စေမယ်။ ဒီက ‌ရွှေ့‌ပြောင်း‌ကျောင်းသား ‌တွေအတွက်ကလည်း ထူးထူးဆန်းဆန်းဖြစ်‌စေမှာပဲ။ တစ်ခါမှမထိ‌တွေ့ ဖူးဘူးဆို‌တော့‌လေ။ သူတို့‌လေး‌တွေ အတွက် အားကျအ‌လေးထားစရာ တစ်ခုဖြစ်လာမယ်လို့ ကျမမြင်မိတယ်”ဟု ‌ပြောသည်။

အလားတူ စာ‌ပေ‌ဟော‌ပြောပွဲမျိုးများကို လာမည့်နှစ်များတွင်လည်း တစ်နှစ်တစ်ကြိမ်အားဖြင့်‌သော် လည်း‌ကောင်း၊ နှစ်ကြိမ်အားဖြင့်‌သော်လည်း‌ကောင်း ဆက်လက်ကျင်းပသွားနိုင်ရန် ကြိုးစားလုပ်‌ဆောင် သွားမည်ဟုလည်း ဆရာမန်း‌ရွှေနှင်းက ‌ပြောသည်။

စာ‌ပေ‌ဟော‌ပြောပွဲ မတိုင်ခင်တစ်ရက်အလို ‌မေလ ၂၈ရက်‌နေ့တွင် တည်‌ဆောက်မှု အားလုံးနီးပါး ပြီးစီးခဲ့ပြီ ဖြစ်‌သော မယ်‌တော်‌ဆေးခန်းအ‌ဆောင်သစ်ဖွင့်ပွဲကို ကျင်းပသွားရန်ရှိသည်ဟုလည်း မယ်‌တော်‌ဆေးခန်း၏ ‌ဆေးခန်း‌ဆောင်သစ်ဖိတ်ကြားစာအရ သိရသည်။