KIC News
အနောက်ပိုးကရင်စာ မသင်ဖူးသေးသည့် ရွာ ၅ဝ ဖော်ထုတ်သင်ပေးရန် စီစဉ်နေ
ဇန်နဝါရီ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ဧရာဝတီတိုင်း၊ မြို့နယ် ၂၆ မြို့နယ်အတွင်းရှိ အနောက်ပိုးကရင်စာ မသင်ဖူးသေးသည့် စံပြကျေးရွာ (၅၀)ကို ဖော်ထုတ်ကာ ယခုနှစ်၊ နွေရာသီ၌ ယင်းစာသင်ကြားပေးနိုင်ရန် စီစဉ်နေသည်ဟု အနောက်ပိုးကရင်စာပေ လူငယ်များအဖွဲ့မှ တာဝန်ရှိသူ စခွါခွါက ဇန်နဝါရီ ၂၅ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
“ကျနော်တို့အနေနဲ့...
ဆရာလေး ဒေါ်သုနန္ဒာထံ ခြောက်ရက်အတွင်း လူတစ်သောင်းကျော် လာရောက်ကုသမှုခံယူဟု ဆို
ဇန်နဝါရီ ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ တရုတ်လှကျေးရွာရှိ ဓမ္မဝိဟာရ တောရကျောင်း၌ သာသနာပြုအဖြစ် လာရောက်သီတင်းသုံးနေသည့် ဆရာလေး ဒေါ်သုနန္ဒာမှ ၇ ရက်သားသမီးများကို သစ္စာအဓိဌာန်ရေစင်ဖြင့် ကုသပေးနေရာ ဇန်နဝါရီ ၁၉ မှ ၂၅ရက်နေ့အထိ လူတစ်သောင်းကျော် ကုသမှုလာရောက်ခံယူနေသည်ဟု...
အစိုးရစစ်တပ်၏ ဝေါ်လေဒေသ ကားလမ်းဟောင်း ပြုပြင်ဖောက်လုပ်မှု နယ်ခံ KNLA မလိုလား
ဇန်နဝါရီ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) အခြေစိုက်ရာ ဝေါ်လေဒေသအတွင်းတွင် မြန်မာအစိုးရ စစ်တပ်များက ဝေါ်လေ-မောဖိုးကလိုး ကားလမ်းဟောင်းကို ယခင်လ ဒီဇင်ဘာမှစ၍ ပြုပြင်ဖောက်လုပ်လျှက်ရှိပြီး ယင်းလမ်းဖောက်လုပ်မှုကို မလိုလားကြောင်း နယ်ခံ KNLA က ယနေ့...
တော်လှန်ရေးနှစ်(၅၀)ပြည့် အမှုထမ်းခဲ့သူများကို ၆၇နှစ်မြောက် ကရင်တော်လှန်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်
ဇန်နဝါရီ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ ဖားအံခရိုင်၊ KNLA တပ်မဟာ(၇)ဌာနချုပ် စစ်ရေးပြကွင်း၌ ဇန်နဝါရီ လ ၃၁ရက်နေ့တွင် ကျင်းပမည့် (၆၇)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့တွင် တော်လှန်ရေးသက်တမ်းနှစ်(၅၀)ပြည့် အမှုထမ်းခဲ့သူများကို ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
အဆိုပါကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကေအဲန်ယူ(ဗဟို)၊ KNLA...
ကလေးခိုး၊ ကလေးပျောက်သတင်း ကောလဟလသာဖြစ်ကြောင်း ကော့ကရိတ်ရဲတပ်ဖွဲ့ ရှင်းလင်းပြောဆို
ဇန်နဝါရီ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကလေးငယ်တစ်ဦး ခိုးယူခံရသည်ဟု သတင်းထွက်ပေါ်နေမှုများကို စစ်ဆေးမေးမြန်း အတည်ပြုချက်များအရ ခိုင်လုံတိကျမှုမရှိသည့်အတွက် ကောလဟလသတင်းများသာဖြစ်ကြောင်း ကော့ကရိတ်မြို့ရှိ နယ်မြေခံ ရဲအာဏာပိုင်က ပြောဆိုလိုက်သည်။
ဇန်နဝါရီ ၂ဝရက်နေ့ ညနေ ၈နာရီဝန်းကျင်ခန့်က ကော့ကရိတ်မြို့ အမှတ် ၇ရပ်ကွက်တွင် ကလေးငယ်တစ်ဦး...
နှမ်းဈေး ကျဆင်းမှုကြောင့် ဝင်းရော်ဒေသ နှမ်းစိုက်တောင်သူများ အရှုံးပေါ်
ဇန်နဝါရီ ၂၂ရက်။ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၌ ယခုနှစ် နှမ်းစိုက်ရာသီအတွင်း နှမ်းစိုက်တောင်သူ များပြားလာသော်လည်း ဇန်နဝါရီ လ၊ ဒုတိယပတ်မှစ၍ နှမ်းဈေးနှုန်း ကျဆင်းမှုကြောင့် ဒေသခံ နှမ်းစိုက်တောင်သူများအတွက် အရှုံးပေါ်လျှက်ရှိသည်ဟု ပြောဆို ကြသည်။
နှမ်းဈေးကျဆင်းလျှက်ရှိသည့် ဝင်းရော်ဒေသအတွင်း၌ အရည်အသွေးကောင်းမွန်သော ဒေသအခေါ် တောင်ယာနှမ်း ၁တင်း...
အစိုးရသစ်နဲ့သာ ဆွေးနွေးဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်
မောင်ကျော်စွာ
(၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၂၂ရက်)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၁၂ - ၁၆ ဇန်နဝါရီ) ဖွင့်ပွဲနေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောတဲ့ နှုတ်ခွန်းဆက်စကားထဲမှာ ပါတဲ့ အချက်အလက်တွေကို သတိပြုမိပါတယ်။
ပထမဆုံး သတိပြုမိတဲ့အချက်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလိုပြင်ဆင်ပြီးမှသာ အမျိုးသားပြန်လည်ရင်ကြား စေ့ရေး ရရှိမယ်ဆိုတာနဲ့...
ဧရာဝတီတိုင်းဒေသကြီးအဆင့် ကရင် စာ/ယဉ်ကော်မတီ စတင်ဖွဲ့စည်း
ဇန်နဝါရီ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အများစု ပါဝင်သည့် တိုင်းဒေသကြီးအဆင့် ကရင်စာပေနှင့် ယဉ်ကျေးမှုကော် မတီကို ဇန်နဝါရီလ ၂ဝရက်နေ့က စတင် ဖွဲ့စည်းလိုက်သည်။
ပုသိမ်မြို့၊ အထက(၆) Social Centre တွင် ပြုလုပ်သော ခရိုင်(၆)ခုနှင့် မြို့နယ် (၂၀)မှ ကရင်...
မြဝတီမြို့ မိုတယ်ပိုင်ရှင်ထံမှ မူးယစ်ဆေးပြား ၁၇၀၀ကျော် ဖမ်းဆီးရမိ
ဇန်နဝါရီ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရပ်ကွက်(၃) ဗန္ဓုလလမ်းရှိ အဲဗားဂရင်း (Ever Green Motel) အမည်ရှိ မိုတယ် (တည်းခိုခန်း)တစ် ခု၌ ဇန်နဝါရီလ ၂ဝရက်နေ့က မိုတယ်ပိုင်ရှင်နှင့် မန်နေဂျာနှစ်ဦးတို့ထံမှ မူးယစ်ဆေးပြား စုစုပေါင်း ၁၇၀၂ပြား...
နဂါးမောက်ဒေသခံများ မြေယာနစ်နာကြေးရရှိရန် ကုမ္ပဏီထံ အချက် ၇ချက် တောင်းဆို
ဇန်နဝါရီ ၂၁ရက်၊၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စုအတွင်း ကောင်းမြန်မာအောင်ကုမ္ပဏီက ကျွန်းပင်များစိုက်ရာ၌ လယ်ယာမြေသိမ်းဆည်းမှု ရှိခဲ့သည့်အပေါ် နစ်နာကြေး အပြည့်အဝ ရရှိရန် ဒေသခံများက ယင်းကုမ္ပဏီထံ အချက် ၇ချက် တောင်းဆိုလိုက်သည်ဟု ဒေသခံများက ဇန်နဝါရီ ၂ဝရက်နေ့က ပြောဆိုသည်။
အဆိုပါ တောင်းဆိုချက်များအပေါ် ကုမ္ပဏီဘက်မှ လိုက်လျောခြင်းရှိမရှိကို...















