Home ဆောင်းပါး ကရင်ပြည်နယ်‌နေ့ ဖြစ်‌ပေါ်လာပုံ

ကရင်ပြည်နယ်‌နေ့ ဖြစ်‌ပေါ်လာပုံ

6532

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်တွင် ကရင်ပြည်နယ်ကို ပြည်နယ်တစ်ခုအဖြစ်သို့ ဖွဲ့စည်းထူ‌ထောင်သည့် သမိုင်းဖြစ်စဉ်မှာ မြန်မာနိုင်ငံ လွတ်လပ်‌ရေးရပြီး‌နောက် ပြည်နယ်/တိုင်းများ ဖွဲ့စည်းထူ‌ထောင်ရာတွင် ကရင်လူမျိုးများ ‌နေထိုင်‌သော‌ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ပါလီမန်တွင် ထည့်သွင်းစဉ်းစားလာကြသည်။ ၁၉၅၁ခုနှစ်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင် ချက် (၁၉၅၁ခုနှစ်၊ အက်ဥပ‌ဒေ ၆၂)အရ သံလွင်ခရိုင်၊ ဖာပွန်‌ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။

၁၉၅၂ခုနှစ် စက်တင်ဘာလ ၂၅ရက်‌နေ့တွင် နိုင်ငံ‌တော်သမ္မတက ၁၉၅၂ခုနှစ်၊ ကရင်ပြည်နယ် တိုးချဲ့သတ်မှတ်‌ရေး အက်ဥပ‌ဒေ ၁၉၅၂ခုနှစ် အက်ဥပ‌ဒေ (၁၄)ဖြင့် သံလွင်ခရိုင်နှင့် ဆက်စပ်‌ဒေသဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဖားအံ မြို့နယ်နှင့် သံ‌တောင်မြို့နယ်များကို ကရင်ပြည်နယ်အဖြစ် ဒုတိယအဆင့်အားဖြင့် တိုးချဲ့သတ်မှတ် ‌ကြေငြာပြဋ္ဌာန်းခဲ့ပါသည်။
၁၉၅၂ခုနှစ် ကရင်ပြည်နယ် တိုးချဲ့သတ်မှတ်‌ရေး အက်ဥပ‌ဒေ(၁၉၅၂-အက်ဥပ‌ဒေအမှတ် (၁၄)အရ ကရင်ပြည်နယ် အာဏာလွှဲ ‌ပြောင်းရရှိမည့်အချိန်မှာ နိုင်ငံ‌တော်သမ္မတက အမိန့်‌ကြေညာစာ ထုတ်ပြန်၍ သတ်မှတ်သည့်‌နေရာတွင် စတင် အာဏာတည်ရ မည်ဟု ပါရှိသည်။

၁၉၅၄ခုနှစ်၊ ဇွန်လ ၅ရက်‌နေ့တွင် သထုံခရိုင်မှ ဖားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်၊ ‌တောင်ငူခရိုင်မှ သံ‌တောင်မြို့နယ်တို့အား အာဏာလွှဲ‌ပြောင်း‌ပေးအပ်ခဲ့ပါသည်။ ၁၉၅၅ခုနှစ်၊ ဇူလိုင်လ (၁)ရက်‌နေ့တွင် ကျိုက္ခမီခရိုင်၊ ‌ကော့ကရိတ်မြို့နယ်နှင့် ကြာအင်း ဆိပ်ကြီးမြို့နယ်တို့အား အာဏာလွှဲ‌ပြောင်း‌ပေးအပ်ခဲ့သည်။ ၁၉၆ဝပြည့်နှစ်၊ မတ်လ (၁)ရက်‌နေ့တွင် မြဝတီအား သီးခြားမြို့နယ် တစ်ခုအဖြစ် သတ်မှတ်ပြီး ကရင်ပြည်နယ်တွင် လှိုင်းဘွဲမြို့နယ်၊ ဖားအံမြို့နယ်၊ သံ‌တောင်မြို့နယ်၊ ဖာပွန်မြို့နယ်၊ ‌ကော့ကရိတ် မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မြဝတီမြို့နယ်ဟူ၍ မြို့နယ်‌ပေါင်း (၇)မြို့နယ် ရှိလာခဲ့သည်။

၁၉၅၄ခုနှစ်၊ ဇွန်လ (၁)ရက်‌နေ့တွင် နိုင်ငံ‌တော် သမ္မတကြီးကိုယ်တိုင် နိုင်ငံ‌တော်သမ္မတအိမ်‌တော်၌ ကရင်ပြည်နယ် အာဏာလွှဲ ‌ပြောင်း‌ရေး အခမ်းအနားတစ်ရပ် ကျင်းပခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ ဖားအံနယ်၊ လှိုင်းဘွဲမြို့နယ်၊ သံ‌တောင်မြို့နယ်များ ကို စတင်၍အုပ်ချုပ်ရန် အာဏာလွှဲ‌ပြောင်းခဲ့ပါသည်။ ထို‌နေ့ ထိုအချိန်မှစ၍ ပြည်‌ထောင်စုကြီးအတွင်းဝယ် ကရင်ပြည်နယ် စတင် ‌ပေါ်ထွန်းလာခဲ့သည်။

ကရင်ပြည်နယ်၏ (၁)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အခမ်းအနားကို ၁၉၅၅ခုနှစ်၊ ဇွန်လ (၁)ရက်‌နေ့တွင် ကျင်းပခဲ့ပါသည်။ ကရင်ပြည်နယ်‌နေ့ ကျင်းပ‌သော ဇွန်လသည် မိုးရွာသွန်း‌နေ‌သောလဖြစ်၍ ပြည်နယ်‌နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် အခက်အခဲများရှိခဲ့ပါသည်။ သို့ဖြစ်၍ ကရင်ပြည်နယ်‌နေ့ကို မည်သည့်လ၊ မည်သည့်‌နေ့ရက်တွင် ကျင်းပသင့်‌ကြောင်း ညှိနှှိုင်းခဲ့ကြပါသည်။

ပြည်‌ထောင်စု၏ တစ်ပွင့်‌သောကြယ်အဖြစ် တည်ရှိလာ‌သော ကရင်ပြည်နယ်သည် ပြည်နယ်‌နေ့အထိမ်းအမှတ်‌နေ့ကို သတ်မှတ် ရန် ညှိနှှိုင်းရာတွင် အ‌ခြေခံ (၃)ရပ် ‌ရွေးချယ်ရန် သ‌ဘောတူကြသည်။ ယင်းအ‌ခြေခံ(၃)ရပ်မှာ
၁။ ပထမဦးစွာ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ရန် ဖွဲ့စည်းပုံအ‌ခြေခံပြင်ဆင်ချက် အက်ဥပ‌ဒေကို နိုင်ငံ‌တော် သမ္မတက လက်မှတ်‌ရေးထိုး‌သော ၁၉၅၁ခုနှစ်၊ နိုဝင်ဘာလ ၇ရက်‌နေ့
၂။ ဒုတိယအကြိမ် ဖားအံမြို့နယ်၊ လှှိုင်းဘွဲမြို့နယ်နှင့် သံ‌တောင်မြို့နယ်များကို အုပ်ချုပ်မှုအာဏာလွှဲ‌ပြောင်း‌ပေး‌သော ၁၉၅၄ခု နှစ် ဇွန်လ(၁)ရက်‌နေ့
၃။ တတိယအကြိမ် ‌ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အား အုပ်ချုပ်မှုအာဏာ လွှဲ‌ပြောင်း‌ပေး‌သော ၁၉၅၅ခုနှစ်၊ ဇူလိုင်လ (၁)ရက်‌နေ့

အထက်ပါအ‌ခြေခံ (၃)ရပ်ကိုမူတည်ပြီး ‌ရွေးချယ်ရာတွင် နိုဝင်ဘာ (၇)ရက်‌နေ့သည် ကရင်ပြည်နယ်‌နေ့ ဖြစ်‌ပေါ်လာရန် နိုင်ငံ ‌တော်သမ္မတက လက်မှတ်‌ရေးထိုးပြီး သတ်မှတ်လိုက်သည့် မူလပထမ သုတိမဂင်္လာအဖြာဖြာနှင့် ပြည့်စုံ‌သော‌နေ့ဖြစ်ခြင်း၊ ကရင် ပြည်နယ်ကို ‌မွေးဖွားသန့်စင်‌သော‌နေ့ဖြစ်ခြင်းနှင့် ရာသီချိန်ခါအရ ‌ဆောင်းဦးကာလ သာယာ‌သော အချိန်အခါသမယဖြစ်ခြင်းတို့ ‌ကြောင့် ၁၉၅၆ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ (၂၅)ရက်‌နေ့တွင်ကျင်းပ‌သော စုဒ္ဒဿမ(၁၄)ကြိမ်‌မြောက် ကရင်ပြည်နယ် ‌ကောင်စီညီလာခံ တွင် နိုဝင်ဘာလ (၇)ရက်‌နေ့ကို ကရင်ပြည်နယ်‌နေ့အဖြစ် သတ်မှတ်ခဲ့‌လေသည်။ နိုဝင်ဘာ(၇) ရက်‌နေ့သည် ကရင်ပြည်နယ် သမိုင်းတွင် ထင်ရှားသည့် ကရင်ပြည်နယ်‌နေ့ ဖြစ်လာခဲ့ပါသည်။

ပထမအကြိမ် ကရင်ပြည်နယ်‌နေ့ကို ၁၉၅၅ခုနှစ်တွင် စတင်ကျင်းပခဲ့ပါသည်။
ကရင်ပြည်နယ်‌ကောင်စီသည် ကရင်ပြည်နယ်ကို ၁၉၅၄ခုနှစ် ဇွန်လ ၁ရက်‌နေ့မှ ၁၉၆၂ခုနှစ်၊ မတ်လ (၁)ရက်‌နေ့အထိ အုပ်ချုပ် ခဲ့သည်။ ၁၉၆၂ခုနှစ် မတ်လ (၂)ရက်‌နေ့တွင် ‌တော်လှန်‌ရေး‌ကောင်စီတက်လာသည့်အခါ ကရင်ပြည်နယ်‌ကောင်စီကို ဖျက်သိမ်း ၍ ကရင်ပြည်နယ် ဦးစီးအဖွဲ့ကို ဖွဲ့စည်းတာဝန်‌ပေးအပ်ခဲ့သည်။

၁၉၆၃ခုနှစ်တွင် ‌တော်လှန်‌ရေး‌ကောင်စီက ပြည်တွင်းငြိမ်းချမ်း‌ရေး ဖိတ်‌ခေါ်‌ဆွေး‌နွေးချက်အရ မုဆိုး‌ကော်ကဆာ ‌စောဟန်တာ သာ‌မွှေး ‌ခေါင်း‌ဆောင်‌သော ကရင်‌တော်လှန်‌ရေး‌ကောင်စီသည် ငြိမ်းချမ်း‌ရေးဖိတ်‌ခေါ်ချက်ကို လက်ခံပူး‌ပေါင်းခဲ့သည်။ ၁၉၆၄ခုနှစ်၊ မတ်လ (၁၂)ရက်‌နေ့ ‌တော်လှန်‌ရေး‌ကောင်စီနှင့် ကရင်‌တော်လှန်‌ရေး‌ကောင်စီတို့၏ သ‌ဘောတူညီချက်အပိုဒ် ၃(က)နှင့် ၁၉၆၄ခုနှစ်၊ ဧပြီလ (၃)ရက် ‌နေ့စွဲပါ ‌တော်လှန်‌ရေး‌ကောင်စီ‌ကြေညာချက်အမှတ် (၅၁)တို့အရ ကရင်ပြည်နယ်ကို ‌ကော်သူး‌လေပြည်နယ်ဟု ‌ပြောင်းလဲ‌ခေါ်‌ဝေါ်ခဲ့ပါသည်။

ဖွဲ့စည်းပုံ အ‌ခြေခံပြဋ္ဌာန်း‌ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ပြည်သူတို့၏ (၉၁.၁၉) ရာခိုင်နှုန်းက ‌ထောက်ခံချက်ဖြင့် ၁၉၇၄ခုနှစ်၊ ဇန်နဝါရီလ ၃ရက်‌နေ့တွင် အတည်ပြု ပြဋ္ဌာန်းလိုက်‌သော နိုင်ငံ‌တော် ဖွဲ့စည်းအုပ်ချုပ်ပုံအ‌ခြေခံဥပ‌ဒေအရ ‘‌ကော်သူး ‌လေပြည်နယ်’မှ ‘ကရင်ပြည်’ဟု ပြန်လည် အမည်တွင်လာခဲ့သည်။

ကရင်ပြည်နယ် သတင်းစဉ်(၁.၄.၁၉၈၆)၊ အတွဲ(၂၅)၊ အမှတ်(၁)မှ ‌ရေးသားပြုစုချက်ကို ကူးယူ‌ဖော်ပြပါသည်။