KIC News
အုပ်ချုပ်ရေးနှင့် လူမှုရေးဆိုင်ရာများကို အစိုးရသစ်နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး KNU အဖွဲ့အတွင်း ဆွေးနွေး
မတ်လ ၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုုံး-KNU အနေဖြင့် ၎င်းတို့၏အုပ်ချုပ်ရေးနှင့် လူမှုရေးဆိုင်ရာကဏ္ဍများတွင် အစိုးရသစ်နှင့်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီဝင်များက မတ်လ ၇ ရက်မှ ၈ ရက်နေ့အထိ KNU ဖားအံခရုိုင်အတွင်းရှိ သေဘေထစခန်းတွင် တွေ့ဆုုံဆွေးနွေးမှုတစ်ရပ် ပြုလုုပ်ခဲ့သည်။
ယင်းတွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်ပြီး KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ဒီကိစ္စတွေအပေါ်...
ကော့ကရိတ်မြို့တွင် သန်းခေါင်စာရင်း အချက်အလက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
မတ် ၉ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်ရှိ သန်းခေါင်စာရင်းကောက်ယူထားသည့် အချက်အလက်စာရင်းများကို ဌာနဆိုင်ရာများနှင့် အရပ်ဖက်အဖွဲ့အစည်းများသို့ မျှဝေအသိပေးရန် ရည်ရွယ်၍ ကော့ကရိတ်မြို့ ခန်းမဆောင်တွင် မတ် ၉ ရက်မှ ၁၁ ရက်နေ့အထိ သန်းခေါင်စာရင်း အချက်အလက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပလျှက်ရှိသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးစန်းဝေက...
တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုု ယခင်နှစ်လို အောင်ချက်ကောင်းရန် ဝင်းရော်ဒေသမှ ကျောင်းတာဝန်ရှိသူများ မျှော်မှန်းထား
မတ် ၉ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ယနေ့ မတ်လ ၉ ရက်နေ့တွင် စတင်သည့် ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုနေကြသည့် ဝင်းရော်ဒေသမှ ကျောင်းသူကျောင်းသားများအနေဖြင့် ယခင်နှစ်ကဲ့သို့ အောင်ချက်ကောင်းရန် မျှော်မှန်းထားကြောင်း သက်ဆိုင်ရာကျောင်းအသီးသီးမှ တာဝန်ရှိသူများက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် ခလယ်-တံခွန်တိုင် အထက်တန်းကျောင်း စာစစ်ဌာန၌...
မယ်လဒုုက္ခသည်များ ပါဝင်သည့် လိုင်းကားတစီး တိမ်းမှောက်၍ ၁ဦးသေ၊ ၂ဝ ကျော်ဒဏ်ရာရ
မတ် ၉ ရက်၊ ၂၀၁၆ခုုနှစ်။ စောသိန်းမြင့်
ထုိုင်း-မြန်မာနယ်စပ် တာ့ခ်ခရုိုင်၊ ထာ့ဆောင်ယန်းမြို့ရှိ မယ်လဒုုက္ခသည်စခန်းအနီး အဝေးပြေး လမ်းကြီးပေါ်တွင် မတ် ၈ရက်နေ့၊ နံနက် ၁ဝနာရီခန့်က ဒုုက္ခသည်များအပါအဝင် ခရီးသည် ၃၂ဦး စီးနင်းလုိုက်ပါသည့် လုိုင်းကားတစီးတိမ်းမှောက်မှုဖြစ်ပွား၍ ခရီးသည် ၁ဦးသေဆုုံးပြီး ၂၀ကျော် ထိခုိုက်ဒဏ်ရာရရှိခဲ့သည်ဟုု သိရသည်။...
ချမှတ်လုပ်ဆောင်ခဲ့သော သစ်တောမူဝါဒများကို KNU သစ်တောဌာန ပြန်လည်သုံးသပ်ဖြည့်စွက်
မတ် ၈ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုုံး-KNU လက်အောက်ခံ ဗဟိုသစ်တောရေးရာဌာနက ၎င်းတို့၏ချမှတ်ခဲ့သည့် မူဝါဒနှင့် လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ်သုံးသပ်ကာ လိုအပ်သည့် မူဝါဒများကို ပြင်ဆင်ဖြည့်စွက် သည့် ဆွေးနွေးပွဲတရပ်ကိုု မတ် ၈ ရက်မှ ၉ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ပြုလုပ်လျှက်ရှိသည်။
KNU ဗဟို သစ်တောရေးရာဌာန...
ကရင်လိုက်ခွေါင်ကော်စာပေ အသစ်တစ်မျိုးကို မိတ်ဆက်ပွဲ ပြုလုပ်
မတ် ၈ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသား ဘာသာစကားအားလုံး အသံထွက်နိုင်သည့် လိုက်ခွေါင်ကော်စာ ပိဋကတ်စာပေ အမည်ရှိ စာပေအသစ်တစ်မျိုးကို လိုက်ခွေါင်ကော်စာ ပိဋကတ်စာပေပြန့်ပွားတိုးတက်ရေးသမဂ္ဂက ကရင်ပြည်နယ် ဖားအံမြို့နယ် ရွှေလှှိုင်တိုက်ကျောင်း၌ မတ်လ ၈ရက်နေ့တွင် စတင်မိတ်ဆက်ပွဲ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည်။
လိုက်ခွေါင်ကော်စာ ပိဋကတ်စာပေပြန့်ပွားတိုးတက်ရေးသမဂ္ဂမှ အကြံပေးတာဝန်ခံ စောမောင်ကြီးက “ဒီစာပေ...
KNU ထိန်းချုပ်နယ်မြေနှင့် နယ်စပ်ဒုုက္ခသည်စခန်းတုို့တွင် နုိုင်ငံတကာအမျိုးသမီးများနေ့ ကျင်းပ
မတ် ၈ရက်၊ ၂၀၁၆ခုုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသမီးအစည်းအရုုံး KWOက ဦးဆောင်ပြီး မတ်လ (၈)ရက်နေ့တွင် ကျရောက်သည့် ၂၀၁၆ ခုုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကရင်အမျိုးသားအစည်းအရုုံး-KNU ထိန်းချုပ် နယ်မြေနှင့် ထုိုင်း-မြန်မာနယ်စပ်ရှိ ဒုုက္ခသည်စခန်းအချို့တွင် ကျင်းပခဲ့ကြသည်။
နုိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အတွက် KNU ထိန်းချုပ်နယ်မြေများဖြစ်ကြသည့်...
ငြိမ်းချမ်းရေး ဖြစ်စဉ်၌ စစ်မှန်သည့် တန်းတူညီမျှမှု ဖော်ဆောင်ပေးရန် ကရင်အမျိုးသမီးအစည်းအရုုံး တောင်းဆို
မတ် ၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တုို့အကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ စစ်မှန်သည့် တန်းတူညီမျှမှုကို အကောင်အထည်ဖော်ပေးရန် ကရင်အမျိုးသမီးအစည်းအရုုံး-KWO က ယခုနှစ် မတ်လ ၈ရက်နေ့၌ ကျရောက်မည့် နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် ထုတ်ပြန်ကြေညာချက်တွင် တောင်းဆိုလိုက်သည်။
KWO အတွင်းရေးမှူး နော်ကညောဖောက...
ဧရာဝတီတိုင်း ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပပြီးစီး
မတ် ၇ ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာဖောင်
ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ပထမဆုံးအကြိမ်အစည်းအဝေးကို ပုသိမ်မြို့၊ မင်းကြီးလမ်း၊ အထက (၆) အနီးရှိ၊ ဂရုဏာမြန်မာဖောင်ဒေးရှင်းရုံးခန်းမ၌ မတ် ၅ ရက်နေ့တွင် ပြုလုပ်ကျင်းပ ပြီးစီးသွားပြီးဖြစ်သည်။
အစည်းအဝေးအပေါ် တိုင်းစာယဉ်ဥက္ကဌ စောဖရန်စစ်ခိုင်က “အစည်းအဝေးပြုလုပ်ရတဲ့...
ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ရန် ဂျပန်နီပွန်ဖောင်ဒေးရှင်းနှင့် ကရင်လက်နက်ကိုင်အဖွဲ့များ သဘောတူ
မတ် ၄ ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများ ပြန်လည်အခြေချရေးအတွက် ပြန်လည်ထူထောင်ရေး စီမံကိန်းလုပ်ငန်းစဉ်(၁)ကို ပထမအကြိမ်ဖြင့် လုပ်သွားရန် နီပွန်ဖောဒေးရှင်းနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ မတ်လ ၂ရက်နေ့က ဖားအံမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် စီမံကိန်းဖော်ဆောင်မှုညှိနှိုင်း အစည်းအဝေးတွင် လက်ခံသဘောတူခဲ့ကြောင်း သိရသည်။
စီမံကိန်းလုပ်ငန်းဖော်ဆောင်မှုညှိနှိုင်းအစည်းဝေးတွင် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့်...















